Wednesday, December 17, 2025

သီပေါမြို့နယ်၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ကိုင်သူ တရုတ်နိုင်ငံသား(၅)ဦး၊ မြန်မာနိုင်ငံသူ(၁)...

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သီပေါမြို့နယ်၊ ပန်စင် ကျေးရွာအနီး၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ကိုင်သူ တရုတ်နိုင်ငံသား(၅)ဦး၊ မြန်မာနိုင်ငံသူ(၁) ဦး၊ SSPP/SSA တပ်ဖွဲ့ဝင်(၃)ဦးတို့အား ဆက်စပ်ပစ္စည်းများနှင့်အတူ ယနေ့ ဒီဇင်ဘာ...

မြန်မာနိုင်ငံအပေါ်အကျိုးသက်ရောက်မှုမရှိသည့် လေဖိအားနည်းရပ်ဝန်းတစ်ခု ဘင်္ဂလားပင်လယ်အော်၌ ဒီဇင်ဘာ...

မြန်မာနိုင်ငံအပေါ်အကျိုးသက်ရောက်မှုမရှိသည့် လေဖိအားနည်းရပ်ဝန်းတစ်ခု ဘင်္ဂလားပင်လယ်အော်၌ ဒီဇင်ဘာ ၂၂ ရက်တွင်ဖြစ်ပေါ်နိုင်သည်ဟု မိုးလေဝသမြန်မာ (ရန်ကုန်ဌာနခွဲ) ၏ ယနေ့ ဒီဇင်ဘာ ၁၇ ရက်ထုတ်ပြန်ချက်အရ...

မြန်မာနိုင်ငံတော်ယာယီသမ္မတထံ အယ်လ်ဂျီးရီးယားနိုင်ငံသံအမတ်ကြီး သံအမတ်ခန့်အပ်လွှာပေးအပ်

ကုန်သွယ်ရေး၊ စီးပွားရေးနှင့် ခရီးသွားလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရန်ဆွေးနွေး မြန်မာနိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံ မြန်မာနိုင်ငံဆိုင်ရာ အယ်လ်ဂျီးရီးယားနိုင်ငံသံအမတ်ကြီးက ၎င်း၏ သံအမတ်ခန့်အပ်လွှာကိုပေးအပ်ခဲ့ကြောင်း...

လယ်ယာလုပ်ငန်းဝန်ဆောင်မှုလုပ်နေသော ကုမ္ပဏီတစ်ခု စတော့ဈေးကွက်သို့ စတင်ဝင်ရောက်လာ

ရန်ကုန်စတော့အိတ်ချိန်းဈေးကွက်တွင် ရှယ်ယာတင်ရောင်းနေသော ကုမ္ပဏီ(၇)ခုခန့်ရှိရာတွင် စွမ်းအင်၊ ဘဏ်၊ ကုန်စည်ပို့​ဆောင်​ရေး၊ နည်းပညာ ကုမ္ပဏီကြီးများ ပါဝင်ပြီး လယ်ယာနှင့် ပတ်သက်သည့် ကုမ္ပဏီက ယနေ့တွင်...
HomeNewsLocal Newsအကျင့်ပျက်ခြစားသူ မည်သူ့ကိုမျှ အလွတ်မပေးပါ--ဖာဒီနန်မားကို့စ်

အကျင့်ပျက်ခြစားသူ မည်သူ့ကိုမျှ အလွတ်မပေးပါ–ဖာဒီနန်မားကို့စ်

ရေလွှမ်းမိုးမှု ထိန်းချုပ်ရေးစီမံကိန်းများတွင် ပြည်သူ့ဘဏ္ဍာငွေကို အလွဲသုံးစားမှုနှင့် ပတ်သက်သော အစိုးရ၏ စုံစမ်းစစ်ဆေးမှုများတွင် ၎င်း၏ ဆွေမျိုးသားချင်းများနှင့် မဟာမိတ်များအပါအဝင် မည်သူတစ်ဦးတစ်ယောက်ကိုမျှ အလွတ်ပေးမည်မဟုတ်ကြောင်း ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မားကို့စ် ဂျူနီယာက ပြောကြားလိုက်ပြီး အကျင့်ပျ-က်ခြစားမှုများအပေါ် ဆန့်ကျင်ဆန္ဒပြမှုများကို ထောက်ခံကြောင်းပြောကြားခဲ့သည်။

“ဟုတ်တယ်။ သူတို့ အရမ်းဒေါသထွက်ကြတယ်။ သူတို့ တကယ်ကိုစိတ်ဆိုးကြတယ်။ ငါလည်း စိတ်ဆိုးတယ်။ ဖြစ်နေတာတွေက နည်းလမ်းမမှန်‌တော့ ငါတို့အားလုံး ဒေါသထွက်သင့်တာပဲလေ” ဟု တနင်္လာနေ့က ရုပ်သံသတင်းစာရှင်းလင်းပွဲတွင် မားကို့စ်က ပြောကြားခဲ့သည်။ “ငါသာ သမ္မတမဟုတ်ဘူးဆိုရင် သူတို့နဲ့ အတူလမ်းပေါ်ထွက်ဖြစ်နိုင်တယ်” ဟုလည်း ၎င်းက ဆိုခဲ့သည်။

ရေလွှမ်းမိုးမှု လျော့ပါးရေးဆိုင်ရာ စီမံကိန်းများအပေါ် လွှတ်တော်၏ စုံစမ်းစစ်ဆေးမှုတွင် အကျင့်ပျက်ခြစားမှုများ အကြီးအကျယ်ရှိခဲ့သည်ကို ဖော်ထုတ်တွေ့ရှိခဲ့ပြီး စံမမီသော သို့မဟုတ် မြေပြင်တွင်အမှန်တကယ်မရှိသော စီမံကိန်းများစွာကို တွေ့ရှိခဲ့သည်။

သို့သော် ဆန္ဒပြမှုများသည် ငြိမ်းချမ်းစွာဆန္ဒပြရမည်ဖြစ်ပြီး ဆန္ဒပြမှုများသည် အကြမ်းဖက်လာပါက တရားဥပဒေစိုးမိုးရေးအာဏာပိုင်များ၏ အရေးယူခြင်းကိုခံရမည်ဖြစ်ကြောင်း သမ္မတက သတိပေးခဲ့သည်။ ဆန္ဒပြမှုများသည် ဒေသတွင်း၌ ပေါ်ပေါက်နေသော အဖြစ်အပျ-က်များနှင့်ဆင်တူသည့် ဆန္ဒပြပွဲများအခြေအနေသို့ ရောက်သွားနိုင်သည်ဟူသော စိုးရိမ်ပူပန်မှုများကိုမူ ၎င်းက ပယ်ချသွားခဲ့သည်။

နီပေါနှင့် အင်ဒိုနီးရှားနိုင်ငံတို့တွင် အကျင့်ပျက်ခြစားမှုအပေါ် လူထုမကျေနပ်ဖြစ်မှုနှင့် ဒေါသထွက်ရမှုကြောင့် အ‌ေ-သအပျေ-ာက်များသည့် ဆန္ဒပြပွဲများဖြစ်ပေါ်စေခဲ့သည်။ နီပေါနိုင်ငံတွင် ပြီးခဲ့သည့် သီတင်းပတ်၌ နိုင်ငံ၏ ဝါရင့်ခေါင်းဆောင်များ ပြုတ်ကျသွားခဲ့ပြီးနောက် ယာယီဝန်ကြီးချုပ်ကို ခန့်အပ်ထားရသည်။ အင်ဒိုနီးရှားတွင်လည်း နှစ်များစွာအတွင်း အဆိုးဝါးဆုံးဆန္ဒပြမှုများကို ဖြစ်စေခဲ့သည့် စီးပွားရေးဆိုင်ရာ မကျေနပ်မှုများကိုဖြေရှင်းရန် အစီအမံများကို ဆောင်ရွက်နေရသည်။

အစိုးရ၏ ရေကြီးမှုလျော့ပါးသက်သာစေရေး စီမံကိန်းရန်ပုံငွေများမှ ပြီးခဲ့သည့် ဆယ်စုနှစ်အတွင်း ခိုးယူခံရမှုပမာဏကို စုံစမ်းစစ်ဆေးရန်အတွက် လွတ်လပ်သောကော်မရှင်တစ်ရပ်ကို မားကို့စ်က ဖွဲ့စည်းပေးခဲ့သည်။ အပြစ်ရှိကြောင်းတွေ့ရှိသူများကို တရားစွဲထောင်ချသွားမည်ဖြစ်ကြောင်းနှင့် အမှားပြုလုပ်ထားသော ကန်ထရိုက်များအနေဖြင့် စာချုပ်ပါ အာမခံသတ်မှတ်ကာလများအတိုင်း စီမံကိန်းများကို အပြီးသတ်ပေးရမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

Ref: ဘလွန်းဘာ့ဂ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

သီပေါမြို့နယ်၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ကိုင်သူ တရုတ်နိုင်ငံသား(၅)ဦး၊ မြန်မာနိုင်ငံသူ(၁) ဦး၊ SSPP/SSA တပ်ဖွဲ့ဝင်(၃)ဦးတို့အား ဆက်စပ်ပစ္စည်းများနှင့်အတူဖမ်းမိ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သီပေါမြို့နယ်၊ ပန်စင် ကျေးရွာအနီး၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ကိုင်သူ တရုတ်နိုင်ငံသား(၅)ဦး၊ မြန်မာနိုင်ငံသူ(၁) ဦး၊ SSPP/SSA တပ်ဖွဲ့ဝင်(၃)ဦးတို့အား ဆက်စပ်ပစ္စည်းများနှင့်အတူ ယနေ့ ဒီဇင်ဘာ ၁၇ ရက်နံနက်ပိုင်းက ဖမ်း ဆီးရမိခဲ့ကြောင်း သိရသည်။ လုံခြုံရေးအဖွဲ့ဝင်များမှ ပန်စင်ကျေးရွာအနီး၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ကိုင်နေကြောင်း သ တင်းအရ ရှာဖွေစစ်ဆေးမှုများပြုလုပ်ရာ လက်နက် ကိုင်(၂)ဦးက လုံခြုံရေးအဖွဲ့ဝင်များအား စတင်ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ပြန်လည်ပစ်ခတ်ခဲ့ပြီးနောက် ၎င်းတို့ စတင်ပစ်ခတ်သည့်နေရာအားဝင်ရောက်ရှင်းလင်းခဲ့ရာ SSPP/SSA တပ်ဖွဲ့ဝင်(၃)ဦးအား AK-47 (၁)လက်၊ M-22 (၁)လက်၊ MK-12 (၁)လက်၊ ပွိုင့်-၂၂...

မြန်မာနိုင်ငံအပေါ်အကျိုးသက်ရောက်မှုမရှိသည့် လေဖိအားနည်းရပ်ဝန်းတစ်ခု ဘင်္ဂလားပင်လယ်အော်၌ ဒီဇင်ဘာ ၂၂ ရက်တွင်ဖြစ်ပေါ်နိုင်

မြန်မာနိုင်ငံအပေါ်အကျိုးသက်ရောက်မှုမရှိသည့် လေဖိအားနည်းရပ်ဝန်းတစ်ခု ဘင်္ဂလားပင်လယ်အော်၌ ဒီဇင်ဘာ ၂၂ ရက်တွင်ဖြစ်ပေါ်နိုင်သည်ဟု မိုးလေဝသမြန်မာ (ရန်ကုန်ဌာနခွဲ) ၏ ယနေ့ ဒီဇင်ဘာ ၁၇ ရက်ထုတ်ပြန်ချက်အရ သိရသည်။ ဘင်္ဂလားပင်လယ်အော် (တောင်ပိုင်း) တွင် ဒီဇင်ဘာ ၂၀ ရက်၌ လေဖိအားနည်းဆဲလ်တစ်ခုဖြစ်ပေါ်လာနိုင်ပြီး ယင်းလေဖိအားနည်းဆဲလ်သည် အနောက်ဘက်သို့ရွေ့လျားကာ ဒီဇင်ဘာ ၂၂ ရက်တွင် လေဖိအားနည်းရပ်ဝန်းအဖြစ်ပိုမိုအားကောင်းလာနိုင်ကြောင်း သိရသည်။ အဆိုပါ လေဖိအားနည်းရပ်ဝန်း၏အရှိန်သည် မြန်မာ့ပင်လယ်ပြင်နှင့် မြန်မာနိုင်ငံအပေါ် အကျိုးသက် ရောက်မှုမရှိနိုင်ဟုလည်း မိုးလေဝသမြန်မာ (ရန်ကုန်ဌာနခွဲ) ၏ ထုတ်ပြန်ချက်အရ သိရသည်။

မြန်မာနိုင်ငံတော်ယာယီသမ္မတထံ အယ်လ်ဂျီးရီးယားနိုင်ငံသံအမတ်ကြီး သံအမတ်ခန့်အပ်လွှာပေးအပ်

ကုန်သွယ်ရေး၊ စီးပွားရေးနှင့် ခရီးသွားလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရန်ဆွေးနွေး မြန်မာနိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံ မြန်မာနိုင်ငံဆိုင်ရာ အယ်လ်ဂျီးရီးယားနိုင်ငံသံအမတ်ကြီးက ၎င်း၏ သံအမတ်ခန့်အပ်လွှာကိုပေးအပ်ခဲ့ကြောင်း သိရသည်။ မြန်မာနိုင်ငံတော် ယာယီသမ္မတမှ အယ်လ်ဂျီးရီးယားနိုင်ငံသံအမတ်ကြီး သံအမတ်ခန့်အပ်လွှာအား ယနေ့ ဒီဇင်ဘာ ၁၇ ရက်နံနက်ပိုင်းက နေပြည်တော်ရှိ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရုံး သံတမန်ဆောင်ဧည့်ခန်းမ၌ လက်ခံရယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ထို့နောက် မြန်မာနိုင်ငံတော် ယာယီသမ္မတနှင့် အယ်လ်ဂျီးရီးယားနိုင်ငံသံအမတ်ကြီးတို့သည် နှစ်နိုင်ငံကြား ခိုင်မာပြီးရှည်လျားသည့် သံတမန်ဆက်ဆံရေးရှိမှု၊ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများဆက်လက်တိုးမြှင့်ဆောင်ရွက်မည့်အခြေအနေများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ ထို့ပြင် နှစ်နိုင်ငံကြားကုန်သွယ်ရေး၊ စီးပွားရေးနှင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071