စစ်တောင်းမြစ် အရှေ့ဘက်ကမ်း တောင်ကျရေသတိထား
ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းမှ လေဖိအားနည်းရပ်ဝန်းတို့၏ သက်ရောက်မှုကြောင့် မြန်မာနိုင်ငံ နေရာအနှံတွင် ဩဂုတ် (၁၅) ရက် မှ (၁၈) ရက်အတွင်း မိုးအနည်းငယ်မှ အသင့်အတင့် ထစ်ချုန်းရွာနိုင်ပြီး (၂၄) နာရီအတွင်း မိုးရေချိန် (၁.၂) လက်မအောက်ရှိနိုင်ကြောင်း ပြင်ပမိုးလေဝသပညာရှင် ဦးဝင်းနိုင်က အသိပေးထားသည်။
ထို့ပြင် ပဲခူးတိုင်းအရှေ့ပိုင်း၊ ပဲခူးနှင့် ကရင်ပြည်နယ် နယ်စပ်အနီး၊ စစ်တောင်းမြစ် အရှေ့ဘက်ကမ်းတောင်ကြောများအပေါ်တွင် မိုးများနိုင်ပြီး(၂၄) နာရီအတွင်း မိုးရေချိန် (၂) လက်မအထက်ထိ ရွာသွန်းနိုင်ကာ မိုးသည်းထန်ခြင်းကြောင့် တောင်ကျရေကျဆင်းပြီး ရုတ်တရက်ရေကြီးနိုင်ခြင်းကို သတိပြုရန်လိုအပ်ကြောင်းလည်း ဦးဝင်းနိုင်က အသိပေးထားသည်။
ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်း အိန္ဒိယနိုင်ငံ၊ အင်ဒရာပရာဒေ့ရှ် မြောက်ပိုင်းကမ်းလွန်နှင့် ဩရိဿပြည်နယ်တောင်ပိုင်းကမ်းခြေတို့၌ ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း(Low Pressure Area)သည် ဆက်လက်တည်ရှိနေပြီး အဆိုပါလေဖိအားနည်းရပ်ဝန်းသည်အနောက် – အနောက်မြောက်ဘက်သို့ ရွေ့လျားနိုင်ကာ နောက် (၂၄) နာရီအတွင်း ပိုမိုအားကောင်းလာနိုင်ကြောင်းလည်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ယနေ့ ဩဂုတ်လ (၁၄) ရက် နံနက်ပိုင်းတွင် အသိပေးထားသည်။
မိုးဇလ၏ နောက်(၂)ရက်အတွင်း ခန့်မှန်းချက်အရလည်းတ နင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ရှမ်းပြည်နယ် (တောင်ပိုင်းနှင့် အရှေ့ပိုင်း)တို့တွင် မိုးပိုများလာနိုင်ကြောင်းလည်း ခန့်မှန်းထားသည်။
