Wednesday, December 17, 2025

နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက အယ်လ်ဂျီးရီးယား သံအမတ်ကြီးကိုတွေ့ဆုံ

နှစ်နိုင်ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးဆွေးနွေး နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် ဟနွိင်းမြို အခြေစိုက် မြန်မာနိုင်ငံဆိုင်ရာ အယ်လ်ဂျီးရီးယားသံအမတ်ကြီး မစ္စတာ အဇက်ဒင်း ဘက်ကာကို ယနေ့ ဒီဇင်ဘာ(၁၇)ရက်နေ့...

ချစ်ရတဲ့မိသားစုနဲ့ အနုပညာ ညီအစ်ကို၊ မောင်နှမတွေကို...

နာမည်ကျော် ဟာသလူရွှင်တော်၊ သရုပ်ဆောင် ညောင်ညောင်ဟာ သူ ချစ်ရတဲ့ မိသားစု၊ အနုပညာ ညီအစ်ကို၊ မောင်နှမတွေကို နှုတ်ဆက်ထားရစ်ပြီးတော့ ဘဝတစ်ပါးကို ကူးပြောင်းသွားပါပြီ။...

ဆီးဂိမ်းတွင် မြန်မာက ရွှေတံဆိပ်သုံးခု ဖြင့်...

ထိုင်းနိုင်ငံ၌ ကျင်းပနေသည့် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ၏ ဆုတံဆိပ်ရရှိမှုဇယား၌ မြန်မာက ရွှေတံဆိပ် သုံးခု ဖြင့် နိုင်ငံအလိုက် အဆင့် (၇) တွင် ရှိနေသည်။ ယင်း...

တရုတ်လေယာဉ်တင်သင်္ဘော ထိုင်ဝမ်ရေလက်ကြားကို ဖြတ်သန်း

တရုတ်နိုင်ငံ၏ အသစ်လွင်ဆုံးနှင့် ခေတ်အမီဆုံး လေယာဉ်တင်သင်္ဘော ဖူကျန်းသည် အင်္ဂါနေ့က ထိုင်ဝမ်ရေလက်ကြားကို ဖြတ်သန်းခုတ်မောင်းခဲ့သည်ဟု ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။ လေယာဉ်တင်သင်္ဘောသည် ပြီးခဲ့သည့်လတွင် တရားဝင်တပ်တော်ဝင်ခဲ့ပြီးနောက်ပိုင်း...
HomeNewsLocal Newsမြန်မာပြည်သူများနှင့် ထိတွေ့ဆက်ဆံမှု မြှင်တင်ရန်...

မြန်မာပြည်သူများနှင့် ထိတွေ့ဆက်ဆံမှု မြှင်တင်ရန် အမေရိကန် သံရုံးဒုတိယအကြီးအကဲ ပြန်လည်ရောက်ရှိ

မြန်မာပြည်သူများနှင့် အမေရိကန်ပြည်ထောင်စု၏ ထိတွေ့ဆက်ဆံမှုများ မြှင့်တင်ရန် သံရုံး ဒုတိယအကြီးအကဲ ဒေါက်ဂ်ဆောန်နစ်ခ် ကို ကြိုဆိုကြောင်း အမေရိကန်သံရုံး(ရန်ကုန်)က ယနေ့စက်တင်ဘာ၁၁ ရက်နေ့တွင် လူမှုကွန်ယက်စာမျက်နှာမှတဆင့် အသိပေးထားသည်။

၄င်းသည် မြန်မာပြည်တွင် သမ္မတ ဦးသိန်းစိန်လက်ထက် က ၃နှစ်ခန့် တာဝန်ထမ်း​ဆောင်ခဲ့ဖူးပြီး ယခု ပြန်လည်ရောက်ရှိလာခြင်းဖြစ်သည်။

ယခု အကြိမ် မြန်မာနိုင်ငံသို့ မရောက်မီ ယခင်က ၄င်းသည် ကိုလံဘိုရှိ အမေရိကန်သံရုံးတွင် သံရုံးဒုတိယအကြီးအကဲအဖြစ်လည်းကောင်း၊ သြစတေးလျနိုင်ငံ ကင်ဘာရာမြို့ရှိ အမေရိကန်သံရုံးတွင် စီးပွားရေးအကြံပေးဆိုင်ရာ ဒုသံအမတ် အဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့သည်။

ဒေါက်ဂ်သည် ၂၀၁၇ ဇူလိုင်မှ ၂၀၁၉ အထိ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနအောက်ရှိ အရှေ့အာရှနှင့် ပစိဖိတ်ရေးရာဌာန၏ စီးပွားရေးမူဝါဒဆိုင်ရာရုံးတွင် ညွှန်ကြားရေးမှူးအဖြစ် အာရှပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (APEC) နှင့် ဒေသတွင်း စီးပွားရေးမူဝါဒများနှင့် ပတ်သက်သည့် အမေရိကန်အစိုးရ၏ ပါဝင်ဆောင်ရွက်မှုများအတွက် တာဝန်ယူခဲ့သည်။

၂၀၁၄ မှ ၂၀၁၇ အထိ ဆူဗာရှိ အမေရိကန်သံရုံးတွင် သံရုံး၏ဒုတိယအကြီးအကဲဖြစ် တာဝန်ထမ်းဆောင်ခဲ့စဉ်က ဒေါက်ဂ်ဆွန်းနစ်ခ်သည် ဖီဂျီ၊ ကီရီဘာတီ၊ နာအူရူ၊ တွန်ဂါနှင့် တူဗာလူနိုင်ငံများတွင် အမေရိကန်ပြည်ထောင်စု၏ စီးပွားရေး၊ နိုင်ငံရေးနှင့် လုံခြုံရေးဆိုင်ရာ အကျိုးစီးပွားများကို မြှင့်တင်ပေးခဲ့သူဖြစ်သည်။

အမေရိကန်-မြန်မာ နှစ်နိုင်ငံဆက်ဆံရေး အပြောင်းအလဲများ အရှိန်အဟုန်မြင့်ခဲ့သည့် ၂၀၁၁ မှ ၂၀၁၄ အထိ ကာလများတွင် သူသည် ရန်ကုန်မြို့ရှိ အမေရိကန်သံရုံး၏ နိုင်ငံရေးနှင့် စီးပွားရေးဌာနကို ဦးဆောင်ခဲ့ပါသည်။

၂၀၀၅ မှ ၂၀၀၇ ထိ ဒေါက်ဂ်သည် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ဗီယက်နမ်ဆိုင်ရာ စီးပွားရေးအရာရှိအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၀၇ မှ ၂၀၁၀ အထိ ဟိုချီမင်းမြို့ရှိ အမေရိကန် ကောင်စစ်ဝန်ချုပ်ရုံး၏ စီးပွားရေးဌာနကို ဦးဆောင်ခဲ့ပါသည်။

ထိုငါးနှစ်တာကာလအတွင်း အမေရိကန်-ဗီယက်နမ် နှစ်နိုင်ငံ ကုန်သွယ်ရေးနှင့်ရင်းနှီးမြှုပ်နှံမှုများ ဆယ်ဆအထိ တိုးတက်လာခဲ့ဖူးသည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင်စဉ် စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာကိစ္စရပ်များကို အထူးပြုကိုင်တွယ်ရင်း သူသည် ဆလိုဗေးနီးယားနိုင်ငံ လူဘလီယာနာနှင့် တရုတ်နိုင်ငံ ပေကျင်းမြို့ရှိ အမေရိကန်သံရုံးများတွင် တာဝန်ကျခဲ့ပြီး တရုတ်နိုင်ငံ ရှန့်ယန်းမြို့ရှိ အမေရိကန်ကောင်စစ်ဝန်ရုံးတွင်လည်း တာဝန်ထမ်းဆောင်ခဲ့ဖူးသူဖြစ်သည်။တရုတ်နှင့် မြန်မာ တို့၏ ဓ​လေ့စရိုက်များကိုနားလည်သည့် အ​မေရိကန်လူမျိုးဖြစ်ခြင်းကလည်း ​ဒေသတွင်းပထဝီနိုင်ငံ​ရေးတွင် အားလုံးအဆင်​ပြေ​စေမည့် အခင်းအကျင်းကို လုပ်​ဆောင်​ပေးနိုင်မည်ဟု​မျှော်လင့်စရာဖြစ်သည်။

ဒေါက်ဂ်သည် ပိစ်ကောစတနာ့ဝန်ထမ်းဟောင်းတစ်ဦးလည်းဖြစ်ပြီး ဗဟိုအာဖရိကသမ္မတနိုင်ငံနှင့် ပစိဖိတ်တောင်ပိုင်းကျွန်းနိုင်ငံတစ်ခုဖြစ်သည့် နျူးအေးနိုင်ငံတို့တွင် တာဝန်ထမ်းဆောင်ခဲ့ဖူးသည်။ သူသည် မင်နီဆိုတာပြည်နယ်၊ နော့သ်ဖီးလ်မြို့ရှိ ကာလ်တန်ကောလိပ်ကျောင်းဆင်းတစ်ဦးလည်းဖြစ်သည်။

ဇနီးဖြစ်သူ ဝင်နီ က သူနှင့်အတူ ရန်ကုန်မြို့သို့ လိုက်ပါလာခဲ့ပါသည်။ သူတို့၏ သားသမီးနှစ်ဦးမှာမူ တက္ကသိုလ်တွင် ပညာသင်ကြားလျက် ရှိ​ကြောင်းသိရသည်။

Ref:mm.usembassy.gov

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက အယ်လ်ဂျီးရီးယား သံအမတ်ကြီးကိုတွေ့ဆုံ

နှစ်နိုင်ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးဆွေးနွေး နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် ဟနွိင်းမြို အခြေစိုက် မြန်မာနိုင်ငံဆိုင်ရာ အယ်လ်ဂျီးရီးယားသံအမတ်ကြီး မစ္စတာ အဇက်ဒင်း ဘက်ကာကို ယနေ့ ဒီဇင်ဘာ(၁၇)ရက်နေ့ ၌ နေပြည်တော်တွင် လက်ခံတွေ့ဆုံခဲ့ကြောင်းသိရသည်။ နှစ်နိုင်ငံဆက်ဆံရေး တိုးမြှင့်နိုင်ရန်အတွက် နိုင်ငံခြားရေးဝန်ကြီးဌာနများ အကြား ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး၊ ကိစ္စများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။ ထို့ပြင် စွမ်းအင်၊ စိုက်ပျိုးရေး၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု အပါအဝင် အလားအလာရှိသည့် ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်သွားရေး၊ နှစ်နိုင်ငံအဆင့် နှင့် နိုင်ငံတကာမျက်နှာစာတွင် ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်းလည်း သိရသည်။

ချစ်ရတဲ့မိသားစုနဲ့ အနုပညာ ညီအစ်ကို၊ မောင်နှမတွေကို နှုတ်ဆက်ထားရစ်ခဲ့ပြီဖြစ်တဲ့ ဟာသလူရွှင်တော် ညောင်ညောင်

နာမည်ကျော် ဟာသလူရွှင်တော်၊ သရုပ်ဆောင် ညောင်ညောင်ဟာ သူ ချစ်ရတဲ့ မိသားစု၊ အနုပညာ ညီအစ်ကို၊ မောင်နှမတွေကို နှုတ်ဆက်ထားရစ်ပြီးတော့ ဘဝတစ်ပါးကို ကူးပြောင်းသွားပါပြီ။ ညောင်ညောင်ဟာ ကျန်းမာရေးအခြေအနေကြောင့် ဆေးရုံမှာ ဆေးကုသမှုခံယူခဲ့ပြီး မကြာသေးခင်ကမှ ကျန်းမာရေး ပြန်ကောင်းလာတဲ့အတွက် အနုပညာအလုပ်တွေကို ပြန်လည်လုပ်ကိုင်ဖို့ စတင်ကြိုးစားနေချိန်မှ အခုလို စိတ်မကောင်းစရာ ရုတ်တရက်ကွယ်လွန်ခဲ့တာဖြစ်ပါတယ်။ ညောင်ညောင် ကွယ်လွန်တဲ့ သတင်းကို အရင်းနှီးဆုံး သူငယ်ချင်းဖြစ်သူ လွင်မိုးက 'ကိုညီရေ . . . .ဒီတစ်ခါတော့ တကယ်နှုတ်ဆက်သွားပြီပေါ့။ သံသရာတစ်ကွေ့...

ဆီးဂိမ်းတွင် မြန်မာက ရွှေတံဆိပ်သုံးခု ဖြင့် နိုင်ငံအလိုက် အဆင့် (၇) တွင် ရှိနေ

ထိုင်းနိုင်ငံ၌ ကျင်းပနေသည့် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ၏ ဆုတံဆိပ်ရရှိမှုဇယား၌ မြန်မာက ရွှေတံဆိပ် သုံးခု ဖြင့် နိုင်ငံအလိုက် အဆင့် (၇) တွင် ရှိနေသည်။ ယင်း ဇယားသည် ယနေ့(ဒီဇင်ဘာလ ၁၇ ရက်) နေ့ ယှဉ်ပြိုင်မှုများအထိ ရပ်တည်မှုဇယား ဖြစ်သည်။ ဇယားတွင် မြန်မာက ရွှေတံဆိပ် ၃ ဆု၊ ငွေတံဆိပ် ၁၉ဆု၊ ကြေးတံဆိပ် ၂၄ ဆု ရရှိထားသည်။ ယနေ့တွင် အပြည်ပြည်ဆိုင်ရာ လှေအားကစားနည်း အမျိုးသမီးတစ်ဦးချင်း လိုက်ဝိတ်ပွဲစဉ်၌ မြန်မာက ကြေးတံဆိပ် ရရှိထားသည်။ မြန်မာအတွက် ရွှေတံဆိပ်ဆု...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071