ရာသီဥတုနှင့်သဘာဝပတ်ဝန်းကျင်ဆိုင်ရာ နှင့်ပတ်သက်ပြီး အသက်(၁၈)နှစ်နှင့်(၃၅)နှစ်ကြား ထူးချွန်သည့်မြန်မာလူငယ်(၃၀)ကို (၆)လကြာသင်တန်ပေးမည်ဖြစ်ကြောင်း ဗြိတိသျှသံရုံး( UK in Myanmar) ကနေ သိရသည်။
“Brighter Youth For Better Climate (BYBC) သင်တန်းကို ထူးချွန်သည့်မြန်မာလူငယ်(၃၀)ဦးကို ရွေးချယ်ပြီး ရာသီဥတုနှင့်သဘာဝပတ်ဝန်းကျင်ဆိုင်ရာ နယ်ပယ်များတွင် အနာဂတ်ခေါင်းဆောင်များဖြစ်လာရန် လိုအပ်သည့် အသိပညာနှင့်အရည်ချင်းများမြှင့်တင်ရန် ရည်ရွယ်ထားကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် ရာသီဥတုပြောင်းလဲမှုဆိုင်ရာအခွင့်အလမ်းများ နှင့် စိန်ခေါ်မှုများအကြောင်း၊ ရာသီဥတုနှင့်သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဘာသာရပ်များကို ပြည်ပတက္ကသိုလ်များတွင် ပညာဆက်လက်ဆည်းပူးရန် တက္ကသိုလ်ဝင်ခွင့်နှင့်ပညာသင်ဆုလျှောက်လွှာပြင်ဆင်ခြင်းဆိုင်ရာ လမ်းညွှန်သင်ကြားမှုများလည်း ပါဝင်မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ သင်တန်းကို အခမဲ့သင်ပေးမည်ဖြစ်ပြီး ၂၀၂၅ စက်တင်ဘာလ နှင့် ၂၀၂၆ မတ်လလယ်အထိ အွန်လိုင်းကတဆင့် ပို့ချသွားမည် ဖြစ်သည်။
အသေးစိတ်သတ်မှတ်ချက်များနှင့် လျှောက်ထားမှုများကို ယခု link
https://forms.office.com/e/MbXFvRdbea
တွင် ဝင်ရောက်လေ့လာနိုင်ပြီး ဩဂုတ်(၆)ရက်နေ့ နောက်ဆုံးထားလျှောက်ထားရန်လည်း အသိပေးထားသည်။
