ငလျင်ဒဏ်သင့် ရတနာပုံဈေးကြီးကို ပြန်လည်ပြင်ဆင်မှုများအပြီး ပုံမှန်အတိုင်းပြန်လည်ဖွင့်လှစ်တော့မည်ဟု ဈေးအကျိုးတော်ဆောင်အဖွဲ့ကို ကိုးကား၍ မန္တလေးသတင်းကွန် ရက်က ဖော်ပြသည်။
စက်တင်ဘာ (၁၅)ရက်မှစတင်ကာ ရတနာပုံဈေးကြီးရှိ ဆိုင်ခန်းများကို ပြန်လည်ဖွင့်လှစ်မည်လည်း ဖြစ်သည်။
ရတနာပုံဈေးကြီးသည် မန္တလေးမြို့၊ (၇၈)လမ်းနှင့် (၃၄) လ မ်းထောင့်တွင် တည်ရှိကာ ငလျင်ကြီးကြောင့် ဈေးကြီးအတွင်းရှိ အလိပ်တခါးများ၊ အုတ်နံရံများ၊ သန့်စင်ခန်း ၊ တိုင်နှင့်ထုတ်တန်းအချို့ပျက်စီးခဲ့သည်ဟု သိရသည်။
လက်ရှိ၌ ပြန်လည်ပြင်ဆင်ပြီးပြဖိဖြစ်သောကြောင့် စျေးသူစျေးသားများအနေဖြင့် စက်တင်ဘာ (၇)ရက်မှ စတင်ကာ မိမိဆိုင်ခန်းကို သန့်ရှင်းရေးနှင့် ပြင်ဆင်မွမ်းမံမှုတို့ကို စတင်ပြုလုပ်နိုင်ပြီဖြစ်ကြောင်းလည်း ဖော်ပြထားသည်။
