အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများအဖြစ် (၃)ဦးကို ခန့်အပ်တာဝန်ပေးအပ်လိုက်ကြောင်း ယနေ့ စက်တင်ဘာ(၁၇)ရက်နေ့တွင် အမိန့်ထုတ်ပြချက်အရ သိရသည်။
ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများအဖြစ် ဦးဝင်းမြင့်၊ ဒေါ်စိုးခက်ခက်နှင့် ဒေါ်သင်းသင်းချိုတို့ သုံးဦးကို ခန့်အပ်တာဝန်ပေးအပ်လိုက်ကြောင်း သိရသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၂၇ ပုဒ်မခွဲ(ခ)အရ ခန့်အပ်တာဝန်ပေးလိုက်ခြင်းဖြစ်ကြောင်း အမိန့်ကြေညာချက်တွင် ဖော်ပြထားသည်။
