Wednesday, December 17, 2025

တရုတ်လေယာဉ်တင်သင်္ဘော ထိုင်ဝမ်ရေလက်ကြားကို ဖြတ်သန်း

တရုတ်နိုင်ငံ၏ အသစ်လွင်ဆုံးနှင့် ခေတ်အမီဆုံး လေယာဉ်တင်သင်္ဘော ဖူကျန်းသည် အင်္ဂါနေ့က ထိုင်ဝမ်ရေလက်ကြားကို ဖြတ်သန်းခုတ်မောင်းခဲ့သည်ဟု ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။ လေယာဉ်တင်သင်္ဘောသည် ပြီးခဲ့သည့်လတွင် တရားဝင်တပ်တော်ဝင်ခဲ့ပြီးနောက်ပိုင်း...

ဝူရှူးအားကစားအဖွဲ့ ငွေတံဆိပ်(၃)ဆု၊ ကြေးတံဆိပ်(၂)ဆု ဆွတ်ခူးနိုင်ခဲ့

ထိုင်းနိုင်ငံတွင် ကျင်းပသည့် ဆီးဂိမ်းပြိုင်ပွဲ၏ ဝူရှူးအားကစားနည်း၌ မြန်မာဝူရှူးအဖွဲ့သည် ငွေတံဆိပ်(၃)ဆု၊ ကြေးတံဆိပ်(၂)ဆု ဆွတ်ခူးနိုင်ခဲ့သည်။ အရှေ့တောင်အာရှအားကစားပြိုင်ပွဲကို ဒီဇင်ဘာ ၉ ရက်မှ ၂၀ ရက်အထိ...

လူမှုကွန်ရက်ပေါ်တွင် ငွေစက္ကူအတု ဖမ်းဆီးရမိမှုများအား မကြာခဏတွေ့ရှိရ၍...

မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ဝေသည့် ငွေစက္ကူများမှာ လုံခြုံမှုအဆင့်အတန်း မြင့်မားစွာပါရှိသောကြောင့် လွယ်ကူလျင်မြန်စွာ ခွဲခြားသိမြင်နိုင်ဟုဆို လူမှုကွန်ရက်ပေါ်တွင် ငွေစက္ကူအတုပြုလုပ်ရောင်းချသူများကို သတင်းပေးတိုင်ကြားချက်အရ ဖမ်းဆီးရမိခဲ့ကြောင်း ဗဟိုဘဏ်က ထုတ်ပြန်ထားသည်။ အဆိုပါ သတင်းပေးတိုင်ကြားမှုအရ...

ပထမနှစ် အဝေးသင် သင်တန်းဝင်ခွင့်ရသူများစာရင်းကို ယနေ့...

ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၏ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူများအတွက် ပထမနှစ် အဝေးသင် သင်တန်းဝင်ခွင့်ရသူများစာရင်းကို ယနေ့ ဒီဇင်ဘာ ၁၇ ရက်မှစတင်ကာ ထုတ်ပြန်ကြေညာပေးခဲ့ကြောင်း...
HomeInternational၁၈ ကြိမ်မြောက် နိုင်ငံတကာ...

၁၈ ကြိမ်မြောက် နိုင်ငံတကာ နက္ခတ္တဗေဒနှင့် ရူပဗေဒ အိုလံပစ်ပြိုင်ပွဲကို မွန်ဘိုင်းတွင် ဖွင့်လှစ်

ဩဂုတ်လ ၁၂ ရက်နေ့ (အင်္ဂါနေ့)က မွန်ဘိုင်း၌ ကျင်းပခဲ့သော ၁၈ ကြိမ်မြောက် နိုင်ငံတကာ နက္ခတ္တဗေဒနှင့် နက္ခတ္တဗေဒရူပဗေဒ အိုလံပစ်ပြိုင်ပွဲ (IOAA) ဖွင့်ပွဲအခမ်းအနားတွင် အိန္ဒိယနိုင်ငံသည် နည်းပညာကို ဦးစားပေးအဖြစ် သတ်မှတ်ထားကြောင်း အိန္ဒိယအစိုးရ၏ အဓိကသိပ္ပံဆိုင်ရာ အကြံပေးပုဂ္ဂိုလ်ဖြစ်သူ အာဂျေးကူးမားဆွဒ်(Ajay Kumar Sood)က ပြောကြားခဲ့သည်။

“ပြိုင်ပွဲဝင်တွေဟာ အိုင်ဒီယာအသစ်တွေ၊ စိတ်ကူးစိတ်သန်းတွေနဲ့ ကြွယ်ဝတဲ့ အတွေးအမြင်တွေနဲ့ သူတို့နိုင်ငံကို ပြန်သွားသင့်ပါတယ်” ဟု ပါမောက္ခ ဆွဒ်က အိုလံပစ်ပြိုင်ပွဲကို “သိပ္ပံအားကစား” အဖြစ် ရည်ညွှန်းပြောကြားခဲ့သည်။

Tata Institute of Fundamental Research ရှိ Homi Bhabha သိပ္ပံပညာရေးဌာနက အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် ၁၀ ရက်ကြာ အိုလံပစ်ပြိုင်ပွဲတွင် နိုင်ငံပေါင်း ၆၄ နိုင်ငံမှ အထက်တန်းကျောင်းသား ၃၀၀ ကျော် ပါဝင်ယှဥ်ပြိုင်ခဲ့ကြသည်။

နက္ခတ္တဗေဒသည် စကြဝဠာကို လေ့လာခြင်းသက်သက်သာမက၊ အလွန်တိကျသော တွက်ချက်မှုဆိုင်ရာ ကိရိယာများ၊ ဉာဏ်ရည်တု (AI)၊ စက်သင်ယူမှုနှင့် အခြားအရာများ ပါဝင်သည့် စနစ်တစ်ခုဖြစ်ပြီး အနာဂတ်တွင် လိုက်စားရန် နည်းလမ်းများစွာကို ပေးစွမ်းနိုင်သည်ဟု ပါမောက္ခ ဆွဒ်က သူ၏ အဖွင့်အမှာစကားတွင် ပြောကြားခဲ့သည်။

အိန္ဒိယနိုင်ငံသည် ယခု နိုင်ငံတကာ နက္ခတ္တဗေဒနှင့် နက္ခတ္တဗေဒရူပဗေဒ အိုလံပစ်ပြိုင်ပွဲ (IOAA)ကို ၂၀၁၆ ခုနှစ်က ဘူဘန်နက်ဆာ၌ ကျင်းပခဲ့ပြီးနောက် ယခုအကြိမ်သည် ဒုတိယအကြိမ် လက်ခံကျင်းပခြင်းဖြစ်သည်။ ယခုနှစ်၏ ဆောင်ပုဒ်မှာ “ကမ္ဘာသည် တစ်ခုတည်းသော ကောင်းကင်အောက်ရှိ မိသားစုတစ်ခုဖြစ်သည်” ဟူသော ရှေးဟောင်းအိန္ဒိယအယူအဆဖြစ်သည်။

အနာဂတ်သည် လူငယ်များ၏ လက်ထဲတွင် ရှိနေပြီး လက်တွေ့ပြဿနာများကို ဖြေရှင်းနိုင်ကြောင်းနှင့် အိန္ဒိယသည် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုကို ယုံကြည်ကြောင်း ဝန်ကြီးချုပ် နရင်ဒြာမိုဒီက ပြိုင်ပွဲဝင်များထံ‌ပေးပို့သော ဗီဒီယိုမက်ဆေ့ချ်တွင် ပြောကြားခဲ့သည်။ “နောက်ထပ် သိပ္ပံနည်းကျ တိုးတက်မှုက ဒီလူငယ်လေးတွေရဲ့ လက်ထဲမှာ ဖြစ်နိုင်ပါတယ်၊ ဘယ်သူသိနိုင်မလဲ” ဟု မိုဒီက အိန္ဒိယ၏ သိပ္ပံနယ်ပယ်တွင် အောင်မြင်မှုများကို မီးမောင်းထိုးပြကာ ပြောကြားခဲ့သည်။

၁၀ တန်းမှ ၁၂ တန်းအထိ ကျောင်းသားများကို အိုလံပစ်ပြိုင်ပွဲ၏ နိုင်ငံတကာအဆင့်တွင် ယှဉ်ပြိုင်ရန်အတွက် အသေးစိပ် ရွေးချယ်ခဲ့သည်။ ၁၀ ရက်ကြာ အစီအစဉ်အတွင်း ကျောင်းသားများသည် စိန်ခေါ်မှုများစွာရှိသော စာမေးပွဲများကို ဖြေဆိုရမည်ဖြစ်သည်။

ဖွင့်ပွဲအခမ်းအနားတွင် International Astronomical Union ၏ ယခင်ဒုတိယဥက္ကဋ္ဌဖြစ်သူ အာဂျစ်ကမ်ဗာဝီ(Ajit Kembhavi) အပါအဝင် ဂုဏ်သရေရှိပုဂ္ဂိုလ်များ တက်ရောက်ခဲ့သည်။ “ဘဝမှာ ကြီးကျယ်တဲ့အရာတွေကို လုပ်ဆောင်ဖို့ စိတ်ကူးစိတ်သန်းတွေ ရလာတဲ့အတွက် ဒီနေရာမှာ မင်းတို့ရဲ့ ပရော်ဖက်ရှင်နယ် ခရီးစဉ်တစ်ခုလုံး ပုံဖော်လာနိုင်ပါတယ်” ဟု မစ္စတာကမ်ဘာဝီက အလေးထားပြောကြားခဲ့သည်။

နိုင်ငံတကာ နက္ခတ္တဗေဒနှင့် နက္ခတ္တဗေဒရူပဗေဒ အိုလံပစ်ပြိုင်ပွဲ (IOAA) ကို အထက်တန်းကျောင်းသားများအကြား နက္ခတ္တဗေဒဆိုင်ရာ ကမ္ဘာလုံးဆိုင်ရာ စိတ်ဝင်စားမှု တိုးပွားလာမှုကို ဖြည့်ဆည်းရန်အတွက် ၂၀၀၆ ခုနှစ်တွင် စတင်ခဲ့ပြီး ပထမအကြိမ်ကို ၂၀၀၇ ခုနှစ်တွင် ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ ကျင်းပခဲ့သည်။

Homi Bhabha သိပ္ပံပညာရေးဌာန၏ အဆိုအရ နိုင်ငံတကာ နက္ခတ္တဗေဒနှင့် နက္ခတ္တဗေဒရူပဗေဒ အိုလံပစ်ပြိုင်ပွဲ (IOAA)၏ သင်ရိုးညွှန်းတမ်းသည် ကျောင်းသားများကို သီအိုရီ၊ လေ့လာမှုနှင့် အချက်အလက်ခွဲခြမ်းစိတ်ဖြာမှုတို့တွင် စိန်ခေါ်ယှဥ်ပြိုင်‌ရန် ဒီဇိုင်းထုတ်ထားသည်။

“မေးခွန်းတွေက ပျော်စရာကောင်းပြီး စိန်ခေါ်မှုရှိရမယ်။ တစ်နည်းအားဖြင့် ပြောရရင် အကောင်းဆုံးကျောင်းသားက မေးခွန်းတိုင်းမှာ စဉ်းစားစရာတစ်ခုခုရှိရမယ်။ ဒုတိယအချက်အနေနဲ့ ကြိုတင်ပြင်ဆင်မှုနည်းတဲ့ ကျောင်းသားတွေက ပိုကောင်းအောင် လေ့လာဖို့ စိတ်အားထက်သန်လာသင့်ပြီး တတိယအချက်ကတော့ မေးခွန်းတွေက ကျောင်းသားတွေကို သူတို့ ဘာကြောင့် မဖြေနိုင်တာလဲဆိုတာ ပြန်လည်စစ်ဆေးဖို့ ဖြစ်လာစေသင့်ပါတယ်” ဟု Tata Institute of Fundamental Research ၏ ဒါရိုက်တာ ဂျာယမ်းချန်ဂူလာ(Jayram Chengalur)က ပြောကြားခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

တရုတ်လေယာဉ်တင်သင်္ဘော ထိုင်ဝမ်ရေလက်ကြားကို ဖြတ်သန်း

တရုတ်နိုင်ငံ၏ အသစ်လွင်ဆုံးနှင့် ခေတ်အမီဆုံး လေယာဉ်တင်သင်္ဘော ဖူကျန်းသည် အင်္ဂါနေ့က ထိုင်ဝမ်ရေလက်ကြားကို ဖြတ်သန်းခုတ်မောင်းခဲ့သည်ဟု ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။ လေယာဉ်တင်သင်္ဘောသည် ပြီးခဲ့သည့်လတွင် တရားဝင်တပ်တော်ဝင်ခဲ့ပြီးနောက်ပိုင်း ရေလက်ကြားကို ပထမဆုံအကြိမ် ဖြတ်သန်းခဲ့ခြင်းဖြစ်သည်။ တရုတ်က ၎င်း၏ ပိုင်နက်နယ်မြေအဖြစ် ရှုမြင်သော ထိုင်ဝမ်သည် ကျွန်းတစ်ဝိုက်တွင် တရုတ်စစ်တပ်၏ စစ်ရေးလှုပ်ရှားမှုများကို နေ့စဉ်နီးပါး သတင်းထုတ်ပြန်လျက်ရှိသည်။ တရုတ်စစ်တပ်၏ အဆိုပါလှုပ်ရှားမှုများသည် ဒီမိုကရေစီနည်းကျရွေးကောက်ခံအစိုးရအပေါ် ဖိအားပေးသည့် အစီအမံတစ်ရပ်ဖြစ်သည်ဟု တိုင်ပေက ရှုမြင်သည်။ ယမန်နေ့က ဖူကျန်းသည် ရေလက်ကြားကို ဖြတ်သန်းသွားခဲ့ပြီး ၎င်းကို ထိုင်ဝမ်တပ်ဖွဲ့များက စောင့်ကြည့်နေခဲ့ကြောင်း ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက...

ဝူရှူးအားကစားအဖွဲ့ ငွေတံဆိပ်(၃)ဆု၊ ကြေးတံဆိပ်(၂)ဆု ဆွတ်ခူးနိုင်ခဲ့

ထိုင်းနိုင်ငံတွင် ကျင်းပသည့် ဆီးဂိမ်းပြိုင်ပွဲ၏ ဝူရှူးအားကစားနည်း၌ မြန်မာဝူရှူးအဖွဲ့သည် ငွေတံဆိပ်(၃)ဆု၊ ကြေးတံဆိပ်(၂)ဆု ဆွတ်ခူးနိုင်ခဲ့သည်။ အရှေ့တောင်အာရှအားကစားပြိုင်ပွဲကို ဒီဇင်ဘာ ၉ ရက်မှ ၂၀ ရက်အထိ ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ ကျင်းပနေခြင်း ဖြစ်သည်။ ဆုတံဆိပ်များကို ဝူရှူးအားကစားနည်းမှ ထောက်လုအားကစားပြိုင်ပွဲ အမျိုးသားသွေ့လျန့်(လက်နက်မဲ့) အတွဲ အတိုက်ပြိုင်ပွဲတွင် ဒုတိယငွေတံဆိပ်ဆုရ တင်ထူးဝေ+ ရဲရင့်ထွန်းအတွဲ၊ အမျိုးသမီး ဆန်းဆို(၅၆ ကီလို) ပြိုင်ပွဲတွင် ဒုတိယငွေတံဆိပ်ဆုရ ချယ်ရီသန်း၊ အမျိုးသမီးဆန်းဆို (၆၀ ကီလို)ပြိုင်ပွဲတွင် ဒုတိယငွေတံဆိပ်ဆုရနှင်းနုဝါ၊ အမျိုးသမီးသွေ့လျန့်(လက်နက်) ပြိုင်ပွဲတွင် တတိယကြေးတံဆိပ်ဆုရ သုပန်ထွာ+...

လူမှုကွန်ရက်ပေါ်တွင် ငွေစက္ကူအတု ဖမ်းဆီးရမိမှုများအား မကြာခဏတွေ့ရှိရ၍ ပြည်သူများအနေဖြင့် စိုးရိမ်စိတ်များမဖြစ်ပေါ်စေရန် ဗဟိုဘဏ်ထုတ်ပြန်

မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ဝေသည့် ငွေစက္ကူများမှာ လုံခြုံမှုအဆင့်အတန်း မြင့်မားစွာပါရှိသောကြောင့် လွယ်ကူလျင်မြန်စွာ ခွဲခြားသိမြင်နိုင်ဟုဆို လူမှုကွန်ရက်ပေါ်တွင် ငွေစက္ကူအတုပြုလုပ်ရောင်းချသူများကို သတင်းပေးတိုင်ကြားချက်အရ ဖမ်းဆီးရမိခဲ့ကြောင်း ဗဟိုဘဏ်က ထုတ်ပြန်ထားသည်။ အဆိုပါ သတင်းပေးတိုင်ကြားမှုအရ ဖမ်းဆီးရမိမှုများအား မကြာခဏတွေ့ရှိရ၍ ပြည်သူများအနေဖြင့် စိုးရိမ်စိတ်များ မဖြစ်ပေါ်စေရေးနှင့် အတုနှင့် အစစ်တို့၏ သိသာထင်ရှားစွာကွဲပြားခြားနားမှုကိုလည်း အသိပေးထားသည်။ ယခုဖမ်းဆီးရမိသည့် ငွေစက္ကူအတုများသည် အရည်အသွေးကောင်းမွန်သော မိတ္တူကူးစက်များကိုအသုံးပြုကာ "A4" စာရွက်များဖြင့် မိတ္တူကူးထားသောကြောင့် အတုမှန်း လွယ်ကူစွာသိရှိနိုင်ကြောင်း၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ဝေသည့် ငွေစက္ကူများမှာ လုံခြုံမှုအဆင့်အတန်း မြင့်မားစွာပါရှိသောကြောင့် လွယ်ကူလျင်မြန်စွာ ခွဲခြားသိမြင်နိုင်ကြောင်း သိရသည်။ ငွေစက္ကူအစစ်နှင့်အတုတို့တွင် အလွယ်တကူမျက်မြင်သိရှိနိုင်သော...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071