စစ်ကိုင်းတိုင်း၏ အထင်ကရစေတီတော်များအနက် တစ်ဆူအပါအဝင်ဖြစ်သော စစ်ကိုင်းမြို့တည်၊ နန်းတည် အသင်္ခရာစောယွန်းမင်းကြီးတည်ထားကိုးကွယ်တော်မူခဲ့သည့် စေတီလှစေတီတော်မြတ်ကြီးသည် မန္တလေးငလျင်ကြီးဒ-ဏ်ကြောင့် ပြိုကျပျ-က်စီးမှုများဖြစ်ပေါ်ခဲ့ရသည်။
ထို့ကြောင့် သီတဂူဆရာတော်ကြီး၏ ဦးဆောင်ကြီး ကြပ်မှုဖြင့် ပြိုကျပျ-က်စီးခဲ့သော စေတီလှစေတီတော်မြတ်ကြီးအနီးတွင် စေတီတော်တစ်ဆူအား တည်ထားကိုးကွယ်မည်ဖြစ်ရာ ယင်း စေတီတော်မြတ်ကြီးအတွက် သြဂုတ် ၂၂ ရက်က အောက်ခံဖောင်ဒေးရှင်းကို ကွန်ကရစ်စတင်လောင်းခဲ့ကြသည်။
