Saturday, May 2, 2026

လေယာဉ်တင်သင်္ဘောတစ်စင်း အင်ဒိုနီးရှားသို့ အီတလီက အခမဲ့ပေးမည်

အီတလီနိုင်ငံသည် လေယာဉ်တင်သင်္ဘော ဂယ်ရီဘောလ်ဒီ (Garibaldi) ကို အင်ဒိုနီးရှားသို့ လွှဲပြောင်းပေးမည့် အစီအစဉ်များကို အပြီးသတ် အတည်ပြုလိုက်ပြီဖြစ်သည်။ အီတလီအောက်လွှတ်တော်၏ နိုင်ငံခြားရေးနှင့် ကာကွယ်ရေးဆိုင်ရာ ပူးတွဲကော်မတီများက...

နိုင်ငံရေးအခြေအနေကြောင့် မီးလေ-ာင်ပျ-က်စီးခဲ့သည့် ကော့ကရိတ်မြို့မှ နေအိမ်...

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့၌ဖြစ်ပေါ်ခဲ့သည့် နိုင်ငံရေးအခြေအနေများကြောင့် ရပ်ကွက် ၁၊ ရပ်ကွက် ၂၊ ရပ်ကွက် ၄၊ ရပ်ကွက် ၅၊ ရပ်ကွက် ၆၊...

​အိန္ဒိယရေတပ်ဦးစီးချုပ် ရန်ကုန်သို့ ရောက်ရှိ၊ ဒုတိယဝန်ကြီးများနှင့်...

​ခရီးစဉ်အတွင်း ရန်ကုန်မြို့ရှိ India House တွင် ဂုဏ်ပြုညစာစားပွဲတစ်ရပ် ကျင်းပပြုလုပ်ခဲ့ရာ အိန္ဒိယရေတပ်ဦးစီးချုပ်သည် မြန်မာအစိုးရကိုယ်စားလှယ်များဖြစ်ကြသည့် ​နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကိုကိုကျော်၊​ ပို့...

ရန်ကုန်နှင့် ဧရာဝတီတွင် မီးလေ-ာင်မှုများဖြစ်ပွားပြီး မီးသတ်တပ်ဖွဲ့များ...

ရန်ကုန်နှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် မီးလေ-ာင်မှုဖြစ်စဉ်များ ဆက်တိုက်ဖြစ်ပွားခဲ့ပြီး သက်ဆိုင်ရာ မီးသတ်တပ်ဖွဲ့ဝင်များက အချိန်မီ သွားရောက်ငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။ ဧရာဝတီတိုင်းဒေသကြီး၊ ဝါးခယ်မမြို့နယ်၊ မြသိန်းတန်ရပ်ကွက်၊ မော်ကျွန်း-ဝါးခယ်မကားလမ်းပေါ်ရှိ စက်သုံးဆီဆိုင်တစ်ဆိုင်တွင်...
HomeNewsLocal Newsလူမှုကွန်ယက်တွင် နာမည်ကြီးနေသည့် နန်းလုံဟွမ်တောင်ပေါ်က...

လူမှုကွန်ယက်တွင် နာမည်ကြီးနေသည့် နန်းလုံဟွမ်တောင်ပေါ်က သဘာဝပန်းများအတွက် ထိန်းသိမ်းပေးရန် လိုအပ်နေ

ရှမ်းပြည်နယ်၊ ဟိုပုံးမြို့၊ ထမ်းဆန်းလှိုဏ်ဂူအနီးရှိ နန်းလုံဟွမ်တောင်ပေါ်တွင် ပွင့်နေသော သဘာဝပန်းများဆီ လာရောက်သူများပြားလွန်းသဖြင့် ထိန်းသိမ်းပေးရန် လိုအပ်လျက်ရှိနေသည်။

ထိုပန်းခင်းသည် နှစ်ပေါင်း တစ်ရာကျော်မှ တစ်ကြိမ်သာပွင့်သည့်ပန်း၊ တချို့က ဆယ်နှစ်တစ်ကြိမ်ပွင့်သည့်ပန်းစ သဖြင့်ပြောဆိုကြပြီး လာရောက် လည်ပတ်သူ ဓါတ်ပုံရိုက်ကူး သူများဖြင့် စည်ကားနေခြင်းဖြစ်ကာ လက်ရှိ၌ လူမှုကွန်ယက်ပေါ်တွင်လည်း သွားရောက်လည်ပတ်ရန် ရေပန်းစားနေသည်။

ထိုကဲ့သို့ လာရောက်သူများပြားလွန်းသည်နှင့်အညီ နောက်ဆက်တွဲအဖြစ် အချို့သောလာရောက်သူများသည် ပန်းခင်းများထဲကို ဓာတ်ပုံရိုက်ရန် တိုးဝှေ့ဝင်ရောက်ခြင်း၊ ပန်းများကို ချိုးယူခြင်း၊ အမှိုက်များ ကျန်ရှိခဲ့ခြင်းများလည်း ရှိလာနေသည်။

“အမှန်တော့ ထိုင်းကိုပဲ ကျွန်တော်တို့ ပြန်အတုယူရတော့မယ်၊ လမ်းကြောင်းတစ်ခုတည်း သတ်မှတ်ပြီး ပန်းခင်းကြီးကို လေ့လာကြည့်ရမဲ့အရာကို တောတွင်းတစ်ခုလုံး အခုက ဝင်ချင်သလိုဝင်၊ လမ်းကြောင်းအစုံဝင်ရောက်နေကြတယ်” ဟု သဘာဝခရီးသွားလုပ်ငန်းလုပ်ကိုင်သူတစ်ဦးက မှတ်ချက်ပေးသည်။

ထိုကဲ့သို့ဝင်ရောက်ခြင်းကြောင့်လည်း ထိုတောင်ကြော ပန်းခင်းရှိ ဒေသနေတိရစ္ဆာန်များအတွက် အကျိုးဆိုးနှင့် အပင်ဂေဟစနစ်လည်ပတ်မှု ပျ-က်စီးခြင်းတို့ ဖြစ်ပေါ်လာနိုင်ကြောင်းလည်း မျှဝေနေကြသည်။

ပန်းခင်းနာမည်ကြီးပြီးနောက် ဩဂုတ်လ ၂၂ ရက် လကွယ်နေ့ကစတင်ကာ လာရောက်လည်ပတ်သူ များပြားခဲ့ပြီး ထမ်းဆန်း ရွှေတိဂုံဘုရားလမ်းဆုံမှ တစ်မိုင်ကျော်အထိ တစ်ဖက်တွင်လည်း ထမ်းဆန်းဂူ သွားရာလမ်းအထိ လွိုင်လင်သွားလမ်းတစ်လျှောက် ကားတန်းကြီး ပိ-တ်ဆို့နေခဲ့ကြောင်း သိရသည်။

“အဲတောင်က ဘယ်သူမှ မပိုင်ဘူးဆိုလည်း စနစ်တကျ မလုပ်တတ်ရင် ဘာပေါ်လာပေါ်လာ Tourismနဲ့ ရပ်တည်လို့ရမယ့် နိုင်ငံဖြစ်လာမှာမဟုတ်ဘူး” ဟု ခရီးသွားလမ်းညွှန်တစ်ဦးကလည်း ပေါ်ပြူလာနယူးကို မှတ်ချက်ပေးသည်။

လက်ရှိ၌” နောက်ရက်ဆိုရင် ပန်းတောင်ကျန်ပါ့တော့မလား မသိဘူး။ ပြောမရဘူး၊ ဘယ်သူမှ မပိုင်ဘူးလေ။ တောင်ပေါ်မှ အလေ့ကျပေါက်တဲ့ ပန်းဆိုတော့ လူတိုင်းပန်းမျိုးကို ခူးပြန်နေကြတာ အများကြီးပဲ” ဟု သွားရောက်ခဲ့သူတစ်ဦးကလည်း ပြောသည်။

ထို့ကြောင့် သွားရောက်လည်ပတ်သူများအနေဖြင့် ပန်းများမခူးကြရန်၊ လမ်းကြောင်းအသစ်များမလုပ်ကြရန်၊ အမှိုက်များမထားခဲ့ရန် အထူးလိုအပ်လျက်ရှိနေကြောင်းလည်း လူမှုကွန်ယက်တွင် ပြန်လည်မျှဝေနေကြသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

လေယာဉ်တင်သင်္ဘောတစ်စင်း အင်ဒိုနီးရှားသို့ အီတလီက အခမဲ့ပေးမည်

အီတလီနိုင်ငံသည် လေယာဉ်တင်သင်္ဘော ဂယ်ရီဘောလ်ဒီ (Garibaldi) ကို အင်ဒိုနီးရှားသို့ လွှဲပြောင်းပေးမည့် အစီအစဉ်များကို အပြီးသတ် အတည်ပြုလိုက်ပြီဖြစ်သည်။ အီတလီအောက်လွှတ်တော်၏ နိုင်ငံခြားရေးနှင့် ကာကွယ်ရေးဆိုင်ရာ ပူးတွဲကော်မတီများက ယင်းသင်္ဘောအား အခမဲ့လွှဲပြောင်းပေးနိုင်မည့် ဝန်ကြီးဌာန၏ အမိန့်ဒီကရီကို ထောက်ခံပေးခဲ့ပြီးနောက် အီတလီအထက်လွှတ်တော်က ယင်းအစီအစဉ်ကို အတည်ပြုပေးခဲ့ခြင်းဖြစ်သည်။ လွှတ်တော်၏ အတည်ပြုချက်ရရှိပြီးဖြစ်၍ သင်္ဘောလွှဲပြောင်းပေးအပ်ခြင်းကို ၂၀၂၆ ခုနှစ် ဒီဇင်ဘာလတွင် ပြုလုပ်ရန် မျှော်မှန်းထားပြီး အင်ဒိုနီးရှားရေတပ်တွင် တရားဝင်တာဝန်ထမ်းဆောင်မည်ဖြစ်သည်။ ဂယ်ရီဘောလ်ဒီ သင်္ဘောသည် တစ်ချိန်က အီတလီရေတပ်၏ ထင်ရှားသောသင်္ဘောတစ်စင်းဖြစ်ခဲ့ပြီး ဘော်လ်ကန်ဒေသရှိ နေတိုးစစ်ဆင်ရေးများနှင့် စစ်အေးတိုက်ပွဲအလွန် တပ်ဖြန့်မှုများတွင်...

နိုင်ငံရေးအခြေအနေကြောင့် မီးလေ-ာင်ပျ-က်စီးခဲ့သည့် ကော့ကရိတ်မြို့မှ နေအိမ် (၁,၅၅၄) လုံးပြန်လည်ဆောက်လုပ်ရန် ဘိလပ်မြေနှင့် သွပ်များထောက်ပံ့မည်

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့၌ဖြစ်ပေါ်ခဲ့သည့် နိုင်ငံရေးအခြေအနေများကြောင့် ရပ်ကွက် ၁၊ ရပ်ကွက် ၂၊ ရပ်ကွက် ၄၊ ရပ်ကွက် ၅၊ ရပ်ကွက် ၆၊ ရပ်ကွက် ၇ တို့ရှိ နေအိမ် (၁,၅၅၄) လုံးမှာ မီးလေ-ာင်ပျ-က်စီးမှုများဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။ ထို့ကြောင့် ကော့ကရိတ်မြို့ပြန်လည်တည်ငြိမ်အေး ချမ်းလာချိန်၌ ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိရာ ယင်း မီးလေ-ာင်ပျ-က်စီးခဲ့သည့် နေအိမ်များအား ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးများ၊ ကော့ကရိတ်မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နှင့် တာဝန်ရှိသူများက ယနေ့ မေ ၂ ရက်တွင်ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။ " ပြန်လည်တူထောင်ဖို့အတွက် အရင်ဆုံးနေအိမ်ပိုင်ရှင်က ကိုယ့်မြေနေရာကိုသန့်ရှင်းရေးလုပ်ပြီး သက်ဆိုင်ရာကိုသတင်းပို့ရမယ်။...

​အိန္ဒိယရေတပ်ဦးစီးချုပ် ရန်ကုန်သို့ ရောက်ရှိ၊ ဒုတိယဝန်ကြီးများနှင့် India House တွင် တွေ့ဆုံ​​မြန်မာ့တပ်မတော် (ရေ) ၏ ဖိတ်ကြားမှုဖြင့် အိန္ဒိယရေတပ်ဦးစီးချုပ် Admiral Dinesh Kumar Tripathi ဦးဆောင်သော ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် ယမန်နေ့က ရန်ကုန်မြို့သို့ ရောက်ရှိလာကြောင်း အိန္ဒိယသံရုံးက ယနေ့တွင်ထုတ်ပြန်သည်။​​အိန္ဒိယရေတပ်ဦးစီးချုပ်နှင့် အဖွဲ့အား...

​ခရီးစဉ်အတွင်း ရန်ကုန်မြို့ရှိ India House တွင် ဂုဏ်ပြုညစာစားပွဲတစ်ရပ် ကျင်းပပြုလုပ်ခဲ့ရာ အိန္ဒိယရေတပ်ဦးစီးချုပ်သည် မြန်မာအစိုးရကိုယ်စားလှယ်များဖြစ်ကြသည့် ​နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကိုကိုကျော်၊​ ပို့ ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထွန်းလူတို့နှင့် တွေ့ဆုံခဲ့ကြသည်။ ​အဆိုပါ တွေ့ဆုံပွဲတွင် နှစ်နိုင်ငံ ရေတပ်အချင်းချင်း ချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မာစေရေး၊ ဒေသတွင်းရေကြောင်းလုံခြုံရေးဆိုင်ရာကိစ္စရပ်များနှင့် ပို့ဆောင်ရေးကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများကို အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071