တပ်မတော်မှ နောင်ချိုမြို့အားပြန်လည်ထိန်းချုပ်သိမ်းပိုက်ခဲ့ပြီးနောက် တစ်နှစ်နီးပါးကြာပိ-တ်ထားရသော အခြေခံပညာကျောင်းများကို ဇူလိုင် ၂၅ ရက်မှစတင်၍ပြန်လည်ဖွင့်လှစ်ပေးခဲ့ရာ ယနေ့ သြဂုတ် ၁၁ ရက်အထိ စာသင်ကျောင်း(၅၃)ကျောင်းကို ဖွင့်လှစ်ပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။
ထို့အတူ ယနေ့ သြဂုတ် ၁၁ ရက်တွင် ကျောင်းသား၊ ကျောင်းသူ(၁,၃၁၀)ဦးထပ်မံကျောင်းအပ်သဖြင့် လက်ရှိအချိန်အထိ ကျောင်းသား၊ ကျောင်းသူ (၆,၈၆၁)ဦးမှာ သက်ဆိုင်ရာစာသင်ကျောင်းများ၌ တက်ရောက်သင်ကြားလျက်ရှိကြောင်း သိရသည်။
နောင်ချိုမြို့အား အကြမ်းဖက်အဖွဲ့ဝင်များထိန်းချုပ်ထားစဥ် အကြမ်းဖက်အဖွဲ့ဝင်များသည် ဒေသခံများပိုင်ဆိုင်သော တန်ဖိုးကြီးစက်ပစ္စည်းများ၊ အခြားတန်ဖိုးရှိ ဒေသထုတ်ကုန်ပစ္စည်းများကို ၎င်းတို့အတွက် အသုံးမဝင်၊ အသုံးပြု၍မရသော်လည်း အကြောင်းမဲ့ဖျက်ဆီးထားခြင်းများသည် ဉာဏ်ရည်အလွန်နိမ့်ပါးပြီး နိုင်ငံရေးအနှစ်သာရမပါသည့် အကြမ်းဖတ် လုပ်ရပ်သက်သက်သာဖြစ်သည်ဟု နောင်ချိုမြို့သို့ ပြန်လည်ဝင်ရောက်လာသော စိုက်ပျိုးရေးသမားတစ်ဦးက သုံးသပ်ပြောကြားထားသည်။
လုံခြုံရေးအဖွဲ့ဝင်များသည် ဒေသခံများအား ကျန်းမာရေးစောင့်ရှောက်ပေးနိုင်ရန် အကြမ်းဖက်အဖွဲ့ဝင်များဖျ-က်ဆီးခဲ့သည့် နောင်ချိုမြို့နယ်ပြည်သူ့ဆေးရုံကြီးအားပြုပြင်ပြီးနောက် ဩဂုတ် ၂ ရက်တွင်ပြန် လည်ဖွင့်လှစ်ပြီး ကျန်းမာရေးစောင့်ရှောက်ပေးလျက်ရှိရာ ယနေ့ သြဂုတ် ၁၁ ရက်တွင် ပြင်ပလူနာ (၇၉)ဦးကို ငှက်ဖျားရောဂါ၊ တုပ်ကွေးရောဂါ၊ အထွေထွေရောဂါတို့နှင့်ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေးစစ်ဆေးကုသပေးခြင်းများဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထို့အတူ ဒေသခံ(၉၉)ဦးကို သွေးအမျိုးအစားစစ်ဆေးပေးပြီး (၅)ဦးကို ငှက်ဖျားပိုးစစ်ဆေးပေးခဲ့ကာ အတွင်းလူနာအဖြစ်တက်ရောက်ဆေးကုသမှုခံယူလျက်ရှိသူ(၂၈)ဦးကိုလည်း လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
