ဟောင်ကောင်-အာဆီယံ ဖောင်ဒေးရှင်းက စီစဉ်ကျင်းပသည့် ၂၀၂၅ ခုနှစ် အာဆီယံရုပ်ရှင်ပွဲတော်၌ “ချစ်သူသာ ပန်းတစ်ပွင့် ဖြစ်ခဲ့လျှင်” ရုပ်ရှင်ဇာတ်ကားကို ပြသခဲ့ကြောင်း သိရသည်။
ဟောင်ကောင် အထူးအုပ်ချုပ်ရေးဒေသ၌ ကျင်းပလျက်ရှိသည့် ထိုရုပ်ရှင်ပွဲတော်သည် ဩဂုတ်လ (၈) ရက်မှ (၃၁) ရက်အထိ ကျင်းပနေခြင်း ဖြစ်သည်။
ယင်းပွဲတော်၌ အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ ရပ်ဝန်းနှင့် ပိုးလမ်းမ (၄) နိုင်ငံဖြစ်ကြသည့် အီဂျစ်နိုင်ငံ၊ ဟန်ဂေရီနိုင်ငံ၊ ကာဇတ်စတန်နိုင်ငံနှင့် တူရကီနိုင်ငံတို့က စုစုပေါင်း ရုပ်ရှင်ဇာတ်ကား (၂၄) ကားကိုလည်း ပါဝင်ပြသခဲ့ကြသေးသည်။
“ချစ်သူသာ ပန်းတစ်ပွင့်ဖြစ်ခဲ့လျှင်” ရုပ်ရှင်ဇာတ်ကားကြီးတွင် သရုပ်ဆောင် အကယ်ဒမီ စိုင်းစိုင်းခမ်းလှိုင်၊ အကယ်ဒမီ ၀တ်မှုန်ရွှေရည်၊ အကယ်ဒမီ မင်းဦး၊ မင်းသူ၊ အကယ်ဒမီ ခင်ဇာခြည်ကျော်၊ အကယ်ဒမီ ခင်မို့မို့အေး၊ ထူးခြား၊ ဆင်မ၊ ဇော်မှိုင်း၊ ကျော်ထက်၊ ဈူးဈူးဈာန်၊ ဂရိတ်ချမ်း တို့ပါဝင် သရုပ်ဆောင်ထားသည်။
အဆိုပါ ဇာတ်ကားကြီးသည်၂၀၂၄ ခုနှစ်အတွက် အကောင်းဆုံး ရုပ်ရှင်ဇာတ်ကားဆုအဖြစ် Taurus V ရုပ်ရှင်ထုတ်လုပ်ရေးက အကယ်ဒမီရရှိထားသည်။
