Tuesday, December 16, 2025

ဆန်အကြောင်းသိကောင်းစရာပြပွဲ ၂၀၂၅ (Yangon Rice...

မျိုးဆက်သစ် စားသုံးသူများအတွက် ဆန်အမျိုးအစားများ၊ ဈေးနှုန်းများ၊ အရည်အသွေးများ စသည့် ဆန်အကြောင်းသိကောင်းစရာများကို အသိပညာမျှဝေပေးခြင်း အစီအစဉ်နှင့် ဆန်အကြောင်း နားလည်သော ခေတ်မီ အိမ်ရှင်မများအား...

မိန့်ခွန်းကို တည်းဖြတ်ပြင်ဆင်မှုကြောင့် ဘီဘီစီက ဒေါ်လာ...

၂၀၂၁ ခုနှစ်တွင် ထရမ့်ကို ထောက်ခံသူများက အမေရိကန် ကက်ပီတယ်လ် အဆောက်အအုံကို မုန်တိုင်းထန်စီးနင်းခြင်းမပြုမီ အမေရိကန်သမ္မတ ဒေါ်နယ်လ် ထရမ့် ဝါရှင်တန်၌ ပြောကြားခဲ့သည့်...

KK Park နယ်မြေမှ အွန်လိုင်းလိမ်လည်လောင်းကစားမှုတွင်...

ကရင်ပြည်နယ်၊ မြဝတီ-မဲ့ထော်သလေး(KK Park)နယ်မြေရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ ကျူးလွန်ရာတွင်အသုံးပြုခဲ့သည့် အဆောက်အအုံများအား လုံခြုံရေးအဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့ဝင်များက ဖြိုချဖျ-က်ဆီးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။ KK Park နယ်မြေရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ...

သက်ဆင်၏တူကို ပါတီ၏ဝန်ကြီးချုပ်ကိုယ်စားလှယ်လောင်းလျာထား

ထိုင်းနိုင်ငံ၏ လာမည့်အထွေထွေရွေးကောက်ပွဲတွင် အာဏာပြန်လည်ရရှိရန် ဖြူထိုင်းပါတီက တို-က်ပွဲဝင်နေရချိန်တွင် သက်ဆင်ရှင်နာဝပ်ထရာ၏ တူတော်စပ်သူသည် ဝန်ကြီးချုပ်ရာထူးအတွက် ပါတီ၏ ကိုယ်စားလှယ်လောင်းစာရင်းတွင် ထိပ်ဆုံးမှ ရပ်တည်မည်ဖြစ်သည်။ ဖေဖော်ဝါရီလ ၈...
HomeInternationalအမေရိကန် တက်ကြွလှုပ်ရှားသူ ချာလီ...

အမေရိကန် တက်ကြွလှုပ်ရှားသူ ချာလီ ကာ့ခ် လုပ်ကြံခံရမှုနှင့်ပတ်သက်သည့် အဓိကအချက်များ

အမေရိကန် ကွန်ဆာဗေးတစ် တက်ကြွလှုပ်ရှားသူ ချာလီ ကာ့ခ် သည် ယူတားပြည်နယ်တွင် သေနတ်ဖြင့် ပစ်ခတ်ခံရပြီးနောက် သေဆုံးသွားကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်လ် ထရမ့်က ပြောကြားခဲ့သည်။

ဤဖြစ်စဉ်နှင့်ပတ်သက်၍ သိရသမျှ အဓိကအချက်အလက်များကို စုစည်းဖော်ပြလိုက်ပါသည်။

လုပ်ကြံခံရမှု အခြေအနေ

  • မီဒီယာသတင်းများအရ ကာ့ခ်သည် ဗုဒ္ဓဟူးနေ့က ယူတားပြည်နယ်၊ အိုရမ်မြို့ရှိ တက္ကသိုလ်တစ်ခုတွင် မိန့်ခွန်းပြောနေစဉ်အတွင်း သေနတ်ပစ်ခတ်ခံခဲ့ရခြင်း ဖြစ်သည်။
  • သူသည် ရရှိထားသည့် ဒဏ်ရာများကြောင့် ဆေးရုံတွင် ကွယ်လွန်ခဲ့သည်။
  • ထရမ့်ကို အထူးထောက်ခံသူတစ်ဦးဖြစ်သည့် ကာ့ခ်သည် ယူကရိန်းသို့ အမေရိကန် စစ်ရေးအကူအညီပေးရေးကို ထပ်တလဲလဲ ဆန့်ကျင်ပြောဆိုခဲ့သူဖြစ်သည်။
  • ယူတားပြည်နယ် ပြည်သူ့လုံခြုံရေးဌာန ပြောရေးဆိုခွင့်ရှိသူ ဘိုး မေဆင်က ကာ့ခ်ကို သေဆုံးစေခဲ့သည့် သေနတ်ပစ်ချက်သည် တက္ကသိုလ်ဝင်းအတွင်းရှိ အဆောက်အအုံတစ်ခု၏ ခေါင်မိုးပေါ်မှ ပစ်ခတ်ခြင်းဖြစ်နိုင်ကြောင်း ပြောသည်။

သံသယရှိသူအား ဖမ်းဆီးခြင်း

  • ကာ့ခ် လုပ်ကြံခံရမှုနှင့်ပတ်သက်၍ သံသယရှိသူတစ်ဦးကို ဖမ်းဆီးခဲ့ကြောင်း FBI ဒါရိုက်တာ ကက်ရှ် ပတေးလ်က ကြေညာခဲ့သည်။
  • သို့သော်လည်း နောက်ပိုင်းတွင် ဖမ်းဆီးထားသူအား “ဥပဒေစိုးမိုးရေးအဖွဲ့၏ စစ်ဆေးမေးမြန်းမှုအပြီးတွင် ပြန်လွှတ်ပေးခဲ့သည်” ဟု သူကပင် သတင်းထုတ်ပြန်ခဲ့သည်။
  • ပတေးလ်က “စုံစမ်းစစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်နေသည်” ဟု မှတ်ချက်ပြုခဲ့ပြီး ဖြစ်စဉ်တိုးတက်မှုအခြေအနေများကို ဆက်လက်အသိပေးသွားမည်ဟု ကတိပြုခဲ့သည်။

လုံခြုံရေးဆိုင်ရာ အစီအမံများ

  • ကာ့ခ် လုပ်ကြံခံရပြီးနောက် အိမ်ဖြူတော်အနီးတွင် ရဲကားအများအပြား ချထားခဲ့သည်။ သို့သော်လည်း သတင်းထောက်များ၏ အဆိုအရ ယင်းနေရာတတွဝိငက်င် အကြီးစားပိတ်ဆို့မှုမျိုး မရှိခဲ့ပေ။
  • ယခင်က The Washington Post သတင်းစာက ယူတားပြည်နယ်တွင် တက်ကြွလှုပ်ရှားသူတစ်ဦး လုပ်ကြံခံရမှုနှင့်ပတ်သက်၍ အိမ်ဖြူတော်ပတ်လည်တွင် ကြီးမားသော လုံခြုံရေးဧရိယာတစ်ခု ချမှတ်နေကြောင်း သတင်းဖော်ပြခဲ့သော်လည်း ယင်း၏ အရိပ်အယောင်များကို မတွေ့ရပေ။
  • အိမ်ဖြူတော်တွင် အပိုဆောင်းလုံခြုံရေးအစီအမံများ ပြုလုပ်ထားခြင်း ရှိ၊ မရှိနှင့် လုံခြုံရေးဧရိယာချမှတ်ရန် အစီအစဉ်များနှင့်ပတ်သက်၍ အတည်ပြုပေးရန် မေတ္တာရပ်ခံမှုကို အမေရိကန် လျှို့ဝှက်ထောက်လှမ်းရေး (US Secret Service) က တုံ့ပြန်ခြင်း မရှိသေးပေ။

တုံ့ပြန်မှုများ

  • အမေရိကန်သမ္မတ ဒေါ်နယ်လ် ထရမ့်က ကာ့ခ်၏ မိသားစုအား ဝမ်းနည်းကြောင်း သဝဏ်လွှာပို့ခဲ့သည်။ ထို့အပြင် တက်ကြွလှုပ်ရှားသူအား အောက်မေ့ဖွယ်အထိမ်းအမှတ်အဖြစ် အမေရိကန်ရှိ အလံများကို တစ်ဝက်ချထားရန် ၎င်းက အမိန့်ပေးခဲ့သည်။
  • အမေရိကန် ဒီမိုကရက်တစ်ပါတီဝင် နိုင်ငံရေးသမားများနှင့် ၎င်းတို့၏ ထောက်ခံသူများသည် ကွန်ဆာဗေးတစ် တက်ကြွလှုပ်ရှားသူ ချာလီ ကာ့ခ်နှင့် ယူကရိန်းဒုက္ခသည် အီရီနာ ဇာရူစကာတို့ လုပ်ကြံခံရမှုဖြစ်စဉ်များအပြီးတွင် ရာဇဝတ်မှုများကို အားပေးအားမြှောက်ပြုနေသည်ဟု အိမ်ဖြူတော်က စွပ်စွဲခဲ့သည်။ ၎င်းတို့အနေဖြင့် ရာဇဝတ်မှုများကို လုံလောက်စွာ ကိုင်တွယ်ဖြေရှင်းနိုင်ခြင်း မရှိသည့်အတွက် ဒီမိုကရက်များကိုလည်း ဝေဖန်ခဲ့သည်။
  • ယူတားပြည်နယ် အုပ်ချုပ်ရေးမှူး စပန်ဆာ ကော့ခ်စ်က ဤဖြစ်စဉ်တွင် ပါဝင်ပတ်သက်သူများကို အပြစ်ပေးအရေးယူမည်ဟု ကတိပြုခဲ့သည်။
  • အမေရိကန်တွင် နိုင်ငံရေးအကြောင်းပြချက်ဖြင့် အကြမ်းဖက်မှုများသည် ပိုမိုအဖြစ်များလာကြောင်း အောက်လွှတ်တော်ဥက္ကဋ္ဌ မိုက် ဂျွန်ဆင်က သတင်းထောက်များကို ပြောသည်။
  • ဤဖြစ်ရပ်နှင့်ပတ်သက်၍ မှတ်ချက်ပေးရာတွင် အမေရိကန်စီးပွားရေးသမား အီလွန် မတ်စ်က အမေရိကန်ရှိ လက်ဝဲသမားများသည် “လူသတ်ပါတီ” ဖြစ်သည်ဟု ပြောခဲ့သည်။
  • ရုရှား လုံခြုံရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒမီထရီ မက်ဗီဒက်ဗ်က ယူကရိန်းကို ထောက်ခံခြင်းဖြင့် လူသတ်သမားများကို ထောက်ခံနေကြောင်း ထရမ့်အဖွဲ့အား သိရှိစေလိုကြောင်း ပြောသည်။ လက်ဝဲ-လစ်ဘရယ်အမြင်ရှိသူများသည် နိုင်ငံရေးရာဇဝတ်မှုများနှင့် လူသတ်မှုများကို ပိုမိုကျူးလွန်လာကြောင်းကိုလည်း ၎င်းက မှတ်ချက်ပြုခဲ့သည်။
  • အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် ‌နေတန်ယာဟုက ကာ့ခ်ကို အစ္စရေး၏ မိတ်ဆွေနှင့် ဂျူး-ခရစ်ယာန်ယဉ်ကျေးမှု၏ ကာကွယ်သူအဖြစ် ပြောဆိုခဲ့သည်။ ၎င်း၏အမြင်အရ ကာ့ခ်သည် အမှန်တရားကို ပြောဆိုခဲ့ခြင်းကြောင့် အသတ်ခံခဲ့ရခြင်းဖြစ်သည်ဟု ဆိုသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဆန်အကြောင်းသိကောင်းစရာပြပွဲ ၂၀၂၅ (Yangon Rice Showcase-2025) ကျင်းပမည်

မျိုးဆက်သစ် စားသုံးသူများအတွက် ဆန်အမျိုးအစားများ၊ ဈေးနှုန်းများ၊ အရည်အသွေးများ စသည့် ဆန်အကြောင်းသိကောင်းစရာများကို အသိပညာမျှဝေပေးခြင်း အစီအစဉ်နှင့် ဆန်အကြောင်း နားလည်သော ခေတ်မီ အိမ်ရှင်မများအား လက်ဆင့်ကမ်း ပညာပေးသူများအဖြစ် ရွေးချယ်ခန့်အပ်ခြင်းအစီအစဉ်ကို ပြုလုပ်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သိရသည်။ လူဦးရေ ၈ သန်းကျော်ရှိသော ရန်ကုန်တိုင်း ဒေသကြီးတွင် ဆန်အမျိုးအစားများ၊ အရည်အသွေးများ၊ အမှတ်တံဆိပ်များနှင့် ဈေးနှုန်းများ မျိုးစုံစွာ ကွဲပြား များပြားလာသည်နှင့်အမျှ ရန်ကုန်မြို့ သူမြို့ သားများ - အထူးသဖြင့် အလုပ် များသော အိမ်ရှင်မများနှင့် လူငယ်လူလတ်ပိုင်း...

မိန့်ခွန်းကို တည်းဖြတ်ပြင်ဆင်မှုကြောင့် ဘီဘီစီက ဒေါ်လာ ၁၀ ဘီလီယံအထိ နစ်နာကြေးပေးရန် ဒေါ်နယ်လ် ထရမ့် တရားစွဲပြီ

၂၀၂၁ ခုနှစ်တွင် ထရမ့်ကို ထောက်ခံသူများက အမေရိကန် ကက်ပီတယ်လ် အဆောက်အအုံကို မုန်တိုင်းထန်စီးနင်းခြင်းမပြုမီ အမေရိကန်သမ္မတ ဒေါ်နယ်လ် ထရမ့် ဝါရှင်တန်၌ ပြောကြားခဲ့သည့် မိန့်ခွန်းကို ဘီဘီစီ (BBC)သတင်းဌာနမှ တည်းဖြတ်ပြင်ဆင်မှုနှင့်ပတ်သက်၍ ထရမ့်က တရားစွဲဆိုခဲ့ရာ နစ်နာကြေးအဖြစ် ဒေါ်လာ ၁၀ ဘီလီယံအထိ တောင်းဆိုထားသည်။ လွန်ခဲ့သော တစ်နှစ်ကျော်ခန့်က ထုတ်လွှင့်ခဲ့သည့် Panorama အစီအစဉ်တွင် သူ၏မိန့်ခွန်းကို ဘီဘီစီက “ရည်ရွယ်ချက်ရှိရှိ၊ အငြိုးတကြီး၊ လှည့်ဖြားသည့်သဘောဖြင့်” တည်းဖြတ်ခဲ့သည်ဟု ထရမ့်က စွပ်စွဲထားသည်။ တနင်္လာနေ့ ညနေပိုင်းက တင်သွင်းခဲ့သည့် တရားစွဲဆိုမှုတွင်...

KK Park နယ်မြေမှ အွန်လိုင်းလိမ်လည်လောင်းကစားမှုတွင် အသုံးပြုခဲ့သော အဆောက်အအုံများဖျ-က်ဆီးရန် (၁၉၁)လုံးသာကျန်ရှိ

ကရင်ပြည်နယ်၊ မြဝတီ-မဲ့ထော်သလေး(KK Park)နယ်မြေရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ ကျူးလွန်ရာတွင်အသုံးပြုခဲ့သည့် အဆောက်အအုံများအား လုံခြုံရေးအဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့ဝင်များက ဖြိုချဖျ-က်ဆီးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။ KK Park နယ်မြေရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ ကျူးလွန်ရာတွင်အသုံးပြုခဲ့သည့် အဆောက်အအုံ (၆၃၅)လုံးအား လုံခြုံရေးအဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့ဝင်များမှ ဖြိုချဖျ-က်ဆီးမှုများပြုလုပ်လျက်ရှိရာ ဒီဇင်ဘာ ၁၅ ရက်အထိ အဆောက်အအုံ(၄၄၄)လုံးကို စနစ်တကျဖြိုချဖျ-က်ဆီးခဲ့ပြီးဖြစ်ကြောင်း သိရသည်။ ထို့ကြောင့် ဖြိုချဖျ-က်ဆီးရန် အဆောက်အအုံ(၁၉၁)လုံးကျန်ရှိနေသဖြင့် ဆက်လက်ဖြိုချဖျ-က်ဆီးမှုများကို စနစ်တကျဆက်လက်ဆောင်ရွက်လျက်ရှိကာ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်ရာတွင်အသုံးပြုသော ပစ္စည်းများအားထပ်မံအသုံးပြုနိုင်ခြင်းမရှိစေရန်လည်း စနစ်တကျမီးရှို့ဖျ-က်ဆီးလျက်ရှိကြောင်း သိရသည်။ ထို့အတူ ရွှေကုက္ကိုလ်နယ်မြေမှဖမ်းဆီးရမိခဲ့သည့် တရားမဝင်ပြည်ပနိုင်ငံသားများဖြစ်ဆသာ အီသီယိုးပီးယားနိုင်ငံသား(၄၅)ဦး၊ ယူဂန်ဒါနိုင်ငံသား(၃၉)ဦး၊ သီရိလင်္ကာနိုင်ငံသား(၂၅)ဦး၊ ဘူရွန်ဒီနိုင်ငံသား(၆)ဦး၊...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071