ယခုတစ်ပါတ်အတွက် ပြည်တွင်းစက်သုံးဆီဈေးနှုန်းသည် အနည်းငယ်မြင့်တက်လာကြောင်း စက်သုံးဆီတင်သွင်း/သိုလှောင်/ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီမှ သိရသည်။
ရန်ကုန်အထိုင် စက်သုံးဆီရည်ညွှန်းလက်လီဈေးနှုန်းမှာ ၉၂ တစ်လီတာ (၂၉၄၀) ကျပ်၊ ၉၅ တစ်လီတာ (၂၉၉၅) ကျပ်၊ ဒီဇယ်တစ်လီတာ (၂၇၁၅) ကျပ်၊ ပရီမီယံ ဒီဇယ်တစ်လီတာ (၃၃၅၅) ကျပ်ဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့်တစ်ပါတ်တွင် ၉၂ တစ်လီတာ (၂၈၈၀)ကျပ်၊ ၉၅ တစ်လီတာ (၂၉၃၅) ကျပ်၊ ဒီဇယ်တစ်လီတာ (၂၇၁၅) ကျပ်၊ ပရီမီယံ ဒီဇယ်တစ်လီတာ (၃၃၆၀) ကျပ်ဖြစ်သည်။
ထို့ပြင် CMP ကုမ္ပဏီများထံမှ ဝယ်ယူထားသည့် နိုင်ငံခြားငွေထဲမှ အမေရိကန်ဒေါ်လာ (၁.၁၈၁)သန်းကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်က သြဂုတ်လ (၁၁) ရက်တွင် စားသုံးဆီတင်သွင်းသည့် ကုမ္ပဏီများသို့ ထုတ်ရောင်းပေးထားသည်။
FX Trading တွင် သန့်စင်သကြား၊ ဆေးဝါးကုန်ကြမ်း၊ ဆေးဝါး၊ လျှပ်စစ်ပစ္စည်း၊ စက်မှုကုန်ကြမ်း၊ ဆောက်လုပ်ရေးပစ္စည်း၊ ကား/ဆိုင်ကယ်အပိုပစ္စည်း၊ ဆက်သွယ်ရေးပစ္စည်း၊ ထွန်စက်၊ ပိုးသတ်ဆေး၊ ကတ္တရာ၊ စားသုံးကုန်စည်တင်သွင်းတဲ့ Importer များမှ နိုင်ငံခြားငွေများ ဝယ်ယူရရှိခဲ့ခြင်းဖြစ်ပြီး ယင်းမှတဆင့်ပြန်လည်ထုတ်ရောင်းပေးခြင်းဖြစ်သည်။
