Wednesday, December 17, 2025

သီပေါမြို့နယ်၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ကိုင်သူ တရုတ်နိုင်ငံသား(၅)ဦး၊ မြန်မာနိုင်ငံသူ(၁)...

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သီပေါမြို့နယ်၊ ပန်စင် ကျေးရွာအနီး၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ကိုင်သူ တရုတ်နိုင်ငံသား(၅)ဦး၊ မြန်မာနိုင်ငံသူ(၁) ဦး၊ SSPP/SSA တပ်ဖွဲ့ဝင်(၃)ဦးတို့အား ဆက်စပ်ပစ္စည်းများနှင့်အတူ ယနေ့ ဒီဇင်ဘာ...

မြန်မာနိုင်ငံအပေါ်အကျိုးသက်ရောက်မှုမရှိသည့် လေဖိအားနည်းရပ်ဝန်းတစ်ခု ဘင်္ဂလားပင်လယ်အော်၌ ဒီဇင်ဘာ...

မြန်မာနိုင်ငံအပေါ်အကျိုးသက်ရောက်မှုမရှိသည့် လေဖိအားနည်းရပ်ဝန်းတစ်ခု ဘင်္ဂလားပင်လယ်အော်၌ ဒီဇင်ဘာ ၂၂ ရက်တွင်ဖြစ်ပေါ်နိုင်သည်ဟု မိုးလေဝသမြန်မာ (ရန်ကုန်ဌာနခွဲ) ၏ ယနေ့ ဒီဇင်ဘာ ၁၇ ရက်ထုတ်ပြန်ချက်အရ...

မြန်မာနိုင်ငံတော်ယာယီသမ္မတထံ အယ်လ်ဂျီးရီးယားနိုင်ငံသံအမတ်ကြီး သံအမတ်ခန့်အပ်လွှာပေးအပ်

ကုန်သွယ်ရေး၊ စီးပွားရေးနှင့် ခရီးသွားလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရန်ဆွေးနွေး မြန်မာနိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံ မြန်မာနိုင်ငံဆိုင်ရာ အယ်လ်ဂျီးရီးယားနိုင်ငံသံအမတ်ကြီးက ၎င်း၏ သံအမတ်ခန့်အပ်လွှာကိုပေးအပ်ခဲ့ကြောင်း...

လယ်ယာလုပ်ငန်းဝန်ဆောင်မှုလုပ်နေသော ကုမ္ပဏီတစ်ခု စတော့ဈေးကွက်သို့ စတင်ဝင်ရောက်လာ

ရန်ကုန်စတော့အိတ်ချိန်းဈေးကွက်တွင် ရှယ်ယာတင်ရောင်းနေသော ကုမ္ပဏီ(၇)ခုခန့်ရှိရာတွင် စွမ်းအင်၊ ဘဏ်၊ ကုန်စည်ပို့​ဆောင်​ရေး၊ နည်းပညာ ကုမ္ပဏီကြီးများ ပါဝင်ပြီး လယ်ယာနှင့် ပတ်သက်သည့် ကုမ္ပဏီက ယနေ့တွင်...
HomeInternationalအိန္ဒိယနိုင်ငံသားများက အမေရိကန်ပစ္စည်များကို သပိတ်မှောက်ရန်တိုက်တွန်း

အိန္ဒိယနိုင်ငံသားများက အမေရိကန်ပစ္စည်များကို သပိတ်မှောက်ရန်တိုက်တွန်း

ဝန်ကြီးချုပ် နာရင်ဒြာမိုဒီ၏ စီးပွားရေးအမှုဆောင်များနှင့် ထောက်ခံသူများက အမေရိက၏ အခွန်းစည်းကြပ်မှုကို ကန့်ကွက်သည့်အနေဖြင့် အိန္ဒိယတွင် မက်ဒေါနယ်နှင့် ကိုကာကိုလာ မှအစပြု၍ အမေဇုန် နှင့် အက်ပယ်လ် အထိ တိုင် အမေရိကအခြေစိုက် နိုင်ငံပေါင်းစုံမှ ကုန်ပစ္စည်းများကို သပိတ်မှောက်ရန်တောင်းဆိုမှုများနှင့် ရင်ဆိုင်နေရသည်။

ကမ္ဘာ့လူဦးရေအများဆုံးနိုင်ငံဖြစ်သော အိန္ဒိယသည် ချမ်းသာကြွယ်ဝသော စားသုံးသူများ တိုးပွားလာရန် လျင်မြန်စွာချဲ့ထွင်လာသော အမေရိကန်ကုန်အမှတ်တံဆိပ်များအတွက် အဓိကဈေးကွက်တစ်ခုဖြစ်ပြီး ကြွယ်ဝသူအများစုသည် လူမှုဘဝမြင့်မားလာခြင်း၏ သင်္ကေတအဖြစ် နိုင်ငံတကာကုန်အမှတ်တံဆိပ်များကို ခုံမင်ကြဆဲဖြစ်သည်။

အရောင်းအဝယ်များအပေါ် ချက်ချင်းလက်ငင်း သက်ရောက်မှုရှိသည့် လက္ခဏာများမတွေ့ရသေးသော်လည်း ပို့ကုန်လုပ်ငန်းရှင်များကို တုန်လှုပ်စေခဲ့ကာ နူးဒေလီနှင့် ဝါရှင်တန်အကြား ဆက်ဆံရေးထိခိုက်စေခဲ့သည့် သမ္မတဒေါ်နယ်ထရမ့်ပ်က အိန္ဒိယကုန်ပစ္စည်းများအပေါ် အခွန် ၅၀ ရာခိုင်နှုန်းသတ်မှတ်ပြီးနောက်တွင် ပြည်တွင်းဖြစ်ကို ဝယ်ယူအားပေးရန်နှင့် အမေရိကုန်ထုတ်ကုန်များကို စွန့်လွှတ်ကြရန် ဆိုရှယ်မီဒီယာနှင့် ပြင်ပတွင်ပါ တိုက်တွန်းလျက်ရှိကြသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ ရိုက်တာသတင်းဌာန၏ မေးမြန်းမှုကို မက်ဒေါ်နယ်၊ ကိုကာကိုလာ၊ အမေဇုန် နှင့် အက်ပယ်လ်တို့က လတ်တလောတွင် တုန့်ပြန်ဖြေကြားခြင်း မရှိခဲ့ပေ။

စိုက်ပျိုးရေးသမားများနှင့် စွန့်ဦးတီထွင်သူများအနေဖြင့် အင်ဒီးယားထုတ်ကုန်ကို ကမ္ဘာတစ်ဝန်း နှစ်သက်အောင်စွမ်းဆောင်ရန်နှင့် ကမ္ဘာတစ်ဝန်းနာမည်ကြီးသည့် အစားအစာနှင့် အလှအပဆိုင်ရာ ထုတ်ကုန်များဖြင့် ထိုးဖောက်ခဲ့သည့် တောင်ကိုရီးယားထံမှ သင်ခန်းစာယူကြရန် ပြည်တွင်း အမှတ်တံဆိပ်တစ်ခုဖြစ်သည့် Wow Skin Science ပူးတွဲတည်ထောင်သူ မာနစ်ရှ်ချောင်ဒရီက လင့်က်အင်တွင် ဗီဒီယိုမက်ဆေ့ချ် တင်ခဲ့သည်။

“မိုင်ထောင်ချီဝေးတဲ့ ထုတ်ကုန်တွေအတွက် ကျွန်တော်တို့တွေ တန်းစီခဲ့ပါတယ်။ ကိုယ့်နိုင်ငံမှာ ကိုယ့်နိုင်ငံသားထုတ်လုပ်သူတွေက အာရုံစိုက်ခံရဖို့ ရုန်းကန်နေချိန်မှာ ကိုယ်ပိုင်မဟုတ်တဲ့ အမှတ်တံဆိပ်တွေကို ကျွန်တော်တို့ ဂုဏ်ယူစွာ အသုံးပြုခဲ့ကြတယ်” ဟု သူက ပြောဆိုခဲ့သည်။

ဖုန်းခေါ်ဆိုမှု ဝန်ဆောင်မှုပေးသည့် Driveu စီအီးအို ရမ်ရှက်ထရီက အိန္ဒိယတွင် တရုတ်နိုင်ငံကဲ့သို့ ကိုယ်ပိုင် ပြည်တွင်းသုံး Twitter၊ Google၊ YouTube၊ WhatsApp၊ Fb တို့ ရှိသင့်သည်ဟု ထောက်ပြခဲ့သည်။

တနင်္ဂနွေနေ့က Bengaluru တွင် ကျင်းပသော စုဝေးပွဲတစ်ခုတွင် ကိုယ့်ကိုယ်ကိုယ်အမှီပြုရသောနိုင်ငံဖြစ်လာရန် မိုဒီက အထူးပန်ကြားချက်လုပ်ခဲ့ပြီး အိန္ဒိယနည်းပညာကုမ္ပဏီများသည် ကမ္ဘာအတွက် ထုတ်ကုန်များ ဖန်တီးပေးခဲ့နေသည်ဖြစ်သော်လည်း ယခုအခါတွင် အိန္ဒိယ၏ လိုအပ်ချက်များကို ပိုမိုဦးစားပေးရမည့် အချိန်ဖြစ်သည်ဟု ပြောကြားခဲ့သည်။

Ref: ဘန်ကောက်ပို့စ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

သီပေါမြို့နယ်၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ကိုင်သူ တရုတ်နိုင်ငံသား(၅)ဦး၊ မြန်မာနိုင်ငံသူ(၁) ဦး၊ SSPP/SSA တပ်ဖွဲ့ဝင်(၃)ဦးတို့အား ဆက်စပ်ပစ္စည်းများနှင့်အတူဖမ်းမိ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သီပေါမြို့နယ်၊ ပန်စင် ကျေးရွာအနီး၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ကိုင်သူ တရုတ်နိုင်ငံသား(၅)ဦး၊ မြန်မာနိုင်ငံသူ(၁) ဦး၊ SSPP/SSA တပ်ဖွဲ့ဝင်(၃)ဦးတို့အား ဆက်စပ်ပစ္စည်းများနှင့်အတူ ယနေ့ ဒီဇင်ဘာ ၁၇ ရက်နံနက်ပိုင်းက ဖမ်း ဆီးရမိခဲ့ကြောင်း သိရသည်။ လုံခြုံရေးအဖွဲ့ဝင်များမှ ပန်စင်ကျေးရွာအနီး၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ကိုင်နေကြောင်း သ တင်းအရ ရှာဖွေစစ်ဆေးမှုများပြုလုပ်ရာ လက်နက် ကိုင်(၂)ဦးက လုံခြုံရေးအဖွဲ့ဝင်များအား စတင်ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ပြန်လည်ပစ်ခတ်ခဲ့ပြီးနောက် ၎င်းတို့ စတင်ပစ်ခတ်သည့်နေရာအားဝင်ရောက်ရှင်းလင်းခဲ့ရာ SSPP/SSA တပ်ဖွဲ့ဝင်(၃)ဦးအား AK-47 (၁)လက်၊ M-22 (၁)လက်၊ MK-12 (၁)လက်၊ ပွိုင့်-၂၂...

မြန်မာနိုင်ငံအပေါ်အကျိုးသက်ရောက်မှုမရှိသည့် လေဖိအားနည်းရပ်ဝန်းတစ်ခု ဘင်္ဂလားပင်လယ်အော်၌ ဒီဇင်ဘာ ၂၂ ရက်တွင်ဖြစ်ပေါ်နိုင်

မြန်မာနိုင်ငံအပေါ်အကျိုးသက်ရောက်မှုမရှိသည့် လေဖိအားနည်းရပ်ဝန်းတစ်ခု ဘင်္ဂလားပင်လယ်အော်၌ ဒီဇင်ဘာ ၂၂ ရက်တွင်ဖြစ်ပေါ်နိုင်သည်ဟု မိုးလေဝသမြန်မာ (ရန်ကုန်ဌာနခွဲ) ၏ ယနေ့ ဒီဇင်ဘာ ၁၇ ရက်ထုတ်ပြန်ချက်အရ သိရသည်။ ဘင်္ဂလားပင်လယ်အော် (တောင်ပိုင်း) တွင် ဒီဇင်ဘာ ၂၀ ရက်၌ လေဖိအားနည်းဆဲလ်တစ်ခုဖြစ်ပေါ်လာနိုင်ပြီး ယင်းလေဖိအားနည်းဆဲလ်သည် အနောက်ဘက်သို့ရွေ့လျားကာ ဒီဇင်ဘာ ၂၂ ရက်တွင် လေဖိအားနည်းရပ်ဝန်းအဖြစ်ပိုမိုအားကောင်းလာနိုင်ကြောင်း သိရသည်။ အဆိုပါ လေဖိအားနည်းရပ်ဝန်း၏အရှိန်သည် မြန်မာ့ပင်လယ်ပြင်နှင့် မြန်မာနိုင်ငံအပေါ် အကျိုးသက် ရောက်မှုမရှိနိုင်ဟုလည်း မိုးလေဝသမြန်မာ (ရန်ကုန်ဌာနခွဲ) ၏ ထုတ်ပြန်ချက်အရ သိရသည်။

မြန်မာနိုင်ငံတော်ယာယီသမ္မတထံ အယ်လ်ဂျီးရီးယားနိုင်ငံသံအမတ်ကြီး သံအမတ်ခန့်အပ်လွှာပေးအပ်

ကုန်သွယ်ရေး၊ စီးပွားရေးနှင့် ခရီးသွားလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရန်ဆွေးနွေး မြန်မာနိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံ မြန်မာနိုင်ငံဆိုင်ရာ အယ်လ်ဂျီးရီးယားနိုင်ငံသံအမတ်ကြီးက ၎င်း၏ သံအမတ်ခန့်အပ်လွှာကိုပေးအပ်ခဲ့ကြောင်း သိရသည်။ မြန်မာနိုင်ငံတော် ယာယီသမ္မတမှ အယ်လ်ဂျီးရီးယားနိုင်ငံသံအမတ်ကြီး သံအမတ်ခန့်အပ်လွှာအား ယနေ့ ဒီဇင်ဘာ ၁၇ ရက်နံနက်ပိုင်းက နေပြည်တော်ရှိ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရုံး သံတမန်ဆောင်ဧည့်ခန်းမ၌ လက်ခံရယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ထို့နောက် မြန်မာနိုင်ငံတော် ယာယီသမ္မတနှင့် အယ်လ်ဂျီးရီးယားနိုင်ငံသံအမတ်ကြီးတို့သည် နှစ်နိုင်ငံကြား ခိုင်မာပြီးရှည်လျားသည့် သံတမန်ဆက်ဆံရေးရှိမှု၊ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများဆက်လက်တိုးမြှင့်ဆောင်ရွက်မည့်အခြေအနေများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ ထို့ပြင် နှစ်နိုင်ငံကြားကုန်သွယ်ရေး၊ စီးပွားရေးနှင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071