ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်းအဆင့်မြှင့်တင်ခြင်းစီမံကိန်းတွင် ပါဝင်သည့်ရထားဘူတာများ အဆင့်မြှင့်တင်ရာ ဘူတာအချို့အသစ်ဆောက်လုပ်ပြီးစီး၍ အသုံးပြုနေပြီဖြစ်ကြောင်း မြန်မာ့မီးရထားမှသိရသည်။
အဆိုပါ ရထားလမ်းပြုပြင်ခြင်း၊ ဘူတာပလက်ဖောင်းများ မြှင့်တင်ခြင်းနှင့်ရထားဘူတာအဟောင်းနေရာတွင် အသစ်ပြန်လည်တည်ဆောက်ရေးလုပ်ငန်းကို ၂၀၂၂ နှစ်ဆန်းပိုင်းကစတင်ပြီးပြုလုပ်ခဲ့ခြင်းဖြစ်သည်။
အသစ်ဆောက်ထားသည့်ဘူတာရုံတွင် ရထားလက်မှတ်အရောင်းဌာန၊ အီလက်ထရောနစ်ထိန်းချုပ်ခန်း၊ ငွေသိမ်းရုံးခန်းနှင့်သန့်စင်ခန်းများ ပါဝင်ကြောင်းသိရသည်။
လက်ရှိရထားပြေးဆွဲခေါက်ရေအဖြစ် လက်ဝဲရစ်လမ်းကြောင်းတွင် အသွား ၇ ခေါက်၊ အပြန် ၇ ခေါက် ရှိပြီး စပိန်နိုင်ငံထုတ် အဆင့်မြင့် DEMU ရထားတွဲသစ်များကို မနက် ၂ စီး၊ ညနေ ၂ စီးသာထည့်သွင်းပြေးဆွဲနေကြောင်း၊ ရထားခရီးစဉ် ၁၅ ဘူတာအတွက် RBE ဂျပန်တွဲဟောင်းအတွက် ခရီးသည်တယောက်လျှင် ကျပ်ငွေ ၄၀၀၊ DEMU ရထားအတွက် တယောက်လျှင် ၁၀၀၀ ကျပ် ကျသင့်ကြောင်း သိရသည်။
