ကမ္ဘာ့အဆင့် Mobile Legend အမျိုးသမီးဖိတ်ခေါ်ပြိုင်ပွဲ Women Invitational 2025 (MWI 2025) ပြိုင်ပွဲတွင် မြန်မာက ကမ္ဘာ့အဆင့် တတိယရရှိခဲ့သည်။
MLBB Women Invitational 2025 (MWI 2025) ပြိုင်ပွဲကို ဆော်ဒီအာရေဗျနိုင်ငံ ရီယာဒ့်မြို့၌ ဇူလိုင် (၁၅) ရက်မှ (၁၉) ရက်အထိ ကျင်းပခဲ့ခြင်းဖြစ်သည်။
အဆိုပါ ပြိုင်ပွဲတွင် ပထမဆုကို အင်ဒိုနီးရှားနိုင်ငံမှ Team Vitality အသင်း၊ ဒုတိယဆုကို အမေရိကန်နိုင်ငံမှ Gaimin Gladiators အသင်း၊ တတိယဆုကို မြန်မာနိုင်ငံမှ Terror Queens အသင်းတို့က ရရှိခဲ့ကြခြင်းဖြစ်သည်။
MLBB Women Invitational 2025 (MWI 2025) တွင် နိုင်ငံပေါင်း (၁၄) နိုင်ငံမှ အသင်းပေါင်း (၁၆) သင်း ပါဝင်ယှဉ်ပြိုင်ခဲ့ရာ မြန်မာနိုင်ငံမှ အသင်းအုပ်ချုပ်သူတစ်ဦး၊ အထွေထွေမန်နေဂျာတစ်ဦး၊ အသင်းမန်နေဂျာတစ်ဦး၊ နည်းပြတစ်ဦး၊ ကစားသမားငါးဦး၊ အရန်ကစားသမားတစ်ဦး စုစုပေါင်း (၁၀) ဦးဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်း ဖြစ်သည်။
မြန်မာနိုင်ငံ အီလက်ထရောနစ်အားကစားအဖွဲ့ချုပ်၏ အဖွဲ့ဝင်အသင်းဖြစ်သော တတိယဆုရရှိခဲ့သည့် Terror Queens အသင်းသည် Montoon Mobile Legends မှ ဇွန်လ (၁၀) ရက်မှ (၁၅) ရက်အထိ ကျင်းပခဲ့သော “MWI 2025 Myanmar Qualifier ပြိုင်ပွဲ Mobile Legends ကစားနည်းတွင် Champion အဖြစ် အနိုင်ရရှိခဲ့ပြီး ဆော်ဒီအာရေဗျနိုင်ငံတွင် ဇူလိုင်လ (၁၅) ရက်မှ (၁၉) ရက်အထိ ကျင်းပသည့် Esports World Cup MLBB Women Invitational 2025 (MWI 20 25) သို့ သွားရောက်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
