ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ ခြင်ဆီကင်ဆာရောဂါလူနာ (၄) ဦးအား ခြင်ဆီအစားထိုးကုသခဲ့ရာ အောင်မြင်စွာဆော င်ရွက်နိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါ (၄)ဦးအနက် (၃)ဦးမှာ ကျန်းမာရေးကောင်းမွန်၍ ဆေးရုံမှဆင်းသွားကြပြီဖြစ်ပြီး ကျန်(၁)ဦးမှာလည်း ကျန်းမာရေးကောင်းမွန်လျက်ရှိကြောင်း သိရသည်။
ဆေးရုံဆင်းသည့် လူနာ(၃)ဦးမှာ မန္တလေးတိုင်းဒေသကြီးမှ (၆၃) နှစ်အရွယ် လူနာတစ်ဦး၊ စစ်ကိုင်းတိုင်း ဒေသကြီးမှ (၂၉)နှစ်အရွယ် အမျိုးသားတစ်ဦးနှင့် ပြည်မြို့မှ အသက် (၅၅) နှစ်အရွယ်အမျိုးသမီးတစ်ဦးဖြစ်ကြောင်း သိရသည်။
ကျန်းမာရေး ကုန်ကျစရိတ်သက်သာစေရေးအတွက် ခြင်ဆီအစားထိုးကုသခြင်းများကို ပြည်တွင်း၌ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်ဆေးရုံကြီးမှ သိရသည်။
ခြင်ဆီအစားထိုးကုသမှုကို ယခင်အစိုးရလက်ထက် ၂၀၁၆ ခုနှစ်တွင် စတင်ဆောင်ရွက်နိုင်ခြင်းဖြစ်ပြီး ယခုခွဲစိတ်မှုအပါအဝင် (၂၃) ဦးကို အစားထိုးကုသနိုင်ခဲ့ကြောင်း သိရသ ည်။
