နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥပဒေအမှတ် ၁/၂၀၂၅ ဖြင့် ပြဌာန်ခဲ့သည့် ဆိုက်ဘာလုံခြုံရေးဥပဒေသည် ၂၀၂၅ ခုနှစ် ဇူလိုင်(၃၀)ရက်နေ့မှစတင်၍ အာဏာတည်မည်ဖြစ်ကြောင်း ယနေ့ ဇူလိုင်(၃၀)ရက် နေ့မှာ နစက အစိုးရက ထုတ်ပြန်ကြေညာလိုက်သည်။
ဆိုက်ဘာလုံခြုံရေး ဥပဒေကို ၂၀၂၅ ခုနှစ် ဇန်နဝါရီလက စတင်ပြဌာန်းခဲ့ခြင်းဖြစ်ပြီး ဆိုက်ဘာအရင်းအမြစ်၊အရေးကြီးသတင်းအချက်အလက်များကို လုံခြုံစိတ်ချစွာအသုံးပြုနိုင်ရန်၊ ဆိုက်ဘာမှုခင်းများကို ထိရောက်စွာစုံစမ်းဖော်ထုတ်အရေးယူနိုင်ရန် နှင့် ဆိုက်ဘာအရင်းအမြစ်ကို အခြေခံသည် ဒီဂျစ်တယ်စီးပွားရေးစနစ်ကို အထောက်အကူပြုစေရန် ရည်ရွယ်ချက်ဖြင့် ဥပဒေပြဌာန်းခြင်းဖြစ်ကြောင်း ဥပဒေတွင် ဖော်ပြထားသည်။
