ဝါရှင်တန်နှင့် ပေကျင်းအကြား ကုန်သွယ်မှုဆိုင်ရာ ယာယီရပ်စဲထားမှု သက်တမ်းကုန်ဆုံးရန် နာရီပိုင်းအလိုတွင် တရုတ်ကုန်ပစ္စည်းများအပေါ် စည်းကြပ်ခွန် ပြန်လည်တိုးမြှင့်ကောက်ခံမှုကို ထပ်မံရွှေ့ဆိုင်းထားရန် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က တနင်္လာနေ့တွင် အမိန့်ထုတ်လိုက်သည်။
အိမ်ဖြူတော်၏ စည်းကြပ်ခွန်များ တိုးမြှင့်ကောက်ခံမှုကို နိုဝင်ဘာ ၁၀ ရက်အထိ ရပ်တန့်ထားမည်ဖြစ်သည်။
“တရုတ်အပေါ် အခွန်စည်းကြပ်မှု ဆိုင်းငံ့ထားတာကို နောက်ထပ်ရက် ၉၀ ထပ်တိုးပေးမယ့်အမိန့်ကို ငါ လက်မှတ်ထိုးလိုက်ပါပြီ” ဟု ထရမ့်ပ်က ၎င်း၏ ထရုဆိုရှယ်ပလက်ဖောင်းတွင် ရေးသားခဲ့သည်။ မြင့်မားသော အခွန်ကောက်ခံမှုအတွက် ယာယီဆိုင်းငံ့ထားမှုသည် အင်္ဂါနေ့တွင် သက်တမ်းကုန်ဆုံးမည်ဖြစ်သည်။
အမေရိကနှင့် တရုတ်တို့သည် ယခုနှစ်အတွင်း တစ်ဘက်နှင့်တဘက် ကုန်ပစ္စည်းများကို အခွန်တိုးမြှင့်စည်းကြပ်မှုများကို အပြန်အလှန်လုပ်ခဲ့ကြပြီး ယင်းအခြေအနေသည် တားမြစ်ထားသော ဂဏန်းသုံးလုံးအဆင့်အထိ မြင့်တက်လာကာ ကုန်သွယ်မှုကို ကမောက်ကမဖြစ်စေခဲ့သည်။ မေလတွင်မူ စည်းကြပ်မှုများကို ယာယီလျှော့ချထားကြရန် နှစ်ဖက်သဘောတူခဲ့ကြသည်။
Ref ဘန်ကောက်ပို့စ်
