မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ တောင်ပြုံးကြီးကျေးရွာရှိ တောင်ပြုံးပွဲတော်ကို ယမန်နှစ်များအတိုင်း ဆက်လက်ကျ င်းပနေကာ လာရောက်သူများလည်း ရှိသည်ဟု သိရသည်။
တောင်ပြုန်းပွဲတော်ကို နှစ်စဥ် ဝါခေါင်လဆန်း (၈) ရက်မှ (၁၀) ရက်အထိ ကျင်းပခြင်း ဖြစ်ကာ ယနေ့ သြဂုတ် (၇) ရက် နံနက်ပိုင်း၌ တောင်ပြုံးမင်းနှစ်ပါး၏ နတ်နန်း၌ ယုန်ဆက်ရမည့် ဓလေ့အစဉ်အလာရှိကြောင်းလည်း သိရသည်။
တောင်ပြုန်းပွဲသည် မြန်မာနိုင်ငံ၏ ထင်ရှားသည့် ပွဲတော်များထဲက တစ်ခုဖြစ်ပြီး အနော်ရထာမင်း တည်ထားကိုးကွ ယ်ခဲ့သည့် ဆုတောင်းပြည့် ၊ ဆုတောင်းရ စေတီဘုရား ပွဲ တော်နှင့် တောင်ပြုန်းနတ် မင်းနှစ်ပါးကို နှစ်စဉ် ပူဇော်ပသသည့်အနေဖြင့် ကျင်းပကြခြင်းလည်း ဖြစ်သည်။
“အနယ်နယ်အရပ်ရပ်က ဒီနှစ်လာကြပါတယ်။ အစဉ်အလာမှာက မနက် (၆) နာရီကနေပြီး ည (၂) နာရီနီးပါးအထိ နတ် က ရတာတွေရှိသလို ဘုရားပွဲလည်း ထည့်သွင်းကျင်းပတဲ့အတွက် ညအိပ်နေလို့ရတယ်။ ဧည့်စာရင်းတော့ တိုင်ရတယ် ” ဟု သွားရောက်ခဲ့သူ တစ်ဦးက ပြောသည်။
ပွဲတော် ကျင်းပနေသည့် ၄/၅ မိုင်အကွာဝေး၌ တိုက်ပွဲများ ဖြစ်ပွားနေသောကြောင့် သက်ဆိုင်ရာအာဏာပိုင်များက လုံခြုံရေးအပြည့် ယူပေးထားပြီး ပွဲတော်အောင်မြင်စွာ ပြီး စီးနိုင်ရန် စီစဉ်ဆောင်ရွက်နေကြောင်းလည်း သိရသည်။
တောင်ပြုံးပွဲတော်တွင် မင်းနှစ်ပါးနှင့် ပတ်သက်သည့် ကန် တော့ခံပွဲ၊ စံနန်းတော် မင်္ဂလာရေစင်ဆေးပွဲ၊ ညီလာခံသဘင်၊ ချိုးရေတော်သုံးပွဲ၊ ယုန်ထိုးပွဲ၊ ထိန်ခုတ်ပွဲစသည့် ရိုးရာနတ်ပွဲတော် အစဉ်အလာများကို ပိုမိုလူသိများကြသည်။
