သီတဂူဆရာတော်ကြီးအား ယနေ့ သြဂုတ် ၂၉ ရက်က စစ်ကိုင်းတောင်ရိုးပေါ်ရှိ သီတဂူအပြည်ပြည်ဆိုင်ရာဝိပဿနာအကယ်ဒမီရှိ သံဝေဇနိယဓမ္မဗိမာန်တော်ကြီးတွင် ရွှေကျင်နိကာယဂိုဏ်းလုံးဝန်ဆောင် အကျိုးတော်ဆောင်ဆရာတော်များမှ သောဠသမ ရွှေကျင်သာသနာပိုင်ဘွဲ့တံဆိပ်တော်များ၊ အဆောင်ယောင်များကိုဆက်ကပ်ခဲ့ကြသည်။
သီတဂူဆရာတော်ကြီးအားဆက်ကပ်သည့် ဘွဲ့တံ ဆိပ်တော်အပြည့်စုံမှာ“ရွှေကျင်နိကာယာဓိပတိ ဥက္ကဋ္ဌ၊ မဟာနာယကဓမ္မသေနာပတိ၊ သောဠသမ” ဖြစ်ပြီး ရွှေကျင်သာသနာပိုင်ဘွဲ့တံဆိပ်တော် ဆက်ကပ်ရခြင်းနှင့်ပတ်သက်၍ အကျိုးတော်ဆောင်ချုပ်ဆရာတော် အဝေရာရာမ ရန်ကင်းဆရာတော်က လျှောက်ထားခဲ့သည်။
ထို့နောက် သီတဂူဆရာတော်ကြီးအား ဘွဲ့ပုံတော်လက်မှတ်ကို အကျိုးတော်ဆောင်ချုပ် ဝိဇ္ဇာလင်္ကာရဆရာတော်ကြီး၊ သာသနာပိုင်အလံတော်ကို အကျိုးတော်ဆောင်ချုပ် အဝေရာရာမ ရန်ကင်းဆရာတော်၊ ဘွဲ့တံဆိပ်တုံးများကို အကျိုးတော်ဆောင် ကျောက်မဲဆရာတော်တို့က ဆက်ကပ်ခဲ့ကြသည်။
