ဩဂုတ် ၂၇
တေလာဆွစ်ဖ် နဲ့ ထရက်ဗစ် ကယ်လ်စ် တို့ရဲ့ ဆက်ဆံရေးဟာ ချစ်သူရည်းစားအဆင့်ကနေ တရားဝင်စေ့စပ်ခြင်းအဆင့်ကို ရောက်ရှိလို့သွားပြီဖြစ်ပါတယ်။
“မင်းရဲ့ အင်္ဂလိပ်စာဆရာနဲ့ မင်းရဲ့ ဂျင်မ်ဆရာ တို့က အိမ်ထောင်ပြုတော့မယ်” ဆိုတဲ့ စာတန်း နဲ့ အင်စတာဂရမ်မှာ တစ်ပြိုင်တည်းပို့စ်တင်ပြီး စေ့စပ်ကြတဲ့ကြောင်းကို အင်္ဂါနေ့က ကြေညာခဲ့ကြပါတယ်။
ဒီသတင်းက အခုလအစောပိုင်းမှာ
ကယ်လ်စ် ရဲ့ နူးဟိုက်စ် ပေါ့ဒ်ကတ်စ်မှာ ဆွစ်ဖ် ပေါ်လာပြီး သူတို့ကြားကချစ်ခင်မှုကို ထင်ရှားစေခဲ့ပါတယ်။
ဆွစ်ဖ်နဲ့ ကယ်လ်စ်တို့ရဲ့ နှစ်နှစ်နီးပါး အချစ်ခရီးလမ်း အစကတော့ ကယ်လ်စ် ရဲ့ဖုန်းနံပါတ်နဲ့ ခင်မင်မှု အထိမ်းအမှတ်လက်ကောက်ကနေ စခဲ့တာပါပဲ။
သူ့ရဲ့ ပေါ့တ်ကတ်စ် ဖြစ်တဲ့ နူးဟိုက်စ် ရဲ့ ၂၀၂၃ အပိုင်းမှာ ကယ်လ်စ် က “အီရာတိုး” ဖျော်ဖြေပွဲတစ်ခုမှာ ဆွစ်ဖ်ကိုလက်ကောက်ကိုပေးဖို့ ကြိုးစားခဲ့တဲ့အကြောင်းကို ဝန်ခံခဲ့ပါတယ်။
၂၀၂၄ စူပါဘိုး ချိဖ်စ် ပွဲစဉ်တွေမှာ အနိုင်ရပြီးတဲ့နောက် ကွင်းထဲမှာခေါ်ယူပြီး နမ်းတာ၊ ပြီးတော့ လန်ဒန်က ဆွစ်ဖ် ရဲ့ အီရာတိုး ဖျော်ဖြေပွဲမှာ ကယ်လ်စ်က စင်ပေါ် မှာ ဘွားကနဲ ပေါ်လာတဲ့ လုပ်ရပ်၊ ဒါတွေကသူတို့စုံတွဲရဲ့ ရုပ်ရှင်မဟုတ်တဲ့ လက်တွေ့ ဘဝက ရို့မန်တစ်ကော်မဒီဇာတ်လမ်းလို ဖြစ်လာခဲ့ပါတယ်။
ဆွစ်ဖ် ဟာ အိမ်ရှေ့မင်းသား ဝီလျှံ နဲ့ သူ့ ကလေးသုံးဦးတို့ရဲ့ လန်ဒန်ဖျော်ဖြေပွဲကို တက်ခဲ့တုန်းက ၂၀၂၄ ခုနှစ်မှာ ကယ်လ်စ် နဲ့ ဓာတ်ပုံတစ်ပုံကို တင်ခဲ့ပြီးတော့ ဇူလိုင်လမှာ ကယ်လ်စ် ဟာ နွေရာသီအားလပ်ရက် စုံတွဲပုံတွဲကိုတင်ခဲ့ ပါသေးတယ်။
ပို့စ်နှစ်ခုလုံးဟာ ဆွစ်ဖ် နဲ့ ကယ်လ်စ် တို့ရဲ့ အင်စတာဂရမ် စာမျက်နှာတွေပေါ် မှာ တစ်ယောက်နဲ့ တစ်ယောက် ဓာတ်ပုံတင်တဲ့ပထမဆုံး အကြိမ်ဖြစ် ပါတယ်။
၁၄ ကြိမ် ဂရမ်မီဆုရှင် ဆွစ်ဖ် နှင့် စူပါဘိုးချန်ပီယံ ကယ်လ်စ်တို့ တွဲကြတဲ့သတင်းက စတွဲတဲ့ အချိန်ထဲကပရိသတ်တွေက စိတ်ဝင်းစားကြပြီးတော့ သဘောလည်းတူခဲ့ကြတာပါ။
Source: CNN
