Wednesday, December 17, 2025

ခရီးသွားလုပ်ငန်းလွယ်ကူချောမွေ့စေရေး ကမ္ဘောဒီးယား-လာအို-မြန်မာ-ဗီယက်နမ်တို့ ဆွေးနွေး

ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းဆိုင်ရာ ပုဂ္ဂလိကအသင်းအဖွဲ့များအချင်းချင်း နားလည်မှုစာချွန်လွှာများ ရေးထိုးဆောင်ရွက်ရေးနှင့် နှစ်နိုင်ငံခရီးသွားလုပ်ငန်းများ မြှင့်တင်ရေးအတွက် ဆွေးနွေး (၄)ကြိမ်မြောက် ကမ္ဘောဒီးယား-မြန်မာခရီးသွားလုပ်ငန်းအဖွဲ့အစည်းအဝေး၊ အစားအစာပြပွဲ နှင့် ကုန်းလမ်းနှင့် နယ်စပ်ဖြတ်ကျော် ခရီးသွားလုပ်ငန်းလွယ်ကူချောမွေ့စေရေးဆိုင်ရာဆွေးနွေးပွဲကို...

ရန်ကုန်စတော့အိပ်ချိန်း၊ စာရင်းဝင်အကြိုစျေးကွက်တွင် ဒုတိယမြောက်မှတ်ပုံတင်ကုမ္ပဏီဖြစ်သည့်ASPGB က...

ရန်ကုန်စတော့အိပ်ချိန်း၏ Pre Listing Board (PLB) စာရင်းဝင်အကြိုစျေးကွက်တွင် ဒုတိယမြောက်မှတ်ပုံတင်ကုမ္ပဏီဖြစ်သည့် ASPGB (G.B.S Agricultural Service Public Company...

ငွေကြေးအရင်းအနှီးလိုအပ်နေသော ဆီစက်ပိုင်ရှင်များအား တစ်နှစ်လျှင် အတိုးနှုန်း...

ကျပ်သိန်း ၁၀,၀၀၀ အထိ ချေးယူလိုပါက ဆီစက်လုပ်ငန်းများဖွံ့ဖြိုးရေးချေးငွေ စီမံခန့်ခွဲမှုလုပ်ငန်းအဖွဲ့၊ အတွင်းရေးမှူးရုံး၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် (ရုံးချုပ်) သို့ တို-က်ရို-က်လျှောက်ထားနိုင် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ လမ်းညွှန်မှုဖြင့်...

ရုပ်ရှင်နှင့် ပတ်သက်သည့် လုပ်ငန်းအမျိုးအစား (၆)...

ရှပ်ရှင်ဥပဒေကို ပြင်ဆင်သည့်ဥပဒေကို ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလက ပြဌာန်းခဲ့ပြီးဖြစ်ကြောင်း သိရသည်။ ထို့ပြင် ရုပ်ရှင်နည်းဥပဒေများကို ပြင်ဆင်သည့် နည်းဥပဒေများကိုလည်း ၂၀၂၅ ခုနှစ်...
HomeNewsLocal Newsပြည်ပသို့ သုံးလအတွင်း ဆန်နှင့်ဆန်ကွဲတန်ချိန်...

ပြည်ပသို့ သုံးလအတွင်း ဆန်နှင့်ဆန်ကွဲတန်ချိန် (၆) သိန်းကျော်တင်ပို့ထားပြီးဖြစ်

ယခု ၂၀၂၅ -၂၀၂၆ ဘဏ္ဍာနှစ်၏ သုံးလတာကာလအတွင်း ပြည်ပသို့ ဆန်နှင့်ဆန်ကွဲတန်ချိန် (၆) သိန်းကျော် တင်ပို့ထားပြီးဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၏ ထုတ်ပြန်ချက်အရ သိရသည်။

ဧပြီလမှ ဇွန်လအထိ သုံးအတွင်း ပြည်ပသို့ ဆန်နှင့်ဆန်ကွဲတန်ချိန် (၆၁၄,၇၀၅) တန်တင်ပို့ထားပြီး ယင်းမှ အမေရိကန်ဒေါ်လာ (၂၁၄) သန်းရရှိခဲ့ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၏ ထုတ်ပြန်ချက်အရ သိရသည်။

ယင်းကာလအတွင်း ပြည်ပသို့ ဆန်နှင့် ဆန်ကွဲတင်ပို့မှုအနေဖြင့် ဆန်တန်ချိန် (၃၂၉,၃၃၅) တန်နှင့် ဆန်ကွဲတင်ပို့မှု အနေဖြင့် တန်ချိန် (၂၈၅,၃၆၉) တန် တင်ပို့ထားခြင်းဖြစ်သည်။

၂၀၂၅ -၂၀၂၆ ဘဏ္ဍာနှစ်တွင် ပင်လယ်ရေကြောင်းမှတဆင့် တင်ပို့ရာ ဧပြီလတွင် တန်ချိန် (၁၄၂,၇၈၈) တန်၊ မေလတွင် တန်ချိန် (၂၅၉,၅၀၁) တန်နှင့် ဇွန်လတွင် (၂၁၂,၄၁၆) တန် တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။

၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် ပြည်ပသို့ ဆန်တန်ချိန် (၃) သန်းတင်ပို့ရန် လျာထားပြီး ပြီးခဲ့သည့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်ကုန်ဆုံးချိန်တွင် ပြည်ပသို့ ဆန်နှင့်ဆန်ကွဲတင်ပို့ရန် လျာထားချက် ပမာဏ တန်ချိန်နှစ်သန်းခွဲ မပြည့်မီခဲ့ဘဲ တန်ချိန် (၂ ဒသမ ၄၈၇) သန်းသာ တင်ပို့နိုင်ခဲ့ကြောင်း MRF မှ ထုတ်ပြန်ထားသည့် စာရင်းအရ သိရသည်။

ပြည်ပသို့ ဆန်တင်ပို့မှုအနေဖြင့် ဥရောပဈေးကွက်၊ တရုတ်ဈေးကွက်၊ အာဆီယံဈေးကွက်၊ အာဖရိကဈေးကွက်သို့ ကုမ္ပဏီ (၆၀)ဝန်းကျင်ခန့်က တင်ပို့ခြင်းဖြစ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ခရီးသွားလုပ်ငန်းလွယ်ကူချောမွေ့စေရေး ကမ္ဘောဒီးယား-လာအို-မြန်မာ-ဗီယက်နမ်တို့ ဆွေးနွေး

ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းဆိုင်ရာ ပုဂ္ဂလိကအသင်းအဖွဲ့များအချင်းချင်း နားလည်မှုစာချွန်လွှာများ ရေးထိုးဆောင်ရွက်ရေးနှင့် နှစ်နိုင်ငံခရီးသွားလုပ်ငန်းများ မြှင့်တင်ရေးအတွက် ဆွေးနွေး (၄)ကြိမ်မြောက် ကမ္ဘောဒီးယား-မြန်မာခရီးသွားလုပ်ငန်းအဖွဲ့အစည်းအဝေး၊ အစားအစာပြပွဲ နှင့် ကုန်းလမ်းနှင့် နယ်စပ်ဖြတ်ကျော် ခရီးသွားလုပ်ငန်းလွယ်ကူချောမွေ့စေရေးဆိုင်ရာဆွေးနွေးပွဲကို ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့၌ ဒီဇင်ဘာ(၁၃)ရက်နေ့မှ (၁၆)ရက်ထိ ကျင်းပခဲ့ကြောင်း သိရသည်။ အဆိုပါ အစည်းအဝေးကို ကမ္ဘောဒီးယားနိုင်ငံမှ ခရီးသွားလုပ်ငန်းဝန်ကြီးဌာနနှင့်ဆက်စပ်ဝန်ကြီးဌာနမှ ကိုယ်စားလှယ်များ၊ ပုဂ္ဂလိကခရီးသွားလုပ်ငန်းအသင်းအဖွဲ့များမှ ကိုယ်စားလှယ်များ ပါဝင်တက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံ၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်၊ မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်းနှင့် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်းများမှ ကိုယ်စားလှယ်များ ပါဝင်တက်ရောက်ခဲ့ကြောင်း သိရသည်။ အဆိုပါအစည်းအဝေးတွင် သက်ဆိုင်ရာနိုင်ငံအလိုက် ခရီးသွားဧည့်သည်ဝင်ရောက်မှုများ...

ရန်ကုန်စတော့အိပ်ချိန်း၊ စာရင်းဝင်အကြိုစျေးကွက်တွင် ဒုတိယမြောက်မှတ်ပုံတင်ကုမ္ပဏီဖြစ်သည့်ASPGB က ယနေ့တွင် အစုရှယ်ယာများ စတင်ရောင်းချ

ရန်ကုန်စတော့အိပ်ချိန်း၏ Pre Listing Board (PLB) စာရင်းဝင်အကြိုစျေးကွက်တွင် ဒုတိယမြောက်မှတ်ပုံတင်ကုမ္ပဏီဖြစ်သည့် ASPGB (G.B.S Agricultural Service Public Company Limited) အနေဖြင့် ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ (၁၇) ရက်နေ့တွင် ရန်ကုန်စတော့အိပ်ချိန်း၏ စျေးကွက်ပေါ်တွင် အစုရှယ်ယာများစတင်ရောင်းချပေးသွားမည်ဖြစ်သည်။ ဂျီဘီအက် (စ်) လယ်ယာဝန်ဆောင်မှုလုပ်ငန်းအများနှင့် သက်ဆိုင်သော ကုမ္ပဏီလီမိတက် (ASPGB) ၏ မှတ်ပုံတင်မည့်နေ့ရက်ရှိ အခြေခံစျေးနှုန်း၊ အမြင့်ဆုံး/အနိမ့်ဆုံးစျေးနှုန်း သတ်မှတ်ချက်နှင့် တစ်ချက်ခုန်စျေးနှုန်း တို့မှာ အောက်ပါအတိုင်း ဖြစ်သည်။ အခြေခံစျေးနှုန်းအနေဖြင့် ကျပ် ၁၀,၀၀၀ ဖြစ်ပြီး...

ငွေကြေးအရင်းအနှီးလိုအပ်နေသော ဆီစက်ပိုင်ရှင်များအား တစ်နှစ်လျှင် အတိုးနှုန်း ငါးရာခိုင်နှုန်းဖြင့် ချေးငွေထုတ်ချေးမည်

ကျပ်သိန်း ၁၀,၀၀၀ အထိ ချေးယူလိုပါက ဆီစက်လုပ်ငန်းများဖွံ့ဖြိုးရေးချေးငွေ စီမံခန့်ခွဲမှုလုပ်ငန်းအဖွဲ့၊ အတွင်းရေးမှူးရုံး၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် (ရုံးချုပ်) သို့ တို-က်ရို-က်လျှောက်ထားနိုင် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ လမ်းညွှန်မှုဖြင့် ဆီစက်လုပ်ငန်းများဖွံ့ဖြိုးရေး ချေးငွေစီမံခန့်ခွဲမှုလုပ်ငန်းအဖွဲ့သည် ပြည်တွင်းရှိဆီစက်များသို့ အဆင့်မီစက်ပစ္စည်းများ တိုးချဲ့တပ်ဆင်ခြင်း၊ အဆင့်မြှင့်တင်ခြင်း၊ ခေတ်မီဆီစက်အသစ်များ ထပ်မံတည်ဆောက်ခြင်းနှင့် လုပ်ငန်းသုံးရင်းနှီး လည်ပတ်ငွေ လိုအပ်ချက်များအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မတည်ထူထောင်ထားသည့် ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးရေးချေးငွေရန်ပုံငွေမှ အတိုးနှုန်းသက်သာသော ချေးငွေများကို မြန်မာ့စီးပွားရေး ဘဏ်၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်နှင့် ပုဂ္ဂလိကဘဏ် (၁၄) ဘဏ်တို့မှ ထုတ်ချေးပေးလျက်ရှိသည်။ ဆီစက်လုပ်ငန်းများဖွံ့ဖြိုးရေးချေးငွေကို အောက်ပါအချက်များနှင့် ညီညွတ်ပါက...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071