Sunday, August 9, 2026

ရေဘေးအန္တရာယ်ကို တုံ့ပြန်ရုံသာမက ရေရှည်ကြိုတင်ကာကွယ်နိုင်ရေး စနစ်တကျဆောင်ရွက်ရန်...

ပုသိမ်၊ ဩဂုတ် ၈ သဘာဝဘေးအန္တရာယ်များကို ရှောင်လွှဲ၍မရနိုင်သော်လည်း လူတို့၏ စနစ်တကျကြိုတင်ပြင်ဆင်ဆောင်ရွက်မှုများဖြင့် ထိခိုက်ဆုံးရှုံးမှုများကို အတိုင်းအတာတစ်ခုအထိ လျှော့ချနိုင်သဖြင့် ဘေးအန္တရာယ်ကျရောက်ပြီးနောက် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရုံသာမက...

ပုသိမ်မြို့ဆိပ်ကမ်းကို မြန်မာနိုင်ငံ၏ ဒုတိယဆိပ်ကမ်းမြို့အဖြစ်ဆောင်ရွက်ရန် နိုင်ငံတော်သမ္မတ...

ဧရာဝတီတိုင်း၊ ပုသိမ်မြို့ရှိ ပုသိမ်မြို့ဆိပ်ကမ်းကို မြန်မာနိုင်ငံ၏ ဒုတိယဆိပ်ကမ်းမြို့အဖြစ်ဆောင်ရွက်ရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် က ပြောကြားသည်။ နိုင်ငံတော်သမ္မတက ယနေ့ သြဂုတ် ၈ ရက်တွင်...

လေးမျက်နှာမြို့နယ် ရေဘေးအတွက် အလှူရှင်များ ၏လှူဒါန်းငွေကျပ်(၂၃)...

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်၌ ကြုံတွေ့နေရသည့် ရေဘေးဒဏ်အ တွက် ကူညီကယ်ဆယ်ရေးနှင့် ပြန် လည်ထူထောင်ရေးလုပ်ငန်းများ၌ အသုံးပြုရန် ယနေ့ သြဂုတ် ၈ ရက်မွန်းလွဲပိုင်းက...

ရေကြီးရေလျှံမှုကြောင့် စပါးပြန်လည်စိုက်ပျိုးရန် စိုက် ပျိုးချိန်အခက်အခဲရှိပါက...

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်၌ဖြစ်ပေါ်လျက်ရှိသည့် ရေကြီးရေလျှံမှုဖြစ်စဥ်ကြောင့် စပါးပြန်လည်စိုက်ပျိုးရန် စိုက်ပျိုးချိန်အခက်အခဲရှိပါက အခြားသီးနှံများကိုစိုက်ပျိုးရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် က မှာကြားသည်။ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ယနေ့ သြဂုတ်...
HomeNewsLocal Newsမကြာခင်ပြီးစီးတော့မည့် ရန်ကုန် -...

မကြာခင်ပြီးစီးတော့မည့် ရန်ကုန် – ဒလမြစ်ကူးတံတား

ယခုနှစ်ကုန်ပိုင်းတွင် ရန်ကုန် – ဒလမြစ်ကူးတံတား တည်ဆောက်မှုပြီးစီးတော့မည်ဖြစ်သည်။

အဆိုပါတံတားကို၂၀၁၉ ခုနှစ်၊ မေလတွင် စတင်ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး ဘုန်းကြီးလမ်းအပြင် ကမ်းနားလမ်းဘက်တွင်လည်း အတက်အဆင်းတဖက်စီ သတ်မှတ်ထားပြီး လူသွားလမ်းလည်း ပါရှိသည်။

ရန်ကုန်မြစ်ကူးတံတားစီမံကိန်းကို ကိုရီးယားနိုင်ငံမှချေးငွေ အမေရိကန်ဒေါ်လာ ၁၅၇ ဒသမ ၈၃၃ သန်းနှင့် မြန်မာဘက်က သန်း ၃၀ ကျော် ထည့်ဝင်ထားပြီး စုစုပေါင်းကုန်ကျစရိတ် အမေရိကန်ဒေါ်လာ ၁၈၈ ဒသမ ၁၇၄ သန်း သတ်မှတ်ထားကြောင်း၊ တံတားခံနိုင်ဝန် ယာဉ်တစီးကို ၇၅ တန် သယ်ယူခွင့် သတ်မှတ်ထားကြောင်း သိရသည်။

ပုံစာ – ရန်ကုန်မြစ်ကူး ဒလတံတားကို ရန်ကုန်ဘက်ခြမ်းမှ ဩဂုတ် ၂၄ တွင် တွေ့မြင်ရစဥ်

“ကာဂျီကီ”မုန်တိုင်း၏ အကြွင်းအကျန်များ မြန်မာ နိုင်ငံအတွင်းဖြတ်ကျော်ဝင်ရောက်မည်

တောင်တရုတ်ပင်လယ်ပြင်တွင်ဖြစ်ပေါ်နေသော တိုင်ဖွန်းမုန်တိုင်း”ကာဂျီကီ”၏ အကြွင်းအကျန်များသည် မြန်မာနိုင်ငံအတွင်းသို့ဖြတ်ကျော်ဝင်ရောက်မည်ဟု မိုးလေဝသမြန်မာ(ရန်ကုန်ဌာနခွဲ)၏ ယနေ့ သြဂုတ် ၂၅ ရက်ထုတ်ပြန်ချက်အရ သိရသည်။

ထိုသို့ မြန်မာနိုင်ငံအတွင်းဖြတ်ကျော်ဝင်ရောက်မည်ဖြစ်ရာ ယနေ့ သြဂုတ် ၂၅ ရက်မှ စက်တင်ဘာ ၁ ရက်အတွင်း တိုင်းနှင့်ပြည်နယ်အနှံ့၌ မိုးသည်းထန်စွာရွာသွန်းပြီး ဒေသအလိုက် မိုးကြီးခြင်း၊ မိုးသည်း ထန်ခြင်းနှင့် မိုးသက်လေပြင်းတိုက်ခတ်ခြင်းတို့ဖြစ်ပေါ်နိုင်ကြောင်း သိရသည်။

အဆိုပါ “ကာဂျီကီ”မုန်တိုင်းသည် သြဂုတ် ၂၇ ရက်တွင် ထိုင်း-လာအို-မြန်မာနယ်စပ်ဒေသတွင် အ ကြွင်းအကျန်ကုန်းတွင်းမုန်တိုင်းငယ်အဖြစ်၊ သြဂုတ် ၂၈ ရက်တွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)နှင့် (တောင်ပိုင်း)တို့၌ အကြွင်းအကျန်လေဖိအားနည်းရပ်ဝန်းအဖြစ် ပြန်လည်အားပျော့သွားနိုင်သည်ဟုလည်း မိုးလေဝသမြန်မာ(ရန်ကုန်ဌာနခွဲ)၏ခန့်မှန်းချက်အရ သိရသည်။

လက်ရှိအချိန်၌ တိုင်ဖွန်းမုန်တိုင်း”ကာဂျီကီ”သည် တောင်တရုတ်ပင်လယ်ပြင်မှ အနောက်ဘက်သို့ ရေ မိုင်(၂၂၁)မိုင်ရွေ့လျားခဲ့ရာ အရှေ့ဗီယက်နမ်ပင် လယ်ပြင်သို့ရောက်ရှိပြီး ပိုမိုအားကောင်းလာခဲ့ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ရေဘေးအန္တရာယ်ကို တုံ့ပြန်ရုံသာမက ရေရှည်ကြိုတင်ကာကွယ်နိုင်ရေး စနစ်တကျဆောင်ရွက်ရန် နိုင်ငံတော်သမ္မတ ပြောကြား

ပုသိမ်၊ ဩဂုတ် ၈ သဘာဝဘေးအန္တရာယ်များကို ရှောင်လွှဲ၍မရနိုင်သော်လည်း လူတို့၏ စနစ်တကျကြိုတင်ပြင်ဆင်ဆောင်ရွက်မှုများဖြင့် ထိခိုက်ဆုံးရှုံးမှုများကို အတိုင်းအတာတစ်ခုအထိ လျှော့ချနိုင်သဖြင့် ဘေးအန္တရာယ်ကျရောက်ပြီးနောက် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရုံသာမက ရေရှည်ကြိုတင်ကာကွယ်ရေးအစီအမံများကိုပါ စနစ်တကျ လေ့လာဖော်ထုတ် အကောင်အထည်ဖော်သွားရန်လိုကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောကြားသည်။ နိုင်ငံတော်သမ္မတသည် ယနေ့ ဩဂုတ် ၈ ရက်တွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၌ ပြုလုပ်သည့် ငဝန်မြစ်ရေကာတာ တာတမံနိမ့်ကျမှုကြောင့် ရေကျော်စီးဝင်၍ ရေကြီးရေလျှံမှုဖြစ်ပွားခဲ့ခြင်းနှင့်ပတ်သက်သည့် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ညှိနှိုင်းအစည်းအဝေးတွင် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ “လူသားတွေအနေနဲ့ သဘာဝဘေးအန္တရာယ်ကို ရှောင်လွှဲလို့မရနိုင်ပေမယ့် လူတွေရဲ့လုပ်ဆောင်ချက်တွေနဲ့...

ပုသိမ်မြို့ဆိပ်ကမ်းကို မြန်မာနိုင်ငံ၏ ဒုတိယဆိပ်ကမ်းမြို့အဖြစ်ဆောင်ရွက်ရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ပြော

ဧရာဝတီတိုင်း၊ ပုသိမ်မြို့ရှိ ပုသိမ်မြို့ဆိပ်ကမ်းကို မြန်မာနိုင်ငံ၏ ဒုတိယဆိပ်ကမ်းမြို့အဖြစ်ဆောင်ရွက်ရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် က ပြောကြားသည်။ နိုင်ငံတော်သမ္မတက ယနေ့ သြဂုတ် ၈ ရက်တွင် ဧရာဝတီတိုင်း၊ ပုသိမ်မြို့တွင်ပြုလုပ်သည့် ငဝန်မြစ်ရေကာ တာတမံနိမ့်ကျမှုဖြစ်ပွားပြီး ရေကျော်စီးဝင်ရေကြီးရေလျှံမှုနှင့်ပတ်သက်၍ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးအစည်းအဝေး၌ ပြောကြားခဲ့ခြင်းဖြစ်သည်။ ရှေးယခင်က ပုသိမ်မြစ်အတွင်းသို့သင်္ဘောကြီးများ ဝင်ထွက်သွားလာဆိုက်ရောက်နိုင်ခဲ့သော်လည်း ယခုအခါ Bed Level များမြင့်တက်လာ၍ သင်္ဘောကြီးများဝင်ရောက်နိုင်မှုနည်းပါးလာသည်ဟု ပြောသည်။ ထို့ပြင် ဧရာဝတီတိုင်းအတွင်းမှထွက်ရှိသည့် ထွက်ကုန်ပစ္စည်းများကို ပုသိမ်မြစ်ကြောင်းကတစ်ဆင့် သင်္ဘောကြီးများဖြင့် သယ်ယူပို့ဆောင်နိုင်သည့်နည်းတူ ပြည်တွင်းအတွက်လိုအပ်သည့်ပစ္စည်းများကိုလည်း ပုသိမ်မြို့ဆိပ်ကမ်းမှတစ်ဆင့်ဆောင်ရွက်နိုင်သဖြင့် မြန်မာနိုင်ငံ၏ ဒုတိယဆိပ်ကမ်းမြို့အဖြစ်ဆောင်ရွက်ရန်လိုသည်ဟု နိုင်ငံတော်သမ္မတက...

လေးမျက်နှာမြို့နယ် ရေဘေးအတွက် အလှူရှင်များ ၏လှူဒါန်းငွေကျပ်(၂၃) ဘီလီယံကျော်ရရှိ

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်၌ ကြုံတွေ့နေရသည့် ရေဘေးဒဏ်အ တွက် ကူညီကယ်ဆယ်ရေးနှင့် ပြန် လည်ထူထောင်ရေးလုပ်ငန်းများ၌ အသုံးပြုရန် ယနေ့ သြဂုတ် ၈ ရက်မွန်းလွဲပိုင်းက ပုသိမ်မြို့တွင်ကျင်းပသည့် အလှူငွေပေးအပ်ပွဲ၌ အလှူငွေကျပ်(၂၃ ဒသမ ၃၂၄) ဘီလီယံကျော်ရရှိခဲ့ကြောင်း သိရသည်။ အဆိုပါ အလှူငွေပေးအပ်ပွဲသို့ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်တက်ရောက်၍ တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများ၊ တိုင်းနှင့် ပြည်နယ်များ၊ စေတ နာရှင်၊ အလှူရှင်များ၊ အသင်းအဖွဲ့များ၏ အလှူငွေများ ပေးအပ်လှူဒါန်းမှုကိုလက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။ ထို့ပြင် စေတနာရှင်၊ အလှူရှင်များ၊ အသင်းအဖွဲ့များကပေးအပ်လှူဒါန်းသည့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071