ယခုနှစ် မွန်ပြည်နယ် မော်လမြိုင် မစိုးရိမ်စာသင်တိုက်တွင် သံဃာ (၄၂၅)ပါး ဝါဆိုတော်မူကျောင်း အဆိုပါ စာသင်တိုက်က ယနေ့ ဇူလိုင် (၁၀)ရက် ညနေပိုင်းတွင် အသိပေးထားသည်။
စာသင်သား သံဃာများ ဝါဆိုရာ၌ ရဟန်း (၁၂၃)ပါး ၊ သာမဏေ (၃၀၂)ပါးဝါဆိုတော်မူကြပြီး စာချနာယက ဆရာ တော် (၁၈)ပါး လည်း သီးခြားပါဝင်ကြောင်း ဆိုသည်။
မော်လမြိုင် မစိုးရိမ်စာသင်တိုက်တည် ထောင်ခဲ့သည်မှာ (၄)နှစ်မြောက်ရှိပြီဖြစ်ကာ ၊ စာသင်တိုက်အား သီရိမြိုင်ရပ် ကွက် စာရေးကြီးကုန်းအုပ်စု မော်လမြိုင်တွင် တည်ထောင်ထားခြင်းဖြစ်သည်။
“စာသင်တိုက်က တည်ထားတာမကြားသေးပါဘူး။ ဝါဆိုပြီဆိုတော့ စာသင်သားသံဃာတွေအတွက် ဆွမ်းအတွက် တတ် နိုင်သလောက် လာလှူလို့ရပါတယ်။ လာလှူနေတဲ့သူတွေလည်း ရှိပါတယ်။ စာသင်တိုက်က တည်တာမကြာသေးတော့ လို အပ်တဲ့ တည်ဆောင်မှုတွေကိုလည်း လုပ် ဆောင်နေတာတွေ့ရတယ်”ဟုမော်လမြိုင်ဒေသခံတစ်ဦးက ပြောသည်။
