ယခုနှစ်အတွင်း ကျင်းပမည့်အထွေထွေရွေးကောက်ပွဲအတွက် မဲဆန္ဒနယ်မြေများ ထုတ်ပြန်ပြီ ဖြစ်သည်။
ထုတ်ပြန်ချက်တွင် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းနှင့် ပြည်နယ် လွှတ်တော် နှင့် တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ်မြေများ ပါဝင်သည်။
ထုတ်ပြန်မှုအရ မဲအများဆုံးရသူ အနိုင်ယူစနစ် (FPTP) နှင့် ကျင်းပမည့် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် ၃၃၀၊ ရောနှောထားသည့် ကိုယ်စားလှယ်အချိုးကျစနစ် (MMP) နှင့် ကျင်းပမည့် အမျိုးသားလွှတ်တော်မဲဆန္ဒနယ်၌ မဲအများဆုံးရသူ အနိုင်ယူစနစ် (FPTP) မဲဆန္ဒနယ် ၈၄ နယ်၊ အချိုးကျ ကိုယ်စားပြုစနစ် (PR) မဲဆန္ဒနယ် ၂၆ နယ် စုစုပေါင်း မဲဆန္ဒနယ် ၁၁၀ ဖြစ်သည်။
ထိုနည်းတူ ရောနှောထားသည့် ကိုယ်စားလှယ်အချိုးကျ စနစ် (MMP) နှင့် ကျင်းပမယ့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်၌ မဲအများဆုံးရသူ အနိုင်ယူစနစ် (FPTP) မဲဆန္ဒနယ် ၃၂၂ နယ် နှင့် အချိုးကျ ကိုယ်စား ပြုစနစ် (PR) မဲဆန္ဒနယ် ၄၂ နယ် စုစုပေါင်း မဲဆန္ဒနယ် ၃၆၄ နယ်၊ တိုင်းဒေသကြီး လွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် တိုင်းရင်းသား လူမျိုး မဲဆန္ဒနယ် ၂၉ နယ် ဖြစ်ကြောင်း သိရသည်။
ထို့အပြင် ပြည်ထောက်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် မဲဆန္ဒနယ်မြေ သတ်မှတ်ထုတ်ပြန်ချက်များနှင့် လွှတ်တော်အလိုက် မဲဆန္ဒနယ် ပါဝင်သည့် နယ်မြေစာရင်း အသေးစိတ်ကို နေ့စဉ် သတင်းစာများတွင် ဖော်ပြသွားမည်ဟု ထုတ်ပြန်ထားသည်။
