အင်ဒိုးနီးရှားနိုင်ငံတွင် လာမည့် ဇူလိုင်လ (၁၅)ရက်မှ (၂၉) ရက်အထိ ကျင်းပမည့် အာဆီယံ ယူ-၂၃ ချန်ပီယံရှစ် ပြိုင်ပွဲ၌ မြန်မာယူ -၂၃ အသင်းသည် ထိုင်း၊ တီမောအသင်းတို့နှင့် ကစားရမည် ဖြစ်သည်။
ပြိုင်ပွဲတွင် အုပ်စု (၃)အုပ်စုပါဝင်ပြီး အုပ်စု (A)၌ အိမ်ရှင် အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်၊ ဘရူနိုင်း၊ အုပ်စု (B)၌ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ လာအိုအသင်းနှင့် အုပ်စု (C)၌ မြန်မာ၊ ထိုင်းနှင့် တီမောလက်စ်တေ အသင်းတို့ ပါဝင်သည်။
ပြိုင်ပွဲ၏ စည်းမျဉ်းအရ အုပ်စုတစ်ခုစီမှ ပထမရသည့် (၃) သင်းနှင့် အကောင်းဆုံး ဒုတိယရသည့် အသင်းတစ်သင်း ဆီမီးဖိုင်နယ်အဆင့်အနေဖြင့် ယှဉ်ပြိုင်သွားရမည်လည်း ဖြစ်သည်။
မြန်မာလက်ရွေးစင် ယူ-၂၃ အသင်းသည် ပြိုင်ပွဲအတွက်အပြီးသတ် လူရွေးချယ်ခဲ့ပြီးဖြစ်ကာ ဇူလိုင်လ (၁၆)ရက် တွ င် တီမောလက်စ်တေအသင်း၊ ဇူလိုင်လ (၂၂)ရက်တွင် ထိုင်းအသင်းတို့နှင့် အုပ်စုတွင်းပွဲစဉ်များအဖြစ် ယှဉ်ပြိုင်ကစားသွားမည်လည်း ဖြစ်သည်။
