Monday, May 4, 2026

ပြုံယမ်းနှင့်‌မော်စကိုတို့၏ ကာကွယ်ရေးပဋိညာဉ်က တရုတ်ကို စိုးရိမ်စေ

မြောက်ကိုရီးယားနှင့် ရုရှားနိုင်ငံတို့အကြား (၅) နှစ်တာ ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှု အစီအစဉ်သည် မြောက်ကိုရီးယား၏ စစ်ဘက်ဆိုင်ရာ ခေတ်မီတိုးတက်ရေးကို ကဏ္ဍစုံမှ အရှိန်မြှင့်တင်ပေးနိုင်သောကြောင့် တရုတ်နိုင်ငံအနေဖြင့် စိုးရိမ်မကင်းဖြစ်ကောင်းဖြစ်နိုင်သည်ဟု...

ရေနံစိမ်းထောက်ပံ့ဖြည့်တင်းမှုအရေး အာဆီယံ၊ ဂျပန်၊ တရုတ်၊...

အာဆီယံ၊ ဂျပန်၊ တရုတ်နှင့် တောင်ကိုရီးယားနိုင်ငံများ၏ ဘဏ္ဍာရေးအကြီးအကဲများသည် အရှေ့အလယ်ပိုင်းပဋိပက္ခကြောင့် ရေနံစိမ်းထောက်ပံ့ဖြည့်တင်းမှုနှင့်ပတ်သက်၍ ၎င်းတို့သည် စိုးရိမ်ပူပန်နေကြကြောင်း တနင်္ဂနွေနေ့တွင် ပြောကြားခဲ့ကြပြီး တူညီသော စိန်ခေါ်မှု...

ဟော်မုဇ် ရေလက်ကြားအနီးယူအေအီးကမ်းလွန်တွင် ရေနံတင်သင်္ဘောတစ်စင်းအပစ်ခံရ

လန်ဒန်၊ မေ ၄ ရက် အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး)၏ ကမ်းလွန်တွင် တနင်္ဂနွေနေ့ ညနေပိုင်းက ရေနံတင်သင်္ဘောတစ်စင်းကို မည်သည့်အဖွဲ့ကမှန်းမသိသော အဖွဲ့က ပစ်ခတ်ခဲ့ကြောင်း ယူကေ...

ဖိလစ်ပိုင်တွင် မီးတောင်မှပြာများကျ၍ မြို့ရွာများမှောင်အတိကျ

မေလ ၄ ရက် မေယွန် မီးတောင်၏ တောင်စောင်းများမှ ချော်ရည်များ ပြိုကျမှုကြောင့် ပြီးခဲ့သည့် သီတင်းပတ်ကုန်က မီးတောင်ပြာများ အများအပြား ထွက်ပေါ်လာခဲ့ပြီးနောက် မိသားစုပေါင်း...
HomeInternationalတရုတ်ကို မသွားမီယူအက်စ်၏ ကုန်သွယ်ရေးပိတ်ဆို့မှုများကို...

တရုတ်ကို မသွားမီယူအက်စ်၏ ကုန်သွယ်ရေးပိတ်ဆို့မှုများကို ပူတင် ရှုတ်ချ

တရုတ်နိုင်ငံသို့ အလည်အပတ်မသွားရောက်မီတစ်ရက်အလိုတွင် ရုရှားသမ္မတ ဗလာဒီမာပူတင်က ကုန်သွယ်ရေးပိတ်ဆို့မှုများ၏ဒ-ဏ်နှင့် ယူကရိန်းစစ်ပွဲ ကုန်ကျစရိတ်များကြောင့် နိုင်ငံ၏ စီးပွားရေးဆုတ်ယုတ်ကျဆင်းနေမှုအတွက် ယူအက်စ်၏ ပိတ်ဆို့အရေးယူမှုများကို ရှုတ်ချခဲ့သည်။

ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်မှုတွင် ခွဲခြားဆက်ဆံသည့် ပိတ်ဆို့အရေးယူမှုများကို ရုရှားနှင့် တရုတ်နိုင်ငံတို့က ပူးတွဲဆန့်ကျင်ကြောင်း စနေနေ့တွင် ဖော်ပြခဲ့သည့် တရုတ်အစိုးရပိုင် ရှင်းဟွာသတင်းဌာနနှင့် စာဖြင့်အင်တာဗျူးတွင် ပူတင်က ဖြေကြားခဲ့သည်။

ခရမ္မလင်က မကြုံစဖူးဟု ခေါ်တွင်သော ခရီးစဉ်ဖြင့် ပူတင်သည် ရုရှား၏ အကြီးဆုံးကုန်သွယ်ဖက်ဖြစ်သော တရုတ်နိုင်ငံတွင် တနင်္ဂနွေနေ့မှ ဗုဒ္ဓဟူးနေ့အထိ လေးရက်ကြာခရီးရောက်ရှိနေမည်ဖြစ်သည်။

ရုရှားခေါင်းဆောင်သည် တရုတ်မြောက်ပိုင်း ဆိပ်ကမ်းမြို့ တီယန်ကျင်းတွင် ကျင်းပမည့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့(SCO) ၏ နှစ်ရက်ကြာ ထိပ်သီးအစည်းအဝေးကို ပထမဦးစွာ တက်ရောက်မည်ဖြစ်သည်။ လုံခြုံရေးကို အဓိကရည်ရွယ်သော SCO ကို ၂၀၀၁ ခုနှစ်တွင် ဥရောပအာရှနိုင်ငံများက တည်ထောင်ခဲ့ပြီး ယခုအခါ အီရန်နှင့် အိန္ဒိယနိုင်ငံတို့ပါ ပါဝင်လာကာ အမြဲတမ်းအဖွဲ့ဝင် ၁၀ နိုင်ငံ ရှိလာပြီဖြစ်သည်။

အဆိုပါ အစည်းအဝေးအပြီးတွင် ပူတင်သည် တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် တွေ့ဆုံရန်နှင့် တရုတ်မြို့တော်တွင် ကျင်းပမည့် ဒုတိယကမ္ဘာစစ်ပြီးဆုံးခြင်း အထိမ်းအမှတ် စစ်ရေးပြအခမ်းအနားကို တက်ရောက်ရန် ပေကျင်းသို့ ဆက်လက်သွားရောက်မည်ဖြစ်သည်။

ရုရှားသည် ၂၀၂၂ ခုနှစ်တွင် ယူကရိန်းကို ကျူးကျော်ခဲ့ပြီးနောက် အနောက်၏ ပိတ်ဆို့အရေးယူမှုအများအပြားဖြင့် ရင်ဆိုင်ခဲ့ရသည်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ငြိမ်းချမ်းရေးသဘောတူညီချက် ရရှိရန် ကြိုးပမ်းမှုတွင် ဖြစ်နိုင်ခြေရှိ မရှိအပေါ် မူတည်၍ ရုရှားအပေါ် ကြီးမားသော ပိတ်ဆို့အရေးယူမှုများ ချမှတ်နိုင်သည်ဟု ပြောကြားထားသည်။

“အနှစ်ချုပ်ပြောရရင် ကျွန်တော်တို့ နှစ်နိုင်ငံအကြား စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု၊ ကုန်သွယ်ရေးနဲ့ စက်မှုလုပ်ငန်းပူးပေါင်းဆောင်ရွက်မှုတွေဟာ နယ်ပယ်ပေါင်းစုံမှာ တိုးတက်နေပါတယ်” ဟု တရုတ်နိုင်ငံနှင့် ပတ်သက်၍ ပူတင်က ပြောကြားခဲ့သည်။

“ကျွန်တော့်ရဲ့ လာမယ့်ခရီးစဉ်အတွင်းမှာ နှစ်နိုင်ငံ အကျိုးတူ ပူးပေါင်းဆောင်ရွက်မှုအတွက် နောက်ထပ်အလားအလာတွေနဲ့ ရုရှားနဲ့ တရုတ်ပြည်သူတွေရဲ့ အကျိုးစီးပွားအတွက် အရှိန်အဟုန်မြှင့်လုပ်ဆောင်မယ့် ခြေလှမ်းသစ်တွေကို သေချာပေါက်ဆွေးနွေးသွားမှာပါ” ဟု ၎င်းက ပြောကြားခဲ့သည်။

Ref: အင်န်ဒီတီဗီ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ပြုံယမ်းနှင့်‌မော်စကိုတို့၏ ကာကွယ်ရေးပဋိညာဉ်က တရုတ်ကို စိုးရိမ်စေ

မြောက်ကိုရီးယားနှင့် ရုရှားနိုင်ငံတို့အကြား (၅) နှစ်တာ ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှု အစီအစဉ်သည် မြောက်ကိုရီးယား၏ စစ်ဘက်ဆိုင်ရာ ခေတ်မီတိုးတက်ရေးကို ကဏ္ဍစုံမှ အရှိန်မြှင့်တင်ပေးနိုင်သောကြောင့် တရုတ်နိုင်ငံအနေဖြင့် စိုးရိမ်မကင်းဖြစ်ကောင်းဖြစ်နိုင်သည်ဟု အကဲခတ်များက ဆိုထားသည်။ ရုရှားအစိုးရပိုင် တာ့စ် သတင်းဌာန၏ အဆိုအရ ရုရှားကာကွယ်ရေးဝန်ကြီး အန်ဒရေ ဘီလိုဆိုဗ် သည် ဧပြီလ ၂၆ ရက် နေ့က ပြုံယမ်းမြို့တွင် မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းနှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး နှစ်နိုင်ငံအကြား ဆက်ဆံရေးသည် "မကြုံစဖူး အဆင့်မြင့်မားသည့် အနေအထား" သို့ ရောက်ရှိနေကြောင်း ဘီလိုဆိုဗ် က...

ရေနံစိမ်းထောက်ပံ့ဖြည့်တင်းမှုအရေး အာဆီယံ၊ ဂျပန်၊ တရုတ်၊ တောင်ကိုရီးယားတို့ရတက်မအေး

အာဆီယံ၊ ဂျပန်၊ တရုတ်နှင့် တောင်ကိုရီးယားနိုင်ငံများ၏ ဘဏ္ဍာရေးအကြီးအကဲများသည် အရှေ့အလယ်ပိုင်းပဋိပက္ခကြောင့် ရေနံစိမ်းထောက်ပံ့ဖြည့်တင်းမှုနှင့်ပတ်သက်၍ ၎င်းတို့သည် စိုးရိမ်ပူပန်နေကြကြောင်း တနင်္ဂနွေနေ့တွင် ပြောကြားခဲ့ကြပြီး တူညီသော စိန်ခေါ်မှု အခက်အခဲများကို ဖြေရှင်းရာတွင် ပိုမိုစည်းလုံးညီညွတ်ရန် သဘောတူခဲ့ကြသည်။ အရှေ့အလယ်ပိုင်းတွင် ပဋိပက္ခများ မြင့်တက်လာခြင်းသည် ဒေသတွင်း အလားအလာအပေါ် ဆိုးကျိုးအန္တရာယ်များကို သိသိသာသာတိုးပွားစေခဲ့သည့် ဥဇဘက်ကစ္စတန်နိုင်ငံ ဆာမာကန်တွင် ကျင်းပသော အာရှဖွံ့ဖြိုးရေးဘဏ်၏ နှစ်ပတ်လည်အစည်းအဝေး၏ ဘေးဆွယ်ဆွေးနွေးပွဲများတွင် အတည်ပြုခဲ့သော ကြေညာချက်၌ ဘဏ္ဍာရေးဝန်ကြီးများနှင့် ဗဟိုဘဏ်ဥက္ကဌများက ပြောကြားခဲ့သည်။ ငွေကြေးဈေးကွက်များတွင် အလွန်အကျွံ့မတည်ငြိမ်မှုနှင့် ရှုပ်ထွေးသော လှုပ်ရှားမှုများမှ ဖြစ်ပေါ်လာသော အန္တရာယ်များကို...

ဟော်မုဇ် ရေလက်ကြားအနီးယူအေအီးကမ်းလွန်တွင် ရေနံတင်သင်္ဘောတစ်စင်းအပစ်ခံရ

လန်ဒန်၊ မေ ၄ ရက် အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး)၏ ကမ်းလွန်တွင် တနင်္ဂနွေနေ့ ညနေပိုင်းက ရေနံတင်သင်္ဘောတစ်စင်းကို မည်သည့်အဖွဲ့ကမှန်းမသိသော အဖွဲ့က ပစ်ခတ်ခဲ့ကြောင်း ယူကေ ရေကြောင်းကုန်သွယ်မှု လုပ်ငန်းအဖွဲ့ က ပြောကြားခဲ့သည်။ အဆိုပါအဖွဲ့က ၎င်းတို့၏ X လူမှုကွန်ရက်စာမျက်နှာရှိ ပို့စ်တစ်ခုတွင် ရေးသားဖော်ပြရာ၌ တနင်္ဂနွေနေ့ ဂရင်းနစ်စံတော်ချိန် ၁၉၄၀ နာရီခန့်တွင် အဆိုပါသင်္ဘောထံမှ သတင်းပေးပို့ချက်ကို လက်ခံရရှိခဲ့ခြင်းဖြစ်သည်ဟု ဆိုထားသည်။ အဆိုပါ သတင်းပို့ချက်အရ သင်္ဘောသည် ဟော်မုဇ်ရေလက်ကြားအနီးရှိ ယူအေအီး နိုင်ငံ ဖူဂျိုင်ရာ မြို့၏ မြောက်ဘက်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071