မလေးရှားတပ်မတော်မှ အိမ်ရှင်အဖြစ်လက်ခံကျင်းပသည့် (၂၂)ကြိမ်မြောက် အာဆီယံတပ်မတော်ကာကွယ်ရေး ဦးစီးချုပ်များအစည်းအဝေးကို ယနေ့ စက်တင်ဘာ ၁၀ ရက်နံနက်ပိုင်းက မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့၌ ကျင်းပခဲ့သည်။
အစည်းအဝေးသို့ မြန်မာ့တပ်မတော်မှ နိုင်ငံ တော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော် မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် (ကိုယ်စား)ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ စစ်ဦးစီးအရာရှိချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်ကြီး သန်းထိုက် တက်ရောက်ခဲ့သည်။
ဒု-ဗိုလ်ချုပ်ကြီးသန်းထိုက်မှ အစည်းအဝေးပြီး၍ မွန်းလွဲပိုင်း၌ မလေးရှားတပ်မတော်ကာကွယ်ရေးဦးစီးချုပ် General Tan Sri Haji Mohd Nizam bin Haji Jaffar ၊ ထိုင်းဘုရင့်တပ်မတော် ဒု-ကာကွယ်ရေးဦးစီးချုပ် General Ukris Boontanondha၊ လာအိုအမျိုးသားကာကွယ် ရေးဝန်ကြီးဌာန ဒု-ဝန်ကြီးနှင့် စစ်ဦးစီးဌာနအကြီးအကဲ Major General Saichai Kommasith နှင့် ကမ္ဘောဒီးယားဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ် General Vong Pisen တို့နှင့်သီးခြားစီတွေ့ဆုံကာ နှစ်နိုင်ငံဆွေးနွေးခြင်း များပြုလုပ်ခဲ့ကြသည်။
ထိုသို့ တွေ့ဆုံစဥ် နှစ်နိုင်ငံတပ်မတော်နှစ်ရပ်ကြား ချစ်ကြည်ရင်းနှီးမှု ပိုမိုတိုးမြှင့်ဆောင်ရွက်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။
နိုင်ငံ(၄)နိုင်ငံမှ တပ်မတော်ခေါင်းဆောင်များနှင့်ဒုတိယဗိုလ်ချုပ်ကြီးသန်းထိုက်တွေ့ဆုံ
