ပြည်သူများသို့ ထောက်ပံ့ပေးရန်အတွက် အမိုးသွပ်ပြားအချပ်ရေ (၁ ဒသမ ၈၃) သန်းခန့် လိုအပ်မည်ဖြစ်ကြောင်း စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက ပြောသည်။
ယမန်နေ့က ကျင်းပခဲ့သည့် ငလျင်ကြောင့် ပျ-က်စီးခဲ့သည့် နေအိမ်များ ထောက်ပံ့ရန်အတွက် အမိုးသွပ်ပြားများထုတ်လုပ်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကျင်းမှာ ဒေါက်တာချာလီသန်းက အထက်ပါအတိုင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
စက်မှုဝန်ကြီးဌာနအနေဖြင့်လည်း ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများကို သတ်မှတ်ပမာဏအတိုင်း ဒေသအလိုက် ထိထိရောက်ရောက် ထောက်ပံ့ပေးအပ်နိုင်ရေး ကြိုတင်စီမံဆောင်ရွက်သွားကြရန် တာဝန်ရှိပြီး ပြည်သူများသို့ ထောက်ပံ့ပေးရန်အတွက် အမိုးပြားအချပ်ရေ (၁ ဒသမ ၈၃) သန်းခန့် လိုအပ်မည်ဖြစ်သည့်အတွက် ၎င်းပမာဏရရှိအောင်ဆောင်ရွက်မည့်အစီအမံများနှင့်ပတ်သက်၍ လုပ်ငန်းရှင်များအနေဖြင့် လက်ရှိကုန်ချောလက်ကျန်များ အခြေအနေ၊ ထပ်မံထုတ်လုပ်မည့်အစီအမံ၊ ကုန်ကြမ်းလိုအပ်ချက်နှင့် အခြားလိုအပ်ချက်များရှိပါက ပွင့်ပွင့်လင်းလင်းဆွေးနွေးကြရန် ဒေါက်တာချာလီသန်း က ပြောကြားသည်။
အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော် မတီအနေဖြင့် ပြည်ထောင်စုနယ်မြေ (နေပြည်တော်)၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးတို့တွင် ငလျင်ဒဏ်ကြောင့် ထိခို-က်ပျ-က်စီး ခဲ့သည့်နေအိမ်များကို ပြန်လည်ပြုပြင်ရန်အတွက် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများဖြစ်သည့် ဘိလပ်မြေ၊ J Wood၊ အမိုးသွပ် (၃၀ ဂိတ်)၊ သစ်မာ နှင့် Rebar တို့ကို အိမ်အမျိုးအစားများအလိုက် ထောက်ပံ့ပေးသွားရန် စီစဉ်နေကြောင်းလည်း သိရသည်။
