Tuesday, December 16, 2025

မန္တလေးတိုင်းတွင် ရွေးကောက်ပွဲအပိုင်း(၁)အတွက် မဲရုံခင်းကျင်းမှုနှင့် လျာထားမဲရုံများပြင်ဆင်

လာမည့်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၁)အတွက် မန္တလေးတိုင်းဒေသကြီး မြို့နယ်များအတွင်း မဲရုံခင်းကျင်းမှုနှင့် လျာထားမဲရုံများ ပြင်ဆင်နေပြီးဖြစ်ကြောင်း သိရသည်။ အပိုင်း(၁)တွင်ပါဝင်သော အောင်မြေသာစံမြို့နယ်အတွင်း မဲရုံခင်းကျင်းမှုနှင့် လျာထားမဲရုံနေရာများကိုလည်း မန္တလေးတိုင်းဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက...

ဆီးဂိမ်းတွင် မြန်မာက ရွှေတံဆိပ် သုံးခုဖြင့်...

ထိုင်းနိုင်ငံ၌ ကျင်းပနေသည့် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ၏ ဆုတံဆိပ်ရရှိမှုဇယား၌ မြန်မာက ရွှေတံဆိပ် သုံးခုဖြင့် နိုင်ငံအလိုက် အဆင့် (၇) တွင် ရှိနေသည်။ ယင်းဇယားသည် ယမန်နေ့...

နွားထိုးကြီးမြို့နယ်၌ လျှပ်စစ်မီးပြန်လည်ရရှိ

အကြမ်းဖက်အဖွဲ့ဝင်များ၏ ဖျက်ဆီးမှုများကြောင့်  မန္တ လေးတိုင်း၊ နွားထိုးကြီးမြို့နယ်၌ လျှပ်စစ်ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံများထိခိုက်ပျက်စီးခဲ့ပြီး လျှပ် စစ်ဓာတ်အားပြတ်တောက်မှုများဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။ ထို့ကြောင့် လုံခြုံရေးအဖွဲ့ဝင်များက လုံခြုံရေးလုပ်ငန်းများဆောင်ရွက်ပေးပြီးနောက် ၂၃၀...

ရန်ကုန်လေဆိပ်အဝင် Y တံတားအနီးရှိ တိုက်တစ်လုံးမီးလောင်

ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်၊ ရန်ကုန်လေ ဆိပ်အဝင် Y တံတားအနီးရှိ တိုက်တစ်လုံးတွင် ယနေ့ ဒီဇင်ဘာ ၁၆ ရက်နံနက် ၄ နာရီကျော်ခန့်က...
HomeInternationalတက္ကဆပ်စ်ရေကြီး၍ ‌ေ-သဆုံးသူ အရေအတွက်...

တက္ကဆပ်စ်ရေကြီး၍ ‌ေ-သဆုံးသူ အရေအတွက် ၈၂ ဦးအထိ မြင့်တက်လာ

အမေရိကန်ပြည်ထောင်စု တက္ကဆပ်စ်ပြည်နယ် အလယ်ပိုင်းတွင် ရေလွှမ်းမိုးမှုများကြောင့် ‌ေ-သဆုံးသူ အရေအတွက်သည် ၈၂ ဦးထက်မနည်း ရှိလာကာ မိသားစုများသည် ရေနစ်မြုပ်နေသော အပျ-က်အစီးများကို ဖယ်ရှားရှင်းလင်းကာ မိန်းကလေးသီးသန့် နွေရာသီစခန်းတစ်ခုဖြစ်သော Camp Mystic စခန်းအတွင်းရှိ လူသူမရှိတော့သော သစ်သားတဲအိမ်များအတွင်း ဝင်ရောက်ရှာဖွေခဲ့ကြသည်။
  
ကယ်ဆယ်ရေးသမားများသည် ခက်ခဲကြမ်းတမ်းသော မြေပြင်အခြေအနေ၊ မြင့်တက်နေသောရေများနှင့် မြွေများ၏ အန္တရာယ်ပေးနိုင်သော အခြေအနေများကြားမှ စခန်းရှိ မိန်းကလေး ၁၀ ဦးနှင့် အကြံပေးတစ်ဦး အပါအဝင် ပျေ-ာက်ဆုံးနေသူများကို အပူတပြင်း ဆက်လက်ရှာဖွေလျက်ရှိသည်။ တက္ကဆပ်စ်သို့ မုန်တိုင်းများ စတင်ဝင်ရောက်ပြီးနောက် ပထမဆုံးအကြိမ်အဖြစ် အုပ်ချုပ်ရေးမှူး ဂရက်အက်ဘော့က ပြည်နယ်တစ်ဝန်း၌ ပျေ-ာက်ဆုံးနေသူ ၄၁ ဦးရှိကြောင်း အတည်ပြုကာ ပျေ-ာက်ဆုံးသူများသည် ထပ်၍ ရှိနိုင်သေးသည်ဟု ပြောကြားခဲ့သည်။
          

Camp Mystic နှင့် အခြား လူငယ်စခန်းများတည်ရှိရာ Kerr ကောင်တီတွင် ကလေး ၂၈ ဦး အပါအဝင် ရုပ်အလေ-ာင်း ၆၈ လေ-ာင်းကို ရှာဖွေရေးသမားများက တွေ့ရှိခဲ့သည်ဟု ကောင်တီရဲအရာရှိ လယ်ရီ လိုင်သာက မွန်းလွဲပိုင်းတွင် ပြောကြားခဲ့သည်။
        
သောကြာနေ့က စတင်ခဲ့သော ရေလွှမ်းမိုးမှုများတွင် ပျေ-ာက်ဆုံးနေသူများကို တစ်ယောက်မကျန် ပြန်ရှာတွေ့သည်အထိ ရှာဖွေမှုများ ရိုဆက်လက်၍ လုပ်ဆောင်သွားမည်ဟု ၎င်းက ကတိပြုပြောကြားခဲ့သည်။ ဒေသဆိုင်ရာ တာဝန်ရှိသူများ၏ အဆိုအရ Travis၊ Burnet၊ Kendall၊Tom Green နှင့် Williamson ကောင်တီတို့တွင် ‌ေ-သဆုံးသူ ၁၀ ဦး ရှိခဲ့သည်ဟု သိရသည်။ ‌ေ-သဆုံးဦးရေသည် နောက်ရက်အနည်းငယ်တွင် ထပ်တိုးလာရန် သေချာသလောက်ရှိသည်ဟု တက္ကဆပ်စ်ပြည်နယ် ပြည်သူ့ဘေးအန္တရာယ်လုံခြုံရေးဌာနမှ ဗိုလ်မှူးကြီး ဖရီးမန်း မာတင်က ပြောဆိုခဲ့သည်။
        
အင်္ဂါနေ့အထိ မိုးဆက်လက်ရွာသွန်းနေမည်ဆိုပါက အထူးသဖြင့် ရေမြုပ်နေပြီးဖြစ်သော နေရာများတွင် အသက်အန္တရာယ်ပိုမိုကျရောက်စေနိုင်သည့် ရေကြီးမှုများဖြစ်လာနိုင်သည်ဟု အုပ်ချုပ်ရေးမှူးက သတိပေးထားသည်။

Ref: အေပီ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မန္တလေးတိုင်းတွင် ရွေးကောက်ပွဲအပိုင်း(၁)အတွက် မဲရုံခင်းကျင်းမှုနှင့် လျာထားမဲရုံများပြင်ဆင်

လာမည့်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၁)အတွက် မန္တလေးတိုင်းဒေသကြီး မြို့နယ်များအတွင်း မဲရုံခင်းကျင်းမှုနှင့် လျာထားမဲရုံများ ပြင်ဆင်နေပြီးဖြစ်ကြောင်း သိရသည်။ အပိုင်း(၁)တွင်ပါဝင်သော အောင်မြေသာစံမြို့နယ်အတွင်း မဲရုံခင်းကျင်းမှုနှင့် လျာထားမဲရုံနေရာများကိုလည်း မန္တလေးတိုင်းဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုခဲ့ကြောင်းလည်း သိရသည်။ ရွေးကောက်ပွဲတွင် အသုံးပြုမည့်အီလက်ထရောနစ်မဲပေးစက်နှင့် ဆက်စပ်ပစ္စည်းများထားရှိမှု သက်ဆိုင်ရာမဲရုံများအတွင် စနစ်တကျဖြန့်ဝေမှုများကို စီစဉ်ဆောင်ရွက်နေကြောင်းလည်း သိရသည်။ မဲပေးစက်များ ပျ-က်ဆီးမှုမရှိစေရေး မီးဘေးကင်းရှင်းစေရန်နှင့် အထူးဂရုစိုက်ဆောင်ရွက်ရန်လည်း မန္တလေးတိုင်းဝန်ကြီးချုပ် ဦးမျိုးအောင်ကပြောသည်။ မန္တလေးတိုင်းဒေသကြီး၌ ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်တွင် အပိုင်း(၁)ကို မြို့နယ် ၈ မြို့နယ်၌ ကျင်းပသွားမည်ဖြစ်ပြီး လျာထားမဲရုံပေါင်း ၁၂၄၂ ရုံ...

ဆီးဂိမ်းတွင် မြန်မာက ရွှေတံဆိပ် သုံးခုဖြင့် နိုင်ငံအလိုက် အဆင့် (၇) တွင် ရှိနေ

ထိုင်းနိုင်ငံ၌ ကျင်းပနေသည့် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ၏ ဆုတံဆိပ်ရရှိမှုဇယား၌ မြန်မာက ရွှေတံဆိပ် သုံးခုဖြင့် နိုင်ငံအလိုက် အဆင့် (၇) တွင် ရှိနေသည်။ ယင်းဇယားသည် ယမန်နေ့ (ဒီဇင်ဘာလ၁၅)ရက်နေ့ ယှဉ်ပြိုင်မှုများ ပြီးဆုံးသွားချိန်အထိ ရပ်တည်မှုဇယား ဖြစ်သည်။ ဒီဇင်ဘာ ၁၅ ရက်နေ့တွင်မူ မြန်မာနိုင်ငံအတွက် ဝူရှူးအားကစားနည်းမှ ငွေတံဆိပ် (၃)ခု၊ ကြေးတံဆိပ် (၁)ခု၊ ပြေးခုန်ပစ် အားကစားနည်းမှ ငွေတံဆိပ် (၂)ခု၊ ရွက်လှေအားကစားနည်းမှ ကြေးတံဆိပ် (၁) ခု ထပ်မံ ဆွတ်ခူးရရှိခဲ့ခြင်း ဖြစ်သည်။ ရွှေတံဆိပ်ဆု (၃)ခုမှာမူ ရိုးရာခြင်းလုံး...

နွားထိုးကြီးမြို့နယ်၌ လျှပ်စစ်မီးပြန်လည်ရရှိ

အကြမ်းဖက်အဖွဲ့ဝင်များ၏ ဖျက်ဆီးမှုများကြောင့်  မန္တ လေးတိုင်း၊ နွားထိုးကြီးမြို့နယ်၌ လျှပ်စစ်ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံများထိခိုက်ပျက်စီးခဲ့ပြီး လျှပ် စစ်ဓာတ်အားပြတ်တောက်မှုများဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။ ထို့ကြောင့် လုံခြုံရေးအဖွဲ့ဝင်များက လုံခြုံရေးလုပ်ငန်းများဆောင်ရွက်ပေးပြီးနောက် ၂၃၀ ကေဗွီ မြင်းခြံ(သံမ ဏိ)-သပြေဝဓာတ်အားလိုင်းနှင့် ၁၃၂ ကေဗွီ သာစည်- မြင်းခြံ ဓာတ်အားလိုင်းတို့အား လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဦးစီးဌာနမှ အင်ဂျင်နီယာများ ဦးဆောင်၍ လျှပ်စစ်ကျွမ်းကျင်ဝန်ထမ်းများက စစ် ဆေးပြုပြင်ခဲ့ရာ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလတွင်ပြီး စီးခဲ့ကြောင်း သိရသည်။ ထို့အတူ ၁၃၂ ကေဗွီ မြင်းခြံပင်မဓာတ်အားခွဲရုံမှ နွားထိုးကြီးမြို့သို့ ဓာတ်အားဖြန့်ဖြူးပေးထားသော ၃၃ ကေဗွီ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071