နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေနှင့် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်တို့အား မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး မစ္စမာကျားမှ သြဂုတ် ၂၅ ရက်က သွားရောက်တွေ့ဆုံခဲ့သည်။
ဝန်ကြီး ဦးသန်းဆွေနှင့်တွေ့ဆုံစဥ် မြန်မာ-တရုတ် နှစ်နိုင်ငံကြား ရှိရင်းစွဲဆွေမျိုးပေါက်ဖော်ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများပိုမိုတိုးတက်ခိုင်မာရေး၊ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုစီမံကိန်းများ ဆက်လက်အကောင်အထည်ဖော်ရေး၊ မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် ငလျင်ဘေးပြန်လည်ထူထောင်ရေးတို့တွင် တရုတ်နိုင်ငံမှ ဆက်လက်ပံ့ပိုးကူညီသွားမည့်အခြေအနေတို့အား ဆွေးနွေးခဲ့ကြသည်။
ထို့အတူ ဝန်ကြီး ဒေါက်တာကံဇော်နှင့် တွေ့ဆုံချိန်တွင်လည်း တရုတ်-မြန်မာနှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေး၊ တရုတ်နိုင်ငံချေးငွေများနှင့် ဆောင်ရွက်နေသည့် ဖွံ့ဖြိုးမှုစီမံကိန်းဆိုင်ရာများ၊ နှစ်နိုင်ငံကြား ငွေပေးချေမှုများ၊ လူသားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်မှုအတွက် တရုတ်နိုင်ငံမှ သင်တန်းများပံ့ပိုးဆောင်ရွက်ပေးနေမှုနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်နိုင်မည့်အခြေအနေများကို ဆွေးနွေးခဲ့ကြသည်။
