ကိုရီးယားနိုင်ငံတွင်ပညာသင်ကြားလျက်ရှိသည့် မြန်မာနိုင်ငံမှကျောင်းသား(၃)ဦး Global Elim Foundation(GEF)မှ 2025 Fall Semester အတွက်ပေးအပ်သည့် Global Elim Foundation (GEF) Scholarship Award ရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ ပညာသင်ဆုပေးအပ်ချီးမြှင့်ပွဲအား သြဂုတ် ၂၁ ရက်က ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့၌ကျင်းပရာ ကိုရီးယားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဦးသန့်စင်တက်ရောက်၍ လူငယ်များအနေဖြင့် မိမိတို့၏အနာဂါတ်ပန်းတိုင်များကို ရည်မှန်းချက်မြင့်မြင့်မားမားထားကာ လျှောက်လှမ်းသွားရန်နှင့် အနာဂါတ်တွင် မိမိတို့၏အဖွဲ့အစည်းကို စေတနာထားကာ အကျိုးပြုသွားကြရန် တိုက်တွန်းပြောကြားခဲ့သည်။
အဆိုပါ Global Elim Foundation(GEF)မှ ကိုရီးယားနိုင်ငံတွင် ပညာသင်ကြားလျက်ရှိသော မြန်မာနိုင်ငံမှ ကျောင်းသား/သူ(၃)ဦးအပါအဝင် နိုင်ငံပေါင်း(၁၉)နိုင်ငံမှ ထူးချွန်ကျောင်းသား/သူ(၃၉)ဦးကို ပညာသင်ဆုများပေးအပ်ချီးမြှင့်ခဲ့သည်။
