တရုတ်နိုင်ငံ၊ နန်နင်းမြို့တွင် ယနေ့ စက်တင်ဘာ ၁၇ ရက်မွန်းလွဲပိုင်းက “အာဆီယံကို ဉာဏ်ရည်တုနည်းပ ညာဖြင့်ချိတ်ဆက်၍ ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းခြင်းမှတစ်ဆင့် ဖွံ့ဖြိုးတိုးတက်မှုအနာဂတ်ကို မျှဝေခြင်း”ဆောင်ပုဒ်ဖြင့်ကျင်းပသည့် တရုတ်-အာဆီယံစီး ပွားရေးခေါင်းဆောင်များဖိုရမ်ဖွင့်ပွဲတွင် နိုင်ငံတော်ဝန် ကြီးချုပ်ဦးညိုစောမှ မိန်းခွန်းပြောကြားရာ၌ အထက်ပါအတိုင်းပြောကြားခဲ့ပြီး မှန်ကန်သည့်နယ်ပယ်များတွင် မျှတစွာ အ သုံးပြုရန်လိုအပ်သည်ဟု ပြောကြားခဲ့သည်။
အာဆီယံ-တရုတ် လွတ်လပ်သောကုန်သွယ်မှုဒေသကို ACFTA (အက်ဖ်တာ)ဗားရှင်း(၃ . ၀)သို့ အဆင့်မြှင့်တင်နိုင်ခဲ့ပြီးဖြစ်၍ ဒစ်ဂျစ်တယ်စီးပွားရေး၊ အစိမ်းရောင်စီး ပွားရေး၊ ထောက်ပံ့ရေးကွင်းဆက်ချိတ်ဆက်မှု၊ ယှဉ် ပြိုင်မှု၊ စားသုံးသူကာကွယ်ပေးရေးနှင့် အသေးစား၊ အ ငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများစသည့် နယ်ပယ်သစ်များတွင် နက်နက်ရှိုင်းရှိုင်းပူးပေါင်း ဆောင်ရွက်နိုင်မည်ဟု ပြောသည်။
ထို့ကြောင့် တရုတ်နိုင်ငံနှင့် အာဆီယံနိုင်ငံများအနေဖြင့် နယ်ပယ်သစ်များတွင် ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ဖွံ့ ဖြိုးတိုးတက်မှု အခွင့်အလမ်းများကိုမျှဝေခံစားသွားနိုင်မည်ဖြစ်ကာ ယနေ့ ကျင်းပသည့် တရုတ်-အာဆီယံ စီး ပွားရေးခေါင်းဆောင်များဖိုရမ်မှတစ်ဆင့် တရုတ်နိုင်ငံ နှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများကြား ကုန်သွယ်ရေး၊ စီး ပွားရေးပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုမြှင့်တင်သွားနိုင်မည်ကိုယုံကြည်သည်ဟုလည်း ပြောကြားခဲ့သည်။
အဆိုပါ တရုတ်-အာဆီယံစီးပွားရေးခေါင်းဆောင်များဖိုရမ်တွင် ဖိုရမ်ကျင်းပရေးကော်မတီအတွင်းရေးမှူးက AI နည်းပညာသုံးမျက်မှန်အသုံးပြုပုံကို မိတ်ဆက်ပြသခဲ့သည်။
