Saturday, June 27, 2026

(၅)နှစ်အတွင်း တိုင်းပြည်ငြိမ်းချမ်းအောင်ကြိုးစားဆောင်ရွက်မည်၊ EAO များနှင့်ငြိမ်းချမ်းရေးအတွက်သတ်မှတ်ချက်မရှိဘဲဆွေးနွေးမည်ဟု...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ဇွန် ၂၆ ရက်တွင်ကျင်းပသည့် နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ၏ဖွံ့ဖြိုးတိုး တက်မှုအကောင်အထည်ဖော်ရေးဗဟိုကော်မတီအစည်းအဝေး၌ အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ ကွာဟမှုရှိနေသည့်နယ်မြေများ ကွာဟမှုမရှိအောင်လုပ်ပေးရန်မှာ မလွဲမသွေဆောင်ရွက်မည့် လုပ်ငန်းတာဝန်တစ်ခုဖြစ်ကာ ယင်းသို့...

မြန်မာနိုင်ငံကို ကမ္ဘာ့စားနပ်ရိက္ခာဖြည့်ဆည်းပေးနိုင်သည့် နိုင်ငံအဖြစ် တည်ဆောက်မည့်...

စားရေရိက္ခာမူဝါဒကော်မရှင် (၁/၂၀၂၆) အစည်းအဝေးတွင် နိုင်ငံ၏ စားနပ်ရိက္ခာလုံခြုံရေးနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍများ ရေရှည်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် မြန်မာနိုင်ငံတော် သမ္မတ ဦးမင်းအောင်လှိုင်က မူဝါဒဆိုင်ရာ လမ်းညွှန်ချက်...

လူသားချင်းစာနာမှုအကူအညီများကို သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် နီးကပ်စွာပူးပေါင်းဆောင်ရွက်ရန် MOFA...

မြန်မာနိုင်ငံအတွင်း လူသားချင်းစာနာမှုအကူအညီများ ပေးအပ်ရာတွင် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် စဉ်ဆက်မပြတ် နီးကပ်စွာပူးပေါင်းဆောင်ရွက်ရန်နှင့် အကူအညီလိုအပ်နေသူများထံ ထိရောက်စွာရောက်ရှိစေရေးအတွက် နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် အပြုသဘောဆောင်ပြီး နိုင်ငံရေးအရ ဝင်ရောက်စွက်ဖက်မှုမရှိသည့် ကြားနေမူဝါဒဖြင့်...

မုံရွာမြို့၌ MSME ထုတ်ကုန်များစျေးရောင်းပွဲတော်စတင်

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ ချမ်းမြဝတီရပ်ကွက်ရှိ ပြည်သူ့ ဥယျာဥ်၌ World MSME Day အထိမ်းအမှတ်အဖြစ် အ သေးစား၊ အငယ်စားနှင့် အလတ်စား...
HomeNewsLocal Newsဖမ်းဆီးရမိမှုပြန်စိပ်လာသည့် ဘီလီယံချီသည့် မူးယစ်ဆေးဝါးများကလေးမြို့သို့သယ်ဆောင်သည့်...

ဖမ်းဆီးရမိမှုပြန်စိပ်လာသည့် ဘီလီယံချီသည့် မူးယစ်ဆေးဝါးများကလေးမြို့သို့သယ်ဆောင်သည့် ငွေကျပ်(၁)ဘီလီယံကျော်တန်ဖိုးရှိ ဘိန်းဖြူများကိုထပ်မံဖမ်းမိ

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါးဖမ်းဆီးမှုများကိုအရှိန်အဟုန်မြှင့်ဆောင် ရွက်လျက်ရှိ၍ ဘီလီယံချီရှိသည့် မူးယစ်ဆေးဝါးများအား ဖမ်းဆီးရမိမှုစိတ်လာခဲ့ရာ ကလေးမြို့သို့သယ်ဆောင်သည့် ငွေကျပ်(၁ ဒသမ ၇)ဘီလီယံကျော်တန်ဖိုးရှိ ဘိန်းဖြူ(၅၆ ဒသမ ၃၆)ကီလိုကို ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် ဩဂုတ် ၇ ရက်ည ၈ နာရီခွဲက တောင်ကြီးမြို့၊ အေးသာယာကားကြီးဝင်းတွင် သိန်းထွန်းဦး(ခ)ဘိုဘိုအား မန္တလေးသို့ လူမဲ့တန်ဆာဖြင့်တင်ပို့မည့် WATER COOLER (၈)လုံးအတွင်းမှ ပလတ်စတစ်ဆပ်ပြာခွက်များဖြင့်ထည့်ထားသည့် ဘိန်းဖြူ(၇ ဒသမ ၀၂)ကီလိုနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

စစ်ဆေးချက်များအရ ဘိန်းဖြူများအား WATER COOLER များအအတွင်းထည့်သွင်း၍ ကားဂိတ်များမှတစ်ဆင့် လူမဲ့တန်ဆာဖြင့် စစ်ကိုင်းတိုင်း၊ က လေးမြို့သို့တင်ပို့ထားကြောင်းဖော်ထုတ်သိရှိခဲ့ရသဖြင့် ဩဂုတ် ၈ ရက်နံနက် ၈ နာရီခွဲတွင် ပြည်ကြီးတံခွန်မြို့နယ်၊ မြို့ပတ်လမ်းရှိ ကုန်စည်ဂိတ်၌ ဇင်ကိုအောင်(ခ)အောင်သူအား WATER COOLER (၁၃)လုံး၊ ၎င်းတည်းခိုနေထိုင်သည့်တည်းခိုခန်းတွင် မင်းမင်းဇော်(ခ)ကိုဇော်အား WATER COOLER (၁၀)လုံး၊ သီရိမင်္ဂလာကားဝင်းရှိကား ဂိတ်သို့ လူမဲ့တန်ဆာဖြင့်ပေးပို့ထားသော WATER COOLER (၁၁)လုံး၊ ချမ်းမြရွှေပြည်ကားဝင်းရှိကားဂိတ်မှ WATER COOLER (၅)လုံးတို့အား ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ထို့အတူ မန္တလေးမြို့မှကလေးမြို့သို့ လူမဲ့တန်ဆာဖြင့်တင်ပို့ထားသော WATER COOLER (၂)လုံးအား မုံရွာမြို့၊ မုံရွာတောင်ရပ်ကွက်ရှိကားဂိတ်၊ မုံရွာမြို့၊ သလ္လာရပ်ကွက်ရှိနေအိမ်မှ WATER COOLER (၁၄)လုံးတို့အား ထပ်မံသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

စစ်ဆေးချက်များအရ ဘိန်းဖြူများအား လားရှိုးမှ ကလေးသို့တာဝန်ခံသယ်ဆောင်သူ ဘောက်လာ (ခ)ဂျိမ်းဖော၊ ဘိန်းဖြူများအားဝယ်ယူ၍ ကလေးမြို့သို့သယ်ဆောင်ခိုင်းသူ စိန်းလျံထန်နှင့် အာကာလင်း၊ မန္တလေးမှကလေးသို့ ဘိန်းဖြူများအား တာ ဝန်ခံသယ်ဆောင်သူ ချစ်မင်းဟန်(ခ)အစွယ်တို့အား ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ထို့ကြောင့် ဖမ်းဆီးရမိသူများအား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရအရေးယူထားပြီး ဆက်စပ်ပြစ်မှုကျူးလွန်သူများအား ထပ်မံဖမ်းဆီးရမိရေးအတွက် စုံစမ်းစစ်ဆေးလျက်ရှိကာ ၎င်းတို့မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်ရာမှရရှိသည့် ငွေကြေးအ ကျိုးအမြတ်များ၊ ပိုင်ဆိုင်မှုများကိုပြည်သူ့ဘဏ္ဍာအဖြစ်သိမ်းဆည်းနိုင်ရန် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေဖြင့် ထပ်မံအရေးယူနိုင်ရေးအတွက်လည်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

(၅)နှစ်အတွင်း တိုင်းပြည်ငြိမ်းချမ်းအောင်ကြိုးစားဆောင်ရွက်မည်၊ EAO များနှင့်ငြိမ်းချမ်းရေးအတွက်သတ်မှတ်ချက်မရှိဘဲဆွေးနွေးမည်ဟု နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ပြော

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ဇွန် ၂၆ ရက်တွင်ကျင်းပသည့် နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ၏ဖွံ့ဖြိုးတိုး တက်မှုအကောင်အထည်ဖော်ရေးဗဟိုကော်မတီအစည်းအဝေး၌ အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ ကွာဟမှုရှိနေသည့်နယ်မြေများ ကွာဟမှုမရှိအောင်လုပ်ပေးရန်မှာ မလွဲမသွေဆောင်ရွက်မည့် လုပ်ငန်းတာဝန်တစ်ခုဖြစ်ကာ ယင်းသို့ လုပ်ဆောင်ရန်တည်ငြိမ်အေး ချမ်းရေးမှာအလွန်အရေးကြီးသဖြင့် အစိုးရသစ်တာဝန်ယူချိန်၌ တိုင်းပြည်ငြိမ်းချမ်းအောင်လုပ်မည်၊ ဖွံ့ဖြိုးတိုး တက်အောင်လုပ်မည်ဟု ပြောသည်။ " (၅)နှစ်အတွင်းမှာ တိုင်းပြည်ငြိမ်းချမ်းအောင်အတတ်နိုင်ဆုံးကြိုးစားဆောင်ရွက်မယ်။ ရက်ပေါင်း(၁ဝဝ)အ တွင်းမှာငြိမ်းချမ်းရေးဖိတ်ခေါ်မှုတွေလုပ်ခဲ့တယ်။ ငြိမ်း ချမ်းရေးနဲ့ပတ်သတ်ပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ၊ တိုင်းရင်းသားလက်နက်ကိုင်ဘယ်အဖွဲ့အစည်းမဆို ဘာကြိုတင်ကန့်သတ်ချက်မှမထားဘူး။ ငြိမ်းချမ်းရေးအတွက်လာပြီးဆွေးနွေးဖို့ဖိတ်ခေါ်ပါတယ်"ဟု နိုင်ငံတော်သမ္မတက ပြောသည်။ အမှန်တကယ်ငြိမ်းချမ်းရေးလိုချင်ပါက ယနေ့ ငြိမ်း ချမ်းရေးလိုချင်လျင် ယနေ့ ရောက်လာမည်ဖြစ်ကာ ငြိမ်းချမ်းရေးမလိုချင်ရင်ပါက အကြောင်းပြ၍အချိန်...

မြန်မာနိုင်ငံကို ကမ္ဘာ့စားနပ်ရိက္ခာဖြည့်ဆည်းပေးနိုင်သည့် နိုင်ငံအဖြစ် တည်ဆောက်မည့် ရေရှည်မဟာဗျူဟာ ချမှတ်

စားရေရိက္ခာမူဝါဒကော်မရှင် (၁/၂၀၂၆) အစည်းအဝေးတွင် နိုင်ငံ၏ စားနပ်ရိက္ခာလုံခြုံရေးနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍများ ရေရှည်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် မြန်မာနိုင်ငံတော် သမ္မတ ဦးမင်းအောင်လှိုင်က မူဝါဒဆိုင်ရာ လမ်းညွှန်ချက် (၉) ရပ်ကို ချမှတ်ခဲ့သည်။ မူဝါဒများအရ နိုင်ငံနှင့် ဒေသအလိုက် စားနပ်ရိက္ခာဖူလုံမှုရရှိရေး၊ ပြည်ပသွင်းကုန်အစားထိုး ထုတ်လုပ်နိုင်ရေး၊ အရည်အသွေးမြင့်၍ အထွက်နှုန်းကောင်းသော စိုက်ပျိုးထုတ်လုပ်မှု တိုးမြှင့်ရေးနှင့် ဂျုံ၊ ဆီထွက်သီးနှံများကို ပြည်တွင်းတွင် လုံလောက်စွာ စိုက်ပျိုးထုတ်လုပ်နိုင်ရေးကို အဓိကဦးစားပေး ဆောင်ရွက်သွားမည်ဖြစ်သည်။ ထို့ပြင် မွေးမြူရေးကဏ္ဍ အားကောင်းလာစေရေး၊ ခေတ်မီစိုက်ပျိုးရေးနည်းပညာနှင့် စက်မှုလယ်ယာစနစ်များ အရှိန်အဟုန်ဖြင့် အကောင်အထည်ဖော်ရေး၊ သုတေသနလုပ်ငန်းများ...

လူသားချင်းစာနာမှုအကူအညီများကို သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် နီးကပ်စွာပူးပေါင်းဆောင်ရွက်ရန် MOFA ပြည်ထောင်စုဝန်ကြီး တိုက်တွန်း

မြန်မာနိုင်ငံအတွင်း လူသားချင်းစာနာမှုအကူအညီများ ပေးအပ်ရာတွင် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် စဉ်ဆက်မပြတ် နီးကပ်စွာပူးပေါင်းဆောင်ရွက်ရန်နှင့် အကူအညီလိုအပ်နေသူများထံ ထိရောက်စွာရောက်ရှိစေရေးအတွက် နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် အပြုသဘောဆောင်ပြီး နိုင်ငံရေးအရ ဝင်ရောက်စွက်ဖက်မှုမရှိသည့် ကြားနေမူဝါဒဖြင့် ပူးပေါင်းဆောင်ရွက်ကြရန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေက တိုက်တွန်းပြောကြားခဲ့သည်။ ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေသည် မြန်မာနိုင်ငံရှိ ကုလသမဂ္ဂယာယီဌာနေညှိနှိုင်းရေးမှူး/လူသားချင်းစာနာမှုဆိုင်ရာ ယာယီညှိနှိုင်းရေးမှူးနှင့် ကုလသမဂ္ဂအေဂျင်စီများမှ ကိုယ်စားလှယ်များအား ဇွန် ၂၆ ရက်က လက်ခံတွေ့ဆုံစဉ် ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။ တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်အစိုးရအနေဖြင့် လူသားချင်းစာနာမှုအကူအညီများကို အမှန်တကယ်လိုအပ်သူများထံ ခွဲခြားမှုမရှိ ဖြန့်ဝေပေးနိုင်ရေးကို အလေးထားဆောင်ရွက်လျက်ရှိပြီး ကုလသမဂ္ဂအေဂျင်စီများနှင့် နိုင်ငံတကာအဖွဲ့အစည်းများ၏...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071