မန္တလေးတိုင်းအတွင်း၌ တာဝန်ထမ်းဆောင်လျက်ရှိသော ယာဥ်ထိန်းတပ်ဖွဲ့ဝင်များနှင့် ဆိုင်ကယ်လှည့်ကင်းရဲတပ်ဖွဲ့ဝင်များအတွက် ငွေကျပ်သိန်း(၄၅၀) တန်ဖိုးရှိ ဆိုင်ကယ်စီးဦးထုပ်(၃၀၀)လုံးကို “ရိမ်းဘိုး”ဆိုင်ကယ်အပိုပစ္စည်းရောင်းဝယ်ရေးမိသားစုမှ သြဂုတ် ၁၄ ရက်မွန်းလွဲပိုင်းကလှူဒါန်းခဲ့သည်။
အဆိုပါ ဆိုင်ကယ်စီးဦးထုပ်များအား မန္တလေးတိုင်းအစိုးရအဖွဲ့ရုံးသို့လာရောက်လှူဒါန်းရာ မန္တလေးတိုင်းဝန်ကြီးချုပ်ဦးမျိုးအောင်နှင့် တာဝန်ရှိသူများက လက်ခံရယူ၍ ကျေးဇူးတင်စကားပြောကြားပြီး ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခဲ့ကာ ယာဉ်ထိန်းရဲတပ်ဖွဲ့များနှင့် ဆိုင်ကယ်လှည့်ကင်းဆောင်ရွက်နေသည့် ရဲတပ်ဖွဲ့များထံစနစ်တကျပေးအပ်သွားမည်ဖြစ်သည်။
