Wednesday, December 17, 2025

သီပေါမြို့နယ်၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ကိုင်သူ တရုတ်နိုင်ငံသား(၅)ဦး၊ မြန်မာနိုင်ငံသူ(၁)...

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သီပေါမြို့နယ်၊ ပန်စင် ကျေးရွာအနီး၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ကိုင်သူ တရုတ်နိုင်ငံသား(၅)ဦး၊ မြန်မာနိုင်ငံသူ(၁) ဦး၊ SSPP/SSA တပ်ဖွဲ့ဝင်(၃)ဦးတို့အား ဆက်စပ်ပစ္စည်းများနှင့်အတူ ယနေ့ ဒီဇင်ဘာ...

မြန်မာနိုင်ငံအပေါ်အကျိုးသက်ရောက်မှုမရှိသည့် လေဖိအားနည်းရပ်ဝန်းတစ်ခု ဘင်္ဂလားပင်လယ်အော်၌ ဒီဇင်ဘာ...

မြန်မာနိုင်ငံအပေါ်အကျိုးသက်ရောက်မှုမရှိသည့် လေဖိအားနည်းရပ်ဝန်းတစ်ခု ဘင်္ဂလားပင်လယ်အော်၌ ဒီဇင်ဘာ ၂၂ ရက်တွင်ဖြစ်ပေါ်နိုင်သည်ဟု မိုးလေဝသမြန်မာ (ရန်ကုန်ဌာနခွဲ) ၏ ယနေ့ ဒီဇင်ဘာ ၁၇ ရက်ထုတ်ပြန်ချက်အရ...

မြန်မာနိုင်ငံတော်ယာယီသမ္မတထံ အယ်လ်ဂျီးရီးယားနိုင်ငံသံအမတ်ကြီး သံအမတ်ခန့်အပ်လွှာပေးအပ်

ကုန်သွယ်ရေး၊ စီးပွားရေးနှင့် ခရီးသွားလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရန်ဆွေးနွေး မြန်မာနိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံ မြန်မာနိုင်ငံဆိုင်ရာ အယ်လ်ဂျီးရီးယားနိုင်ငံသံအမတ်ကြီးက ၎င်း၏ သံအမတ်ခန့်အပ်လွှာကိုပေးအပ်ခဲ့ကြောင်း...

လယ်ယာလုပ်ငန်းဝန်ဆောင်မှုလုပ်နေသော ကုမ္ပဏီတစ်ခု စတော့ဈေးကွက်သို့ စတင်ဝင်ရောက်လာ

ရန်ကုန်စတော့အိတ်ချိန်းဈေးကွက်တွင် ရှယ်ယာတင်ရောင်းနေသော ကုမ္ပဏီ(၇)ခုခန့်ရှိရာတွင် စွမ်းအင်၊ ဘဏ်၊ ကုန်စည်ပို့​ဆောင်​ရေး၊ နည်းပညာ ကုမ္ပဏီကြီးများ ပါဝင်ပြီး လယ်ယာနှင့် ပတ်သက်သည့် ကုမ္ပဏီက ယနေ့တွင်...
HomeInternationalမြန်မာသွင်းကုန်များကို ယူအက်စ်က အခွန်...

မြန်မာသွင်းကုန်များကို ယူအက်စ်က အခွန် ၄၀ ရာခိုင်နှုန်း သတ်မှတ်       

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်သည် ဂျပန်နှင့် တောင်ကိုရီးယားနိုင်ငံတို့မှ ကုန်စည်များအပေါ် ၂၅ ရာခိုင်နှုန်း အခွန်သတ်မှတ်ထားမှု အပါအဝင် သြဂုတ်လ ၁ ရက်နေ့မှစ၍ အဓိကကုန်သွယ်ဖက်နိုင်ငံများကို ပိုမိုမြင့်မားသည့် အခွန်စည်းကြပ်မှုများလုပ်မည်ဟု ပြောကြားထားသည့် စည်းကြပ်ခွန်စာလွှာများကို ထုတ်ဖော်ပြသလိုက်သည်။
           
ထရမ့်ပ်က မလေးရှား၊ ကာဇက်စတန်နှင့် တူနီးရှားကုန်စည်များအပေါ် ၂၅ ရာခိုင်နှုန်း၊ တောင်အာဖရိကကို ၃၀ ရာခိုင်နှုန်း၊ လာအိုနှင့် မြန်မာကုန်စည်များကို ၄၀ ရာခိုင်နှုန်းစီ အခွန်ကောက်မည်ဟုလည်း ကြေညာခဲ့သည်။ ထို့အပြင် အင်ဒိုနီးရှားကို အခွန် ၃၂ ရာခိုင်နှုန်း၊ ဘင်္ဂလားဒေ့ရှ်ကို ၃၅ ရာခိုင်နှုန်း ထိုင်းနှင့် ကမ္ဘောဒီးယားကို ၃၆ ရာခိုင်နှုန်းစီနှင့် ဘော့စနီးယားကို ၃၀ ရာခိုင်နှုန်း ဆာဘီးယားကို ၃၅ ရာခိုင်နှုန်း စည်းကြပ်ရန် သတ်မှတ်ထားခဲ့သည်။
           
ထရမ့်ပ်က တစ်ဖက်သတ် သတိပေးချက်များနှင့် ကုန်သွယ်ရေးသဘောတူညီချက်များသည် လှုပ်လှုပ်ခတ်ခတ်ဖြစ်လိမ့်မည်ဟု ပြောကြားထားရာ၌ ပထမဆုံး စည်းကြပ်ခွန်သတ်မှတ်နိုင်ငံများစာရင်းကို ကြေညာခဲ့ခြင်းဖြစ်သည်။ ဧပြီလ ၂ ရက် နေ့တွင် ၎င်းက အပြန်အလှန်အခွန်စည်းကြပ်မှုများဟု ခေါ်ဆိုခဲ့သော သွင်းကုန်ခွန်အသစ်များနှင့် ပတ်သက်၍ ကုန်သွယ်ဖက်နိုင်ငံများနှင့် သဘောတူညီချက်များကို မရရှိမီ ၂ ရက်အလို တနင်္လာနေ့တွင် ယခု ကြေညာချက်ထွက်‌ေပါ်လာခြင်းဖြစ်သည်။
        
  “ကျွန်ုပ်တို့ရဲ့ ဆက်ဆံရေးက ကံမကောင်းစွာဘဲ အပြန်အလှန် ဝေးကွာခဲ့ပါတယ်” ဟု ထရမ့်ပ် ၏ စာများတွင် ရေးသားခဲ့သည်။
         
ယခုအချိန်အထိ တနင်္လာနေ့တွင် ထုတ်ပြန်ခဲ့သော စာများသည် ၎င်း၏ အပြန်အလှန်အခွန်းစည်းကြပ်ခြင်းဟု ခေါ်ဆိုသော အစီအစဉ်အတွက် ဇူလိုင်လ ၉ ရက် နေ့နောက်ဆုံးသတ်မှတ်ရက်ကို သြဂုတ်လအစပိုင်းအထိ နောက်တစ်ကြိမ်အကဲစမ်းသည့် နည်းလမ်းတစ်ခုဖြစ်ပုံရသည်။ ၎င်း၏ ထရုဆိုရှယ်မီဒီယာပေါ်တင်ခဲ့သော သတ်မှတ်အခွန်နှုန်းထားအများစုသည် ထရမ့်ပ် ယခင်ကကြေညာထားခဲ့ပြီးဖြစ်သော အခွန်စည်းကြပ်မှုအသစ်များ ရင်ဆိုင်ရမည့်နိုင်ငံများ၏ အခွန်နှုန်းထားများနှင့် တူညီခဲ့သည်။
        
တနင်္လာနေ့တွင် ၎င်းတို့၏ စည်းကြပ်ခွန်များနှင့် ပတ်သက်၍ သမ္မတထံမှ တိုက်ရိုက်သတိပေးချက်များကို လက်ခံရရှိသည့် နိုင်ငံပေါင်း တစ်ဒါဇင်ခန့်ရှိသည်ဟု အိမ်ဖြူတော် သတင်းထုတ်ပြန်ရေးမှူး ကာရိုလိုင်း လီဗစ်က ပြောကြားခဲ့သည်။ လာမည့်ရက်များတွင် နောက်ထပ်စာများ ထပ်ရောက်လာမည်ဖြစ်ကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။ ထရမ့်ပ်က နစကဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံသို့ လိပ်မူ၍ ကိုယ်တိုင် လက်မှတ် ရေးထိုးကာပေးပို့သောစာတွင် အခွန်တိုးကောက်ရခြင်းမှာ ကုန်သွယ်ရေးရှင်းတမ်း၌ မမျှတဘဲ သွင်းကုန်က ပို့ကုန်ထက်နည်းနေသောကြောင့် ဖြစ်ကြောင်း အကျိုးအကြောင်းဖေါ်ပြထားသည်။

Ref: ဘန်ကောက်ပို့စ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

သီပေါမြို့နယ်၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ကိုင်သူ တရုတ်နိုင်ငံသား(၅)ဦး၊ မြန်မာနိုင်ငံသူ(၁) ဦး၊ SSPP/SSA တပ်ဖွဲ့ဝင်(၃)ဦးတို့အား ဆက်စပ်ပစ္စည်းများနှင့်အတူဖမ်းမိ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သီပေါမြို့နယ်၊ ပန်စင် ကျေးရွာအနီး၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ကိုင်သူ တရုတ်နိုင်ငံသား(၅)ဦး၊ မြန်မာနိုင်ငံသူ(၁) ဦး၊ SSPP/SSA တပ်ဖွဲ့ဝင်(၃)ဦးတို့အား ဆက်စပ်ပစ္စည်းများနှင့်အတူ ယနေ့ ဒီဇင်ဘာ ၁၇ ရက်နံနက်ပိုင်းက ဖမ်း ဆီးရမိခဲ့ကြောင်း သိရသည်။ လုံခြုံရေးအဖွဲ့ဝင်များမှ ပန်စင်ကျေးရွာအနီး၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ကိုင်နေကြောင်း သ တင်းအရ ရှာဖွေစစ်ဆေးမှုများပြုလုပ်ရာ လက်နက် ကိုင်(၂)ဦးက လုံခြုံရေးအဖွဲ့ဝင်များအား စတင်ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ပြန်လည်ပစ်ခတ်ခဲ့ပြီးနောက် ၎င်းတို့ စတင်ပစ်ခတ်သည့်နေရာအားဝင်ရောက်ရှင်းလင်းခဲ့ရာ SSPP/SSA တပ်ဖွဲ့ဝင်(၃)ဦးအား AK-47 (၁)လက်၊ M-22 (၁)လက်၊ MK-12 (၁)လက်၊ ပွိုင့်-၂၂...

မြန်မာနိုင်ငံအပေါ်အကျိုးသက်ရောက်မှုမရှိသည့် လေဖိအားနည်းရပ်ဝန်းတစ်ခု ဘင်္ဂလားပင်လယ်အော်၌ ဒီဇင်ဘာ ၂၂ ရက်တွင်ဖြစ်ပေါ်နိုင်

မြန်မာနိုင်ငံအပေါ်အကျိုးသက်ရောက်မှုမရှိသည့် လေဖိအားနည်းရပ်ဝန်းတစ်ခု ဘင်္ဂလားပင်လယ်အော်၌ ဒီဇင်ဘာ ၂၂ ရက်တွင်ဖြစ်ပေါ်နိုင်သည်ဟု မိုးလေဝသမြန်မာ (ရန်ကုန်ဌာနခွဲ) ၏ ယနေ့ ဒီဇင်ဘာ ၁၇ ရက်ထုတ်ပြန်ချက်အရ သိရသည်။ ဘင်္ဂလားပင်လယ်အော် (တောင်ပိုင်း) တွင် ဒီဇင်ဘာ ၂၀ ရက်၌ လေဖိအားနည်းဆဲလ်တစ်ခုဖြစ်ပေါ်လာနိုင်ပြီး ယင်းလေဖိအားနည်းဆဲလ်သည် အနောက်ဘက်သို့ရွေ့လျားကာ ဒီဇင်ဘာ ၂၂ ရက်တွင် လေဖိအားနည်းရပ်ဝန်းအဖြစ်ပိုမိုအားကောင်းလာနိုင်ကြောင်း သိရသည်။ အဆိုပါ လေဖိအားနည်းရပ်ဝန်း၏အရှိန်သည် မြန်မာ့ပင်လယ်ပြင်နှင့် မြန်မာနိုင်ငံအပေါ် အကျိုးသက် ရောက်မှုမရှိနိုင်ဟုလည်း မိုးလေဝသမြန်မာ (ရန်ကုန်ဌာနခွဲ) ၏ ထုတ်ပြန်ချက်အရ သိရသည်။

မြန်မာနိုင်ငံတော်ယာယီသမ္မတထံ အယ်လ်ဂျီးရီးယားနိုင်ငံသံအမတ်ကြီး သံအမတ်ခန့်အပ်လွှာပေးအပ်

ကုန်သွယ်ရေး၊ စီးပွားရေးနှင့် ခရီးသွားလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရန်ဆွေးနွေး မြန်မာနိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံ မြန်မာနိုင်ငံဆိုင်ရာ အယ်လ်ဂျီးရီးယားနိုင်ငံသံအမတ်ကြီးက ၎င်း၏ သံအမတ်ခန့်အပ်လွှာကိုပေးအပ်ခဲ့ကြောင်း သိရသည်။ မြန်မာနိုင်ငံတော် ယာယီသမ္မတမှ အယ်လ်ဂျီးရီးယားနိုင်ငံသံအမတ်ကြီး သံအမတ်ခန့်အပ်လွှာအား ယနေ့ ဒီဇင်ဘာ ၁၇ ရက်နံနက်ပိုင်းက နေပြည်တော်ရှိ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရုံး သံတမန်ဆောင်ဧည့်ခန်းမ၌ လက်ခံရယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ထို့နောက် မြန်မာနိုင်ငံတော် ယာယီသမ္မတနှင့် အယ်လ်ဂျီးရီးယားနိုင်ငံသံအမတ်ကြီးတို့သည် နှစ်နိုင်ငံကြား ခိုင်မာပြီးရှည်လျားသည့် သံတမန်ဆက်ဆံရေးရှိမှု၊ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများဆက်လက်တိုးမြှင့်ဆောင်ရွက်မည့်အခြေအနေများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ ထို့ပြင် နှစ်နိုင်ငံကြားကုန်သွယ်ရေး၊ စီးပွားရေးနှင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071