မြန်မာနိုင်ငံ၏ တစ်ဆက်တစ်စပ်တည်းသော မြန်မာ့သမိုင်းစဉ်စာအုပ်ပုံနှိပ်ထုတ်ဝေနိုင်ရေးအတွက် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဦးဆောင်၍ ဆောင်ရွက်နေသည်။
လက်ရှိ၌ ပညာရှင်ကြီးများ၏ အကြံပြုလမ်းညွှန်ချက်များဖြင့် တည်းဖြတ်ပြင်ဆင်ရေးသားပြုစုထားသည့် “မြန်မာ့မြေလွှာဖြစ်တည်မှုနှင့် မြန်မာ့ပရိုင်းမိတ်ကျောက်ဖြစ်ရုပ်ကြွင်းရှာဖွေတွေ့ရှိမှု”၊ “မြန်မာ့ကျောက်ခေတ်”၊ “မြန်မာ့ကြေးခေတ်၊ သံခေတ်” နှင့် “ပျူခေတ်ရှေးဦးမြို့ပြယဉ်ကျေးမှု” စသည့် သမိုင်းစဉ်စာအုပ် (မူကြမ်း)များကို တည်းဖြတ်ပြုစုထားပြီးဖြစ်ကြောင်းလည်း သိရသည်။
ထိုတစ်ဆက်တစ်စပ်တည်းသော မြန်မာ့သမိုင်းစဉ်စာအုပ် (မူကြမ်း) များကို ပုံနှိပ်ထုတ်ဝေနိုင်ရေးအတွက် သမိုင်းကြောင်းအချက်အလက်များ မှားယွင်းမှုမရှိစေရေးနှင့် အယူအဆများလွဲချော်မှု မရှိစေရေးတို့အတွက်လည်း လိုအပ်သည့်အချက်အလက်များ၊ မှတ်တမ်းဓာတ်ပုံများ၊ မြေပုံများရှာဖွေရေးသား ပြုစုထောက်ပံ့ခြင်းနှင့် ပုံနှိပ်ရန်ပြင်ဆင်ခြင်း လုပ်ငန်းတို့ကို
လည်း ဆောင်ရွက်နေဆဲဖြစ်သည်ဟု သိရသည်။
ထို့အပြင် သမိုင်းစဉ်စာအုပ်ထုတ်ဝေရေးနှင့်ပတ်သက်ပြီး စာအုပ်အရွယ်အစားနှင့် မျက်နှာဖုံးပုံစံများ အတည်ပြုနိုင်ရေး၊ ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်နှင့်လိုအပ်ချက်များကို ဩဂုတ်လကုန်အပြီး ပြင်ဆင်ပေးပို့နိုင်ရေးတို့နှင့်ပတ်သက်၍ လည်း ဆွေးနွေးဆောင်ရွက်နေကြောင်း သိရသည်။
