လာမည့် ၂၀၂၅ ခုနှစ် ဒီဇင်ဘာ လကုန်ပိုင်းတွင် ကျင်းပရန် ရှိနေသည့် အထွေထွေရွေးကောက်ပွဲတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စည်းရုံမည့် ပါတီ(၉)ခုနှင့် တိုင်းနှင့် ပြည်နယ်တစ်ခုတည်း၌ စည်းရုံမည့်ပါတီ (၅၂)ပါတီ ရှိကြောင်း UEC ထံမှ သိရသည်။
ပြည်တွင်းသတင်းဌာနတစ်ခု၏ မေးမြန်းချက်ကို ပြည်ထော င်စု ရွေးကောက်ပွဲကော်မရှင်က မှတ်ပုံတင်ခွင့်ပြုပြီးဖြစ်သည့် တည်ဆဲ နိုင်ငံရေးပါတီ (၆၁)ပါတီ၏ စာရင်းအား ဇယားနှင့်တကွ ပြန်လည်ဖြေကြားထားခြင်းလည်း ဖြစ်သည်။
UEC ၏ ဖြေကြားချက်အရ ပြည်ထောင်စုတစ်ဝန်းလုံးစည်း ရုံးမည့် ပါတီများတွင် ပြည်ထောင်စု ကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ၊ ပြည်သူရှေ့ဆောင်ပါတီ ၊ ပြည်သူ့ပါတီ၊ အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီ၊ ကျားဖြူပါတီစသည့် အင်အားကြီး ပါတီများ အပါအဝင် ပါတီ(၉) ခုကို တွေ့ရသည်။
ထို့ပြင် တိုင်းဒေကြီးနှင့် ပြည်နယ်တစ်ခုချင်း၌ စည်းရုံးမည့်ပါတီ များအနေဖြင့် မြန်မာပြည်သူ့ ဒီမိုကရက်တစ်ပါတီ၊ ဒီမိုကရေစီပါတီသစ်(ကချင်) ၊ ရခိုင့်ဦးဆောင်ပါတီ၊ အမျိုးသား ဒီမိုကရေစီ ပါတီသစ်၊ ဖလုံ – စဝေါ် ဒီမိုကရက်တစ်ပါတီ စသည်တို့ အပါအဝင် ပါတီ (၅၂)ပါတီ ရှိကြောင်း သိရသည်။
အဆိုပါ ပါတီများ၏ ပါတီအမည်စာရင်း အပြည့်အစုံကို အ များပြည်သူ သိရှိနိုင်စေရန် ယခုလို ပြန်လည်ဖော်ပြ ပေးလိုက် ရပါသည်။
