ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် စက်တင်ဘာ ၇ ရက်ညနေ ၅ နာရီခွဲကျော်ခန့်က လမ်းလျှောက်နေသည့် အမျိုးသမီးတစ်ဦးထံမှ ဖုန်းနှင့် ရွှေလက်စွပ်တို့ကို ဓားမြတိုက်လုယက်သောလူငယ်များအား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
မြစ်ကြီးနားမြို့၊ ကချင်စုရပ်ကွက်၊ တာရိုးကုန်းလမ်းတွင် လူငယ်အမျိုးသား(၆)ဦးက လမ်းလျှောက်နေသည့် အမျိုးသမီးတစ်ဦးအားဓားဖြင့်ထေ-ာက်၍ ဖုန်းနှင့် ရွှေလက်စွပ်တို့ကို ဓားမြတို-က်လုယက်စဥ် ရပ်ကွက်နေသူများက ဝိုင်းဝန်းဖ-မ်းဆီးခဲ့ကြကြောင်း သိရသည်။
ထို့ကြောင့် လူငယ်အမျိုးသား(၆)ဦးအနက် အမျိုးသား(၄)ဦးကို ၎င်းတို့မောင်းနှင်လာသော ဆိုင်ကယ်တစ်စီးနှင့်အတူဖ-မ်းဆီးရရမိခဲ့သဖြင့် ဝိုင်းဝန်းဖ-မ်းဆီးပေးခဲ့ကြသူများက သက်ဆိုင်ရာရဲစခန်းသို့ လွှဲပြောင်းအပ်နှံပေးခဲ့ကြပြီး လူယက်ခံရသူအမျိုးသမီး၏လက်တွင် လုယက်သူများမှဓ-ားဖြင့်ခု-တ်ခဲ့မှုကြောင့် ပြ-တ်ရှဒ-ဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ထို့ပြင် တာဝန်ရှိသူများမှလည်းထွက်ပြေးတိမ်းရှောင်သွားသူ(၂)ဦးအား ထပ်မံဖမ်းဆီးရမိရအတွက် စုံစမ်းစစ်ဆေးမှုများကို ဆက်လက်ပြုလုပ်လျက်ရှိကြောင်း သိရသည်။
