Monday, June 15, 2026

နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် စတင်၊ နိုင်ငံတော်သမ္မတ...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ မစ္စတာရှီကျင့်ဖျင်၏ ဖိတ်ကြားချက်အရ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ်အဖြစ် တရုတ်နိုင်ငံသို့ ယနေ့ ဇွန် ၁၅ ရက်...

ကချင်ပြည်နယ်က ယာယီတိမ်းရှောင်စခန်းရှိ အိမ်ထောင်စု (၆၀၉)...

ပြည်ထောင်စုအတိုင်ပင်ခံကောင်စီ၊ ကောင်စီဝင် ဒေါ်ဒွဲဘူနှင့် ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် ယနေ့မွန်းလွဲ ၂ နာရီက မြစ်ကြီးနားမြို့ ရွေးနုတ်ကယ်တင်ခြင်း ယာယီတိမ်းရှောင်စခန်း၌ ခိုလှုံနေထိုင်လျက်ရှိသော စခန်း...

တရားမဝင် ယစ်မျိုးလိုင်စင်များကို မြေပြင်တွင် စီမံကိန်းပုံစံဖြင့်...

စီမံချက်ဆောင်ရွက်ရန်အတွက် ပြည်ထဲရေးဝန်ကြီးဌာနအနေနှင့် သက်ဆိုင်ရာအစိုးရအဖွဲ့အစည်းများကို တင်ပြဆောင်ရွက်မည်ဖြစ် မြန်မာနိုင်ငံတွင် တရားမဝင် ယစ်မျိုးလိုင်စင်များကို ထိရောက်စွာ ဖမ်းဆီးအရေးယူဆောင်ရွက်ပေးရန် အစီအစဉ်ရှိမရှိကို ယနေ့ ဇွန် ၁၅ ရက်နေ့တွင်...

မြန်မာ့လက်ရွေးစင်တိုက်စစ်မှူး မေထက်လူကို ဧရာဝတီအသင်း ခေါ်ယူ

ယခုနှစ် မြန်မာအမျိုးသမီးလိဂ်ရာသီအတွက် ဧရာဝတီအမျိုးသမီးအသင်းက မြန်မာ့လက်ရွေးစင် တိုက်စစ်မှူးမေထက်လူကို ခေါ်ယူအားဖြည့်လိုက်ပြီဖြစ်ကြောင်း အသင်းက တရားဝင်သတင်းထုတ်ပြန်လိုက်သည်။ တိုက်စစ်မှူး မေထက်လူအတွက်မူ ယခုအပြောင်းအရွှေ့သည် သူမအနေဖြင့် မြန်မာ့လက်ရွေးစင်အသင်းတွင် ရွေးချယ်ခံရပြီးနောက်ပိုင်း...
HomeNewsLocal Newsတရုတ်ကအဆင့်မြင့်လက်နက်များကို စစ်ရေးပြပွဲ၌ ထုတ်ဖော်ပြသမည်

တရုတ်ကအဆင့်မြင့်လက်နက်များကို စစ်ရေးပြပွဲ၌ ထုတ်ဖော်ပြသမည်

ဩဂုတ် ၂၀

တရုတ်နိုင်ငံသည် ဒုတိယကမ္ဘာစစ်အပြီး နှစ် ၈၀ ပြည့် အထိမ်းအမှတ်အဖြစ် ပေကျင်းမြို့လယ်၌ လာမည့်လတွင် ကြီးကျယ်ခမ်းနားသော စစ်ရေးပြချီတက်ပွဲတစ်ရပ်ကိုကျင်းပမည်ဖြစ်ကာ ပြင်ပကမ္ဘာသို့ ပထမဆုံးအကြိမ်အဖြစ် တရုတ်လက်နက်အသစ်များကို ထုတ်ပြမည်ဖြစ်ကြောင်း နိုင်ငံပိုင်မီဒီယာက ဖော်ပြခဲ့သည်။

“ချီတက်ပွဲမှာ တို-က်လေယာဉ်တွေနဲ့ ဗုံးကြဲလေယာဉ်တွေအပြင် နောက်ဆုံးပေါ်စစ်လက်နက်ပစ္စည်းတွေပါတဲ့ မြေပြင်တပ်ဖွဲ့တွေအပါအဝင် ရာနဲ့ချီတဲ့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်လေယာဉ်တွေ ပါဝင်မယ်” ဟု တရုတ်စစ်တပ် တာဝန်ရှိသူများက ဗုဒ္ဓဟူးနေ့၌ ကျင်းပပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
စစ်ရေးပြချီတက်ပွဲတွင် လေကြောင်း၊ ကုန်းကြောင်းနှင့် ရေကြောင်းတိုက်ခိုက်ရေးအဖွဲ့များ ပါဝင်မည်ဖြစ်ကြောင်း အစိုးရပိုင် ရှင်းဟွာသတင်းအေဂျင်စီက ပြောကြားခဲ့သည်။

“စစ်ရေးပြပွဲမှာ အဆင့်မြင့်တင့်ကားတွေ၊ သင်္ဘောတင် လေယာဉ်တွေနဲ့ တို-က်လေယာဉ်တွေအပါအဝင် စတုတ္ထမျိုးဆက်လက်နက်ကိရိယာအသစ်တွေကိုပြမယ်။ တရုတ်စစ်တပ်ရဲ့ စနစ်အခြေပြုတို-က်ခို-က်ရေးစွမ်းရည်ကို ပြသဖို့အတွက် စစ်ဆင်ရေးမော်ဂျူးတွေအဖြစ် စုစည်းထားပါတယ်” ဟု တရုတ်အစိုးရပိုင် ဂလိုဘယ်တိုင်းမ်းစ် မီဒီယာက ဖော်ပြခဲ့သည်။

“ဒီစစ်ရေးပြအခမ်းအနားမှာပြသထားတဲ့ လက်နက်တွေနဲ့ ကိရိယာအားလုံးဟာ ပြည်တွင်းမှာ တာဝန်ထမ်းဆောင်နေတဲ့ အဓိကတို-က်ပွဲဝင်ပစ္စည်းတွေပါပဲ။ ဒါတွေကို ပြည်တွင်းမှာပဲ ထုတ်လုပ်ပါတယ်။ ဒီအခမ်းအနားမှာ တရုတ်စစ်တပ်ရဲ့ မျိုးဆက်သစ်လက်နက်နဲ့ ပစ္စည်းကိရိယာတွေကို စုစည်းပြသထားပါတယ်” ဟု ဂလိုဘယ်တိုင်းမ်းစ် မီဒီယာက ပြောကြားခဲ့သည်။

စက်တင်ဘာလ ၃ ရက်နေ့ အခမ်းအနားသည် ၁၉၄၅ ခုနှစ်တွင် ဂျပန်တပ်များလက်နက်ချခြင်း အထိမ်းအမှတ်အဖြစ် ၂၀၁၅ ခုနှစ်နောက်ပိုင်း ဒုတိယအကြိမ်စစ်ရေးပြအခမ်းအနား ဖြစ်လာမည်ဖြစ်သည်။

တရုတ်နိုင်ငံ၏ လေယာဉ်တင်သင်္ဘောများကို ကာကွယ်ရန်အတွက် မောင်းသူမဲ့လေယာဉ်များ၊ တင့်ကားများ၊ ကြိုတင်သတိပေးလေယာဉ်များ တပ်ဆင်ထားသည့် စစ်ထရပ်များအပါအဝင် စစ်ရေးပြပွဲတွင် လက်နက်အသစ်နှင့် စက်ပစ္စည်းအသစ်များကို တရုတ်စစ်တပ်ကပြသရန် မျှော်လင့်ထားကြောင်း နိုင်ငံခြားစစ်သံမှူးများနှင့် လုံခြုံရေးလေ့လာသူများက ရို-က်တာ သတင်းဌာနသို့ ပြောကြားခဲ့သည်။

အမေရိကနှင့် ၎င်း၏မဟာမိတ်များသည် အထူးသဖြင့် တရုတ်နိုင်ငံ၏ ဒုံးကျည်လက်နက်များ အထူးသဖြင့် စစ်ဘက်ဆိုင်ရာအင်အားပြသမှုကို အနီးကပ်စောင့်ကြည့်နေမည်ဖြစ်သည်။

တပ်ဖွဲ့ပေါင်း ၄၅ ဖွဲ့ပါဝင်သည့် “အောင်ပွဲနေ့” ချီတက်ပွဲသည် မိနစ် ၇၀ ခန့် ကြာမည်ဖြစ်သည်။ တရုတ်ခေါင်းဆောင်သည် ၂၀၁၅ ခုနှစ်နောက်ဆုံးနှစ်ပတ်လည်ချီတက်ပွဲသို့လည်းတက်ရောက်ခဲ့သောရုရှားသမ္မတဗလာဒီမာပူတင်အပါအဝင်ဖိတ်ကြားထားသောနိုင်ငံခြားခေါင်းဆောင်များနှင့်ဂုဏ်သရေရှိပုဂ္ဂိုလ်များစွာနှင့်အတူလိုက်ပါသွားမည်ဖြစ်သည်။

Ref: အယ်လ်ဂျာဇီယား

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် စတင်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား ပေကျင်း၌ ဂုဏ်ပြုကြိုဆို

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ မစ္စတာရှီကျင့်ဖျင်၏ ဖိတ်ကြားချက်အရ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ်အဖြစ် တရုတ်နိုင်ငံသို့ ယနေ့ ဇွန် ၁၅ ရက် နံနက်ပိုင်းတွင် ထွက်ခွာခဲ့ပြီး မွန်းလွဲ ၂ နာရီခန့်တွင် ပေကျင်းမြို့ရှိ Capital International Airport သို့ ရောက်ရှိခဲ့ကြောင်း သိရသည်။ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် နေပြည်တော်ရှိ တပ်မတော်လေဆိပ်မှ အထူးလေယာဉ်ဖြင့် ထွက်ခွာခဲ့ခြင်းဖြစ်ပြီး ပေကျင်းမြို့ရှိ Capital International Airport တွင် တရုတ်နိုင်ငံအစိုးရအဖွဲ့မှ တာဝန်ရှိသူများက တရုတ်နိုင်ငံ ဂုဏ်ပြုတပ်ဖွဲ့နှင့်အတူ...

ကချင်ပြည်နယ်က ယာယီတိမ်းရှောင်စခန်းရှိ အိမ်ထောင်စု (၆၀၉) စုအား ဆန်အိတ် ၂၀၀ ထောက်ပံ့

ပြည်ထောင်စုအတိုင်ပင်ခံကောင်စီ၊ ကောင်စီဝင် ဒေါ်ဒွဲဘူနှင့် ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် ယနေ့မွန်းလွဲ ၂ နာရီက မြစ်ကြီးနားမြို့ ရွေးနုတ်ကယ်တင်ခြင်း ယာယီတိမ်းရှောင်စခန်း၌ ခိုလှုံနေထိုင်လျက်ရှိသော စခန်း (၉) ခုမှ အိမ်ထောင်စုများအား သွားရောက်တွေ့ဆုံ၍ အားပေးစကားပြောကြားကာ ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။ အဆိုပါ တွေ့ဆုံပွဲကို မြစ်ကြီးနားမြို့၊ မန်ခိန်ရပ်ကွက်၊ ပြည်နယ်လွှတ်တော်ရုံးအနီးရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (ရုံးချုပ်) ပိုင်မြေဧရိယာအတွင်း ဖွင့်လှစ်ထားသည့် ရွေးနုတ်ကယ်တင်ခြင်း ယာယီတိမ်းရှောင်စခန်း ခန်းမဆောင်၌ ကျင်းပခဲ့သည်။ ထိုသို့ တွေ့ဆုံရာတွင် ပြည်ထောင်စုအတိုင်ပင်ခံကောင်စီ ကောင်စီဝင် ဒေါ်ဒွဲဘူက မိမိတို့ဒေသ တည်ငြိမ်အေးချမ်းရေးနှင့်...

တရားမဝင် ယစ်မျိုးလိုင်စင်များကို မြေပြင်တွင် စီမံကိန်းပုံစံဖြင့် ထိရောက်စွာ ဖမ်းဆီးအရေးယူဆောင်ရွက်ပေးရန် အစီအစဉ်ရှိမရှိ လွှတ်တော်တွင် မေးမြန်း

စီမံချက်ဆောင်ရွက်ရန်အတွက် ပြည်ထဲရေးဝန်ကြီးဌာနအနေနှင့် သက်ဆိုင်ရာအစိုးရအဖွဲ့အစည်းများကို တင်ပြဆောင်ရွက်မည်ဖြစ် မြန်မာနိုင်ငံတွင် တရားမဝင် ယစ်မျိုးလိုင်စင်များကို ထိရောက်စွာ ဖမ်းဆီးအရေးယူဆောင်ရွက်ပေးရန် အစီအစဉ်ရှိမရှိကို ယနေ့ ဇွန် ၁၅ ရက်နေ့တွင် ကျင်းပသည့် တတိယအကြိမ် ပြည်သူလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး အဌမနေ့တွင် မေးမြန်းခဲ့ကြောင်း သိရသည်။ “ရပ်ကွက်ကျေးရွာတွေမှာ လိုင်စင်မဲ့ ယစ်မျိုးဆိုင်များ၊ မိတ္တုပွားဆိုင်များ ဖွင့်လှစ်ရောင်းချနေကြောင်း ကြားသိမြင်တွေ့နေရပါတယ်။ တာဝန်ရှိသူများ စိစစ်အရေးယူမှုများ ဆောင်ရွက်နေပေမယ့် ထိရောက်စွာ ဆောင်ရွက်နေမှု အားနည်းတာကိုတွေ့ရပါတယ်” ဟု ပြည်သူလွှတ်တော်ကိုယ်စားလှယ် ဦးတင်မြင့်က မေးခွန်းမေးမြန်းစဉ် ထည့်သွင်းပြောကြားခဲ့ခြင်းလည်း ဖြစ်သည်။ ရန်ကုန်တိုင်းဒေသကြီးတွင် ယစ်မျိုးလိုင်စင် ၉၇၀၀...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071