မြန်မာ – တရုတ် ချစ်ကြည်ရေးအသင်းက နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန၊ သမဝါယမနှင့်ကျေးလက်ဖွံဖြိုးရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးတိုရှိ သဘာဝဘေးဒဏ်ခံစားခဲ့ရသည့် ဝန်ထမ်းများ အသုံးပြုရန်အတွက် အိမ်သုံးဆိုလာမီးအိမ်များကို လှူဒန်းခဲ့ကြောင်း သိရသည်။
ပြန်ကြားရေးဝန်ကြီးဌာန ဝန်ထမ်းမိသားစုများအတွက် ငွေကျပ်သိန်း ၁၀၀ ခန့်တန်ဖိုးရှိ အိမ်သုံးဆိုလာပစ္စည်းအစုံ ၁၀၀ ၊ သမဝါယမနှင့်ကျေးလက်ဖွံဖြိုးရေးဝန်ကြီးဌာန ဝန်ထမ်းမိသားစုများအတွက် ငွေကျပ်သိန်း ၁၀၀ ခန့် တန်ဖိုးရှိ အိမ်သုံးဆိုလာပစ္စည်းအစုံ ၁၀၀ ကို လှုဒါန်းခဲ့ကြောင်း သိရသည်။
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဝန်ထမ်းမိသားစုများအတွက် ငွေကျပ်သိန်း ၁၅၀ ခန့်တန်ဖိုးရှိ အိမ်သုံးဆိုလာပစ္စည်းအစုံ ၁၅၀ ၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ ဝန်ထမ်းမိသားစုများအတွက် ငွေကျပ်သိန်း ၁၀၀ တန်ဖိုးရှိ အိမ်သုံးဆိုလာပစ္စည်းအစုံ ၁၀၀ တို့ကို ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်း(ဗဟို)ဥက္ကဋ္ဌ ဦးတင်ဦးနှင့်အဖွဲဝင်များက သက်ဆိုင်ရာဝန်ကြီးဌာန နှင့် ရုံးများသို့ လာရောက်လှုဒါန်းခဲ့ကြောင်း သိရသည်။
