Tuesday, December 16, 2025

ဆီးဂိမ်းတွင် မြန်မာက ရွှေတံဆိပ် သုံးခုဖြင့်...

ထိုင်းနိုင်ငံ၌ ကျင်းပနေသည့် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ၏ ဆုတံဆိပ်ရရှိမှုဇယား၌ မြန်မာက ရွှေတံဆိပ် သုံးခုဖြင့် နိုင်ငံအလိုက် အဆင့် (၇) တွင် ရှိနေသည်။ ယင်းဇယားသည် ယမန်နေ့...

နွားထိုးကြီးမြို့နယ်၌ လျှပ်စစ်မီးပြန်လည်ရရှိ

အကြမ်းဖက်အဖွဲ့ဝင်များ၏ ဖျက်ဆီးမှုများကြောင့်  မန္တ လေးတိုင်း၊ နွားထိုးကြီးမြို့နယ်၌ လျှပ်စစ်ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံများထိခိုက်ပျက်စီးခဲ့ပြီး လျှပ် စစ်ဓာတ်အားပြတ်တောက်မှုများဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။ ထို့ကြောင့် လုံခြုံရေးအဖွဲ့ဝင်များက လုံခြုံရေးလုပ်ငန်းများဆောင်ရွက်ပေးပြီးနောက် ၂၃၀...

ရန်ကုန်လေဆိပ်အဝင် Y တံတားအနီးရှိ တိုက်တစ်လုံးမီးလောင်

ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်၊ ရန်ကုန်လေ ဆိပ်အဝင် Y တံတားအနီးရှိ တိုက်တစ်လုံးတွင် ယနေ့ ဒီဇင်ဘာ ၁၆ ရက်နံနက် ၄ နာရီကျော်ခန့်က...

မြန်မာနိုင်ငံ၌ရွေးကောက်ပွဲကျင်းပပြီးပါက ပိုမိုကောင်း မွန်သောနယ်ပယ်များပေါ်ထွန်းလာမည့် အခြေအနေ...

မြန်မာနိုင်ငံ၌ရွေးကောက်ပွဲကျင်းပပြီးပါက ပိုမိုကောင်း မွန်သောနယ်ပယ်များပေါ်ထွန်းလာမည့် အခြေအနေ များကို နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်အဖွဲ့ဝင် ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ)ဗိုလ်ချုပ်ကြီးကျော်စွာလင်းနှင့် မြန်မာနိုင်ငံဆိုင် ရာ အိန္ဒိယသံအမတ်ကြီး...
HomeNewsLocal NewsYuntianhua Group က...

Yuntianhua Group က မြန်မာကျောင်းသား ၅၀၀ ကျော်ကို ပညာသင်ဆုများပေးအပ်

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ကုမ္ပဏီတစ်ခုဖြစ်သည့် Yuntianhua Group က ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ်ကျောင်းသား/ကျောင်းသူများအား ပညာသင်ဆုများ ထောက်ပံ့ပေးလျက်ရှိရာ လက်ရှိအချိန်ထိ ကျောင်းသား စုစုပေါင်း (၅၀၅)ဦး ပညာသင်ဆုရရှိခဲ့ပြီးဖြစ်ကြောင်း သိရသည်။

Yuntianhua Group သည် ၂၀၁၈ ခုနှစ်မှစတင်၍ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် ကျောင်းသားကျောင်းသူများအား ပညာသင်ဆုများ ထောက်ပံ့ပေးနေခြင်းဖြစ်ကြောင်း သိရသည်။

(၆) ကြိမ်မြောက် “Yuntianhua Scholarship” ဆုချီးမြှင့်ပွဲအခမ်းအနားကိုလည်း နေပြည်တော်ရှိရေဆင်း စိုက်ပျိုးရေးတက္ကသိုလ်၌ အခုနှစ် ဩဂုတ် (၇)ရက်က ကျင်းပခဲ့ပြီး ထူးချွန်ကျောင်းသား/ ကျောင်းသူ (၁၀၄) ဦးအား ပညာသင်ဆုရများ ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားတွင် Yuntianhua Group နှင့် ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်တို့ပူးပေါင်း၍ နားလည်မှုစာချွန်လွှာအသစ်ကိုလည်း လက်မှတ်ရေးထိုးခဲ့ကြသည်။

မြန်မာနိုင်ငံတွင် ပညာသင်ဆုအစီအစဉ်အကောင်အထည်ဖော်ခြင်းသည် တရုတ်-မြန်မာ နှစ်နိုင်ငံပြည်သူများ၏ ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးကို ဖော်ဆောင်ခြင်းဖြစ်သလို ဆင်းရဲနွမ်းပါးသည့် ကျောင်းသားကျောင်းသူများကို ဂရုပြု၍ ထူးချွန်ထက်မြက်သည့် ကျောင်းသားကျောင်းသူများ ပညာသင်ကြားမှုပြီးမြောက်စေရန်နှင့် တရုတ်နိုင်ငံသို့ သွားရောက်ပညာတော်သင်ရန်အတွက်ပံ့ပိုးကူညီရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဆီးဂိမ်းတွင် မြန်မာက ရွှေတံဆိပ် သုံးခုဖြင့် နိုင်ငံအလိုက် အဆင့် (၇) တွင် ရှိနေ

ထိုင်းနိုင်ငံ၌ ကျင်းပနေသည့် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ၏ ဆုတံဆိပ်ရရှိမှုဇယား၌ မြန်မာက ရွှေတံဆိပ် သုံးခုဖြင့် နိုင်ငံအလိုက် အဆင့် (၇) တွင် ရှိနေသည်။ ယင်းဇယားသည် ယမန်နေ့ (ဒီဇင်ဘာလ၁၅)ရက်နေ့ ယှဉ်ပြိုင်မှုများ ပြီးဆုံးသွားချိန်အထိ ရပ်တည်မှုဇယား ဖြစ်သည်။ ဒီဇင်ဘာ ၁၅ ရက်နေ့တွင်မူ မြန်မာနိုင်ငံအတွက် ဝူရှူးအားကစားနည်းမှ ငွေတံဆိပ် (၃)ခု၊ ကြေးတံဆိပ် (၁)ခု၊ ပြေးခုန်ပစ် အားကစားနည်းမှ ငွေတံဆိပ် (၂)ခု၊ ရွက်လှေအားကစားနည်းမှ ကြေးတံဆိပ် (၁) ခု ထပ်မံ ဆွတ်ခူးရရှိခဲ့ခြင်း ဖြစ်သည်။ ရွှေတံဆိပ်ဆု (၃)ခုမှာမူ ရိုးရာခြင်းလုံး...

နွားထိုးကြီးမြို့နယ်၌ လျှပ်စစ်မီးပြန်လည်ရရှိ

အကြမ်းဖက်အဖွဲ့ဝင်များ၏ ဖျက်ဆီးမှုများကြောင့်  မန္တ လေးတိုင်း၊ နွားထိုးကြီးမြို့နယ်၌ လျှပ်စစ်ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံများထိခိုက်ပျက်စီးခဲ့ပြီး လျှပ် စစ်ဓာတ်အားပြတ်တောက်မှုများဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။ ထို့ကြောင့် လုံခြုံရေးအဖွဲ့ဝင်များက လုံခြုံရေးလုပ်ငန်းများဆောင်ရွက်ပေးပြီးနောက် ၂၃၀ ကေဗွီ မြင်းခြံ(သံမ ဏိ)-သပြေဝဓာတ်အားလိုင်းနှင့် ၁၃၂ ကေဗွီ သာစည်- မြင်းခြံ ဓာတ်အားလိုင်းတို့အား လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဦးစီးဌာနမှ အင်ဂျင်နီယာများ ဦးဆောင်၍ လျှပ်စစ်ကျွမ်းကျင်ဝန်ထမ်းများက စစ် ဆေးပြုပြင်ခဲ့ရာ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလတွင်ပြီး စီးခဲ့ကြောင်း သိရသည်။ ထို့အတူ ၁၃၂ ကေဗွီ မြင်းခြံပင်မဓာတ်အားခွဲရုံမှ နွားထိုးကြီးမြို့သို့ ဓာတ်အားဖြန့်ဖြူးပေးထားသော ၃၃ ကေဗွီ...

ရန်ကုန်လေဆိပ်အဝင် Y တံတားအနီးရှိ တိုက်တစ်လုံးမီးလောင်

ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်၊ ရန်ကုန်လေ ဆိပ်အဝင် Y တံတားအနီးရှိ တိုက်တစ်လုံးတွင် ယနေ့ ဒီဇင်ဘာ ၁၆ ရက်နံနက် ၄ နာရီကျော်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။ မြောက်ဉက္ကလာပမြို့နယ်၊ ကျောက်ရေတွင်းရပ်ကွက်၊ ရန်ကုန်လေဆိပ်အဝင်လမ်းဖြစ်သည့် Y တံတားအနီးရှိ တိုက်တစ်လုံးတွင်မီးလောင်မှုဖြစ်ပွား၍ မြောက်ဉက္ကလာပမြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များ၊ ရန်ကုန်နာ ရေးကူညီမှုအသင်းဝင်များက ငြှိမ်းသတ်ခဲ့ကြကြောင်း သိရသည်။ ထို့ကြောင့် နံနက် ၄ နာရီ ၁၃ မိနစ်တွင် မီးငြိမ်းသွားခဲ့ပြီး စတင်လောင်ကျွမ်းရသည့်အကြောင်းရင်းနှင့် ပျက်စီး ဆုံးရှုံးမှုတန်ဖိုးကို သက်ဆိုင်ရာ မီးသတ်တပ်ဖွဲ့တာဝန်ရှိသူများက စစ်ဆေးလျက်ရှိကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071