စင်ကာပူနိုင်ငံတွင် ယနေ့ ဇူလိုင် ၁၂ ရက်မှ ၁၃ ရက်အထိ ကျင်းပနေသော စင်ကာပူ တာတိုဖလား ကနူး / ကယက် လှေလှော်ပြိုင်ပွဲ (2025 Singapore Sprint Cup)၌ မြန်မာနိုင်ငံကိုယ်စားဝင်ရောက်ယှဉ်ပြိုင်သည့် လှေလှော်အားကစားအဖွဲ့မှာ ရွှေသုံးခု ၊ ငွေတစ်ခု ၊ ကြေးသုံးခု ဆွတ်ခူးရရှိထားကြောင်းသိရသည်။
အဆိုပါ ပြိုင်ပွဲတွင် U17 + U18 ကယက် တစ်ယောက်လှော် မီတာ ၁၀၀၀ ပြိုင်ပွဲ၌ မြန်မာမှ ဇေယျာထွန်းက ပထမ(ရွှေတံ ဆိပ်) ၊ မြန်မာမှ ခင်ဇော်လွင်က တတိယ ဆု(ကြေးတံတိပ်)တို့ကို ဆွန်ခူးခဲ့သည်။
အလားတူ Open မီတာ ၁၀၀၀ ကနူး တစ်ယောက်လှော်ပြိုင်ပွဲတွင် မြန်မာမှ သန့်ဇင်ဦးက ပထမ(ရွှေ) ၊ မြန်မာမှ ထွဋ်ခေါင်ဇော်က တတိယ(ကြေး)ဆွတ်ခူးရရှိခဲ့သည်။
ထို့အပြင် U15 + U18 ကနူး တစ်ယောက် လှော် မီတာ ၅၀၀ ပြိုင်ပွဲတွင်မြန်မာမှထွဠ်ခေါင်ဇော်က ပထမ(ရွှေ) နှင့် U17 + U18 ကယက် တစ်ယောက်လှော်မီတာ ၅၀၀ ပြိုင်ပွဲတွင် မြန်မဂာမှ ဇေယျာထွန်းကဒုတိယ(ငွေ)နှင့် မြန်မာမှ ခင်ဇော်လွင်တတိယ(ကြေး)တို့ကို အသီးသီးဆွတ်ခူးရရှိထားကြသည်။
မြန်မာနိုင်ငံ လှေလှော်အဖွဲ့ချုပ် အနေဖြင့်
ကနူး / ကယက် လှေလှော်အားကစားကို
ဇူလိုင် ၁၃ ရက်တွင် မီတာ၂၀၀၊မီတာ ၃၀၀ တို့ကိုဆက်လက်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။
အဆိုပါ ပြိုင်ပွဲ၌ အိမ်ရှင်စင်ကာပူ ၊မြန်မာ ၊ တရုတ်(တိုင်ပေ)မလေးရှား ၊ ဩစတြေးလျ ၊ ဟန်ဂေရီနိုင်ငံတို့၀င်ရောက်ယှဉ်ပြိုင်လျက်ရှိကြောင်းသိရသည်။
