ပြည်ထောင်စုရေကောက်ပွဲကော်မရှင်(UEC)မှ ဥပဒေနှင့်အညီဆောင်ရွက်နိုင်ခြင်းမရှိသည့် မှတ်ပုံတင်ထားသော နိုင်ငံရေးပါတီ(၄)ခုကို ဖျက်သိမ်းခဲ့သည်ဟု ယနေ့ စက်တင်ဘာ ၉ ရက်က ကြေညာချက်အမှတ် ၉၅ /၂၀၂၅ ဖြင့် ထုတ်ပြန်ခဲ့သည်။
နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၁၂ ပုဒ်မခွဲ(က) ပုဒ်မခွဲငယ်(၉ )နှင့် (၁၀)အရ သတ်မှတ်ရက်ဖြစ်သော စက်တင်ဘာ ၇ ရက်အထိ ပုဒ်မ ၅ ပုဒ်မခွဲ (စ)ပါ သတ်မှတ်ပါတီဝင်ဦးရေမပြည့်မီသည့် အမျိုးသားဒီမိုကရေစီအင် အားစုပါတီ(NDF)အား နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထားခြင်းကိုပယ်ဖျက်၍ နိုင်ငံရေးပါတီအဖြစ်မှ ဖျက်သိမ်းခဲ့သည်။
ထို့ပြင် ပုဒ်မ ၅ ပုဒ်မခွဲ(ဇ)ပါ ပါတီရုံးခန်းများ သတ်မှတ်အရေအတွက်မပြည့်မှီသော အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီ(DNP)၊ အမျိုးသမီးပါတီ(မွန်)နှင့် ပြည်ထောင်စုလယ်သမားအလုပ်သမားအင်အားစုပါတီတို့ကိုလည်း နိုင်ငံ ရေးပါတီအဖြစ် မှတ်ပုံတင်ထားခြင်းကိုပယ်ဖျက်၍ နိုင်ငံရေးပါတီအဖြစ်မှ ဖျက်သိမ်းခဲ့သည်။
ထိုသို့ ဖျက်သိမ်းခြင်းအား နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၁၂ ပုဒ်မခွဲ(ခ)အရ ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
UEC ကမှတ်ပုံတင်ထားသည့် နိုင်ငံရေးပါတီ(၄)ခုကိုဖျက်သိမ်း
