စစ်ကိုင်းတိုင်း၊ စစ်ကိုင်းတောင်ရိုးပေါ်ရှိ အပြည်ပြည်ဆိုင်ရာဗုဒ္ဓဘာသာပညာရေးစင်တာ၏ IBEC ဆရာတော်အား ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့အခြေစိုက် Asian University International မှ ပညာရေးဆိုင်ရာစီမံခန့်ခွဲမှုဂုဏ်ထူးဆောင်ပါရဂူဘွဲ့ကို ယနေ့ သြဂုတ် ၁၆ ရက်က မနီလာမြို့ရှိ၊ Heritage Hotel၊ The Grand Ballroom ခန်းမတွင်ချီးမြှင့်အပ်နှင်းခဲ့သည်။
IBEC ဆရာတော်၏ နှစ်ပေါင်း(၂၀)အတွင်း ဆောင်ရွက်တော်မူခဲ့သော ပညာရေးဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ၊ ပညာရေးဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းများ၊ ပညာရေးဖြင့်လူသားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် စွမ်းစွမ်းတမံစီမံဆောင်ရွက်ခဲ့မှုများကြောင့် ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ကိုချီးမြှင့်အပ်နှင်းခဲ့ခြင်းဖြစ်သည်။
IBEC ဆရာတော်အား ၂၀၂၀ ခုနှစ်၊ မေ ၁၉ ရက်က International Human Rights မှ လူမှုအကျိုးပြုလုပ်ငန်းဆောင်ရွက်ချက်များ၊ ကိုဗစ်(၁၉)ရောဂါကာလအတွင်းဆောင်ရွက်ချက်များအား ဂုဏ်ပြုသည့်အနေဖြင့် ဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့၊ ၂၀၁၉ ခုနှစ်၊ မေ ၃၀ ရက်က International Peace University မှ “Doctor of Social Works”တို့ကိုဂုဏ်ပြုချီးမြှင့်ခဲ့ပြီးဖြစ်သည်။
အဆိုပါ ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ပေးအပ်ချီးမြှင့်ခြင်းအခမ်းအနားတွင် IBEC ဆရာတော်မှ အထူးမိန့်ခွန်းတစ်ရပ်ကို မိန့်ကြားတော်မူခဲ့သည်။
