ယနေ့ စက်တင်ဘာ (၃)ရက် ညနေ (၄) နာရီအချိန်က ရန်ကုန်မြို့ သုဝဏ္ဏကွင်းတွင် ယူ-၂၃ အာရှဖလားဝင်ရောက်ခွင့်ခြေ စစ်ပွဲစဉ် တစ်ခုဖြစ်သည့် မြန်မာ နှင့် ကူဝိတ်အသင်းတို့ ယှဉ် ပြိုင်ကစားရာ ပွဲပြီးဆုံးချိန်တွင် ဂိုးသွင်းယူနိုင်ခြင်းမရှိကြဘဲ သရေရလဒ်ထွက်ပေါ်ခဲ့သည်။
ယနေ့ အုပ်စုအဖွင့် ပွဲစဉ်တွင် ပထမပိုင်းပွဲချိန်နှင့် ဒုတိယပိုင်းပွဲချိန်အထိ ပြိုင်ဘက်အသင်း (၂) သင်းလုံး အနိုင်ဂိုးသွင်းယူနိုင်ခြင်းမရှိကြခြင်းလည်း ဖြစ်သည်။
မြန်မာအသင်းသည် စက်တင်ဘာ (၆) ရက်တွင် ဂျပန်အသ င်း၊ စက်တင်ဘာ (၉)ရက်တွင် အာဖဂန်နစ္စတန် အသင်းတို့ဖြင့် အသီးသီးယှဉ်ပြိုင်ရဦးမည်ဖြစ်သည်။
အာရှ ယူ-၂၃ ခြေစစ်ပွဲအတွက် အုပ်စု (၁၁) ခုမှ အုပ်စုပထမ တစ်သင်းစီနှင့် အကောင်းဆုံး အုပ်စုဒုတိယ (၄) သင်း၊ စုစု ပေါင်း (၁၅)သင်း ခြေစစ်ပွဲအောင်မည် ဖြစ်သည်။
မြန်မာအသင်းသည် ခြေစစ်ပွဲ အုပ်စု (B) ပွဲစဉ်များကို အိမ်ရှ င်အဖြစ် လက်ခံကျင်းပခွင့်ရရှိထားခြင်းဖြစ်ပြီး မြန်မာ့လက် ရွေးစင် ယူ -၂၃ အသင်းအား ဂျပန်နည်းပြ ကူရိုမှ တာဝန်ယူ ကိုင်တွယ်နေခြင်းဖြစ်သည်။
