စပိန်သည် နိုင်ငံတစ်ဝန်းတောမီးလေ-ာင်ကျွမ်းမှုကို ကိုင်တွယ်ဖြေရှင်းရန်အတွက် ၎င်း၏ဥရောပမိတ်ဖက်များထံမှ အကူအညီကို ရယူနေကြောင်း ပြည်ထဲရေးဝန်ကြီး ဖာနန်ဒို ဂရွန်ဒ် မာလာစကာ က ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။
အထူးသဖြင့်၊ ၎င်းသည် ကနေဒါနိုင်ငံထုတ် ကန်နဒါရ်အဲ လေယာဉ်နှစ်စင်းကို တောင်းဆိုခဲ့သည်ဟု ပြည်တွင်းမီဒီယာ ကာဒေန အက်စ်အီးအာရ် (Cadena SER) နှင့် အင်တာဗျူးတွင် ပြောကြားခဲ့သည်။
“လောလောဆယ်မှာ ကန်နဒါအဲရ် လေယာဉ်နှစ်စင်း အရေးတကြီး မလိုအပ်သေးပေမယ့် ရာသီဥတုခန့်မှန်းချက်အရတော့ အဲဒီလေယာဉ်တွေကို ကျွန်တော်တို့ နိုင်ငံပိုင်နက်မှာ အမြန်ဆုံး ထားရှိပေးစေချင်ပါတယ်၊ လိုအပ်ရင် အသုံးပြုနိုင်အောင်လို့ပါ” ဟု ၎င်းက ပြောသည်။
ယခုအချိန်တွင် မလိုအပ်သေးသော်လည်း မီးသတ်သမားများကဲ့သို့ အကူအညီများကို ၎င်း၏ဥရောပမဟာမိတ်များထံမှ အကူအညီများ ထပ်မံရယူရန် အဆင်သင့်ဖြစ်နေပြီဟု ၎င်းက ပြောကြားခဲ့သည်။
စပိန်နိုင်ငံတွင် စေတနာ့ဝန်ထမ်း မီးသတ်သမားတစ်ဦးသည်ပြင်းထန်သောမီးလောင်ဒဏ်ရာကြောင့် ေ-သဆုံးခဲ့ပြီး လူအများအပြားကို ဆေးရုံတင်ထားရကြောင်း ပြည်နယ်မိုးလေဝသအေဂျင်စီက နိုင်ငံတစ်ဝန်းလုံးနီးပါး မီးဘေးအန္တရာယ်အလွန်ပြင်းထန်သည် သို့မဟုတ် အလွန်မြင့်မားသည်ဟု သတိပေးခဲ့သည်။
စပိန်သည် အင်္ဂါနေ့တွင် အပူချိန် ၄၅ ဒီဂရီစင်တီဂရိတ် (၁၁၃ ဒီဂရီဖာရင်ဟိုက်) အထိ မြင့်မားသော အပူလှိုင်းတစ်ခု၏ ၁၀ ရက်မြောက်နေ့သို့ရောက်ရှိနေပြီဖြစ်ပြီး ပြည်နယ်မိုးလေဝသအေဂျင်စီက တနင်္လာနေ့အထိ ဆက်လက်တည်ရှိနေမည်ဟု ခန့်မှန်းထားပြီး အရှည်ဆုံးအပူလှိုင်းအဖြစ် မှတ်တမ်းဝင်ခဲ့သည်။
Ref: ဖရွန့်စ် ဗန့်ကတ်ဒ်
