Saturday, December 13, 2025

ထိုင်းရောက်မြန်မာအလုပ်သမားအချို့ စာရွက်စာတမ်းအတုများဖြင့် လိမ်လည်တင်ပြ၍ လျော်ကြေးငွေတောင်းခံမှုများရှိနေ

ထိုင်းနိုင်ငံတွင်ရောက်ရှိ အလုပ်လုပ်ကိုင်နေစဉ်အတွင်း လုပ်ငန်းခွင်မတော်တဆမှုများအပါအဝင် အကြောင်းအမျိုးမျိုးကြောင့် ကွယ်လွန်ဆုံးပါးသွားပါက ရသင့်ရထိုက်သည့် လျော်ကြေးငွေရရှိနိုင်ရေးအတွက် လုပ်ဆောင်ပေးသော်လည်း စာရွက်စာတမ်းအတုများဖြင့် လိမ်လည်တင်ပြ၍ လျော်ကြေးငွေတောင်းခံမှုများရှိနေကြောင်း မြန်မာသံရုံး၊ ဗန်ကောက်မြို့ကအသိပေးထားသည်။ မြန်မာအလုပ်သမားများ...

ပွဲချိန်တွင်ပင် မြန်မာ – အင်ဒိုနီးရှား...

ယနေ့ ဒီဇင်ဘာ (၁၃)ရက် ၊ မွန်းလွဲ (၁) နာရီအချိန်၌ ဆီးဂိမ်းပြိုင်ပွဲဝင် မြန်မာအမျိုးသမီးဖူဆယ်အသင်းသည် အင်ဒိုနီးရှားအသင်းနှင့် ယှဉ်ပြိုင်ကစားရာ ပထမပိုင်းပွဲချိန်တွင်ပင် အင်ဒိုနီးရှားအသင်းက...

လွိုင်ကော်စက်မှုဇုန်အတွင်း စက်မှုလုပ်ငန်းများ ပြန်လည်လည်ပတ်နေ

ကယားပြည်နယ် လွိုင်ကော် စက်မှုဇုန်အတွင်း လမ်းများအဆင့်မြှင့်တင်ဖောက်လုပ်နေပြီး စက်မှုလုပ်ငန်းများ ပြန်လည်လည်ပတ်လုပ်ကိုင်နေကြောင်း သိရသည်။ ယမန်နေ့က ကယားပြည်နယ် အစိုးရအဖွဲ့က ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများကို ပြည်နယ်ဝန်ကြီးဦးဇော်မျိုးတင်က သွားရောက်ကြည့်ရှုကြောင်း...

သံဖြူဇရပ်မြို့နယ် ပငစံပြကျေးရွာတွင် မွန်ညီညွတ်ရေးပါတီ၏ အောင်နိုင်ရေးဆိုင်းဘုတ်...

မွန်ညီညွတ်ရေးပါတီက သံဖြူဇရပ်မြို့နယ် ပငစံပြကျေးရွာတွင် မွန်ညီညွတ်ရေးပါတီ၏ အောင်နိုင်ရေးဆိုင်းဘုတ်တင်ပွဲ အခမ်းအနားကို ယနေ့ ဒီဇင်ဘာ (၁၃) ရက် နံနက် (၈) နာရီအချိန်၌...
HomeInternationalဂျပန်က တစ်ပတ်ရစ် ဖျက်သင်္ဘောများကို...

ဂျပန်က တစ်ပတ်ရစ် ဖျက်သင်္ဘောများကို ဖိလစ်ပိုင်သို့ တင်ပို့မည်

             
တရုတ်နိုင်ငံ၏ ပင်လယ်ရေကြောင်း ချဲ့ထွင်မှုကို ဟန့်တားကာကွယ်ရာတွင် ဖိလစ်ပိုင်ကို ခိုင်မာအားကောင်းစေရန်အတွက် တစ်ပတ်ရစ် ရေတပ်ဖျက်သင်္ဘောများကို ဂျပန်က တင်ပို့သွားမည်ဖြစ်ကြောင်း ယိုမီယူရီသတင်းစာက တနင်္ဂနွေနေ့တွင် သတင်းဖော်ပြခဲ့သည်။
          
တင်ပို့မည့်အစီအစဉ်တွင် ဂျပန်ရေကြောင်း ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့တွင် ဆယ်စုနှစ်သုံးခုကျော် တာဝန်ပေးခဲ့သည် Abukuma အတန်းအစား ဖျက်သင်္ဘော ခြောက်စင်းပါဝင်မည်ဖြစ်ကြောင်း အမည်မဖော်သည့် အစိုးရသတင်းရင်းမြစ်များစွာကို ကိုးကား၍ ဂျပန်နေ့စဉ်သတင်းစာ ယိုမီယူရီက ဖော်ပြခဲ့သည်။
          
ဂျပန်ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး နာကာတာနီနှင့် ဖိလစ်ပိုင်ကာကွယ်ရေးဝန်ကြီး ဂီလ်ဘာတို တီအိုဒိုရိုတို့ ပြီးခဲ့သည့်လက စင်ကာပူတွင် တွေ့ဆုံကြစဉ် ဖျက်သင်္ဘောများ တင်ပို့ရေးကို သဘောတူခဲ့ကြခြင်းဖြစ်သည်ဟု ယိုမီယူရီက ဆိုခဲ့ကာ ဖိလစ်ပိုင်စစ်တပ်သည် အပြီးသတ်ကြိုတင်ပြင်ဆင်မှု တစ်စိတ်တစ်ပိုင်းအဖြစ် ယခုနွေရာသီတွင် ဖျက်သင်္ဘောများကို စစ်ဆေးရန် စီစဉ်ထားကြောင်းလည်း ဖော်ပြခဲ့သည်။
          
ယင်းသတင်းနှင့်ပတ်သက်၍ ဂျပန်ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက မှတ်ချက်ပေးရန် ငြင်းဆိုခဲ့သည်။ ဖိလစ်ပိုင်စစ်တပ် ပြောရေးဆိုခွင့်ရှိသူနှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနတို့ကလည်း ရိုက်တာသတင်းဌာန၏ မှတ်ချက်ပေးရန် တောင်းဆိုမှုကို လတ်တလောတွင် တုန့်ပြန်ဖြေကြားခဲ့ခြင်း မရှိသေးပေ။
            
ဖိလစ်ပိုင်နှင့် သက်ဆိုင်သော တောင်တရုတ်ပင်လယ်၊ ဂျပန်နှင့် သက်ဆိုင်သော အရှေ့တရုတ်ပင်လယ် ရေပြင်များတွင် ပေကျင်း၏ အတင့်ရဲသော လုပ်ရပ်များ တိုးမြင့်လာခြင်းဆိုင်ရာ စိန်ခေါ်မှုနှင့် ရင်ဆိုင်နေရသည်ဟု တိုကျိုနှင့် မနီလာတို့က ပြောဆိုသည်။
           
နှစ်နိုင်ငံစစ်ရေးပူးပေါင်းဆောင်ရွက်မှုတွင် ပူးတွဲစစ်ရေးလေ့ကျင့်မှုများ၊ ဂျပန်ရေဒါ ပံ့ပိုးရေးအစီအစဉ်နှင့် အဆင့်အမြင့်အရာရှိအဆင့် မဟာဗျူဟာမြောက် ဆွေးနွေးပွဲများ ပါဝင်သည်။ ပြီးခဲ့သည့်နှစ်တွင် တပ်ဖွဲ့များ အပြန်အလှန်ဝင်ရောက်ခွင့်ပြုရေး သဘောတူညီချက်ကို နှစ်နိုင်ငံလက်မှတ်ရေးထိုးခဲ့ပြီး အာရှတွင် ပထမဆုံးအကြိမ်အဖြစ် ဂျပန်သည် အခြားတိုင်းပြည်တစ်ခု၏ မြေပေါ်တွင် ၎င်း၏တပ်များကို ချထားခွင့်ပြုခဲ့သည်။
           
ဂျပန်ရေတပ်ဝက်ဘ်ဆိုက်တွင် ဖော်ပြထားချက်အရ Abukuma အတန်းအစားဖျက်သင်္ဘောသည် တန် ၂၀၀၀ အလေးချိန်ရှိ အတန်ငယ်သေးငယ်သော ဖျက်သင်္ဘောအမျိုးအစားဖြစ်ပြီး စံနှုန်းမြင့် ရွှေ့ပြောင်းခုတ်မောငးနိုင်ကာ သင်္ဘောသား ၁၂၀ ခန့်ဖြင့် စီမံခန့်ခွဲနိုင်သည်။ ယင်းသင်္ဘောများတွင် ရေငုပ်သင်္ဘောဖျက်နှင့် သင်္ဘောဖျက် ဒုံးကျည်များ၊ တော်ပီဒိုပြွန်များနှင့် လက်နက်များတပ်ဆင်ထားကြောင်း သိရသည်။

Ref: ယူအက်စ်နူးစ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ထိုင်းရောက်မြန်မာအလုပ်သမားအချို့ စာရွက်စာတမ်းအတုများဖြင့် လိမ်လည်တင်ပြ၍ လျော်ကြေးငွေတောင်းခံမှုများရှိနေ

ထိုင်းနိုင်ငံတွင်ရောက်ရှိ အလုပ်လုပ်ကိုင်နေစဉ်အတွင်း လုပ်ငန်းခွင်မတော်တဆမှုများအပါအဝင် အကြောင်းအမျိုးမျိုးကြောင့် ကွယ်လွန်ဆုံးပါးသွားပါက ရသင့်ရထိုက်သည့် လျော်ကြေးငွေရရှိနိုင်ရေးအတွက် လုပ်ဆောင်ပေးသော်လည်း စာရွက်စာတမ်းအတုများဖြင့် လိမ်လည်တင်ပြ၍ လျော်ကြေးငွေတောင်းခံမှုများရှိနေကြောင်း မြန်မာသံရုံး၊ ဗန်ကောက်မြို့ကအသိပေးထားသည်။ မြန်မာအလုပ်သမားများ ထိုင်းနိုင်ငံတွင်ရောက်ရှိ အလုပ်လုပ်ကိုင်နေစဉ်အတွင်း လုပ်ငန်းခွင်မတော်တဆမှုများအပါအဝင်အကြောင်းအမျိုးမျိုးကြောင့် ကွယ်လွန်ဆုံးပါးသွားပါက ထိုင်းနိုင်ငံအတွင်း ၎င်းတို့၏မိသားစုဝင်များမှ ရသင့်ရထိုက်သည့် လျော်ကြေးငွေရရှိနိုင်ရေးအတွက် ၎င်းတို့တင်ပြလာသော စာရွက်စာတမ်းများအား စိစစ်ပြီး မြန်မာသံရုံးမှ လျော်ကြေးတောင်းခံခြင်းထောက်ခံစာ ထုတ်ပေးလျက်ရှိသည်။ ယင်းသို့ ထုတ်ပေးလျက်ရှိရာတွင် အချို့သည် စာရွက်စာတမ်းများအတုများဖြင့် လိမ်လည်တင်ပြ၍ လျော်ကြေးငွေ တောင်းခံခြင်းအတွက်ထောက်ခံစာ လာရောက်လျှောက်ထားမှုများရှိနေကြောင်း တွေ့ရှိရသည်ဟုဆိုသည်။ ယင်းတွင် ထိုင်းနိုင်ငံ၌ ၃-၁၁-၂၀၂၅ ရက်နေ့က ယာဉ်မတော်တဆမှုကြောင့်...

ပွဲချိန်တွင်ပင် မြန်မာ – အင်ဒိုနီးရှား အမျိုးသမီးဖူဆယ်ပွဲစဥ် ပထမပိုင်းတွင် မြန်မာအသင်း (၃) ဂိုး ရှုံးနိမ့်နေ

ယနေ့ ဒီဇင်ဘာ (၁၃)ရက် ၊ မွန်းလွဲ (၁) နာရီအချိန်၌ ဆီးဂိမ်းပြိုင်ပွဲဝင် မြန်မာအမျိုးသမီးဖူဆယ်အသင်းသည် အင်ဒိုနီးရှားအသင်းနှင့် ယှဉ်ပြိုင်ကစားရာ ပထမပိုင်းပွဲချိန်တွင်ပင် အင်ဒိုနီးရှားအသင်းက ဦးဆောင်ဂိုး (၃) ဂိုးသွင်းယူထားပြီဖြစ်သည်။ ဆီးဂိမ်းပြိုင်ပွဲဝင် မြန်မာ့လက်ရွေးစင် အမျိုးသမီးဖူဆယ်အသင်းအနေဖြင့် အုပ်စုအဖွင့် ပွဲစဉ်ကို ယှဉ်ပြိုင်ကစားနေခြင်းဖြစ်ကာ ဒုတိယပိုင်းရလဒ်ကို ထပ်မံစောင့်ကြည့်ရမည့် အခြေအနေဖြစ်သည်။ မြန်မာအသင်းအနေဖြင့် ဒီဇင်ဘာ (၁၄) ရက်တွင် ဗီယက်နမ်အသင်းနှင့် အုပ်စုဒုတိယပွဲစဉ်အဖြစ် ယှဉ်ပြိုင်သွားရဦးမည်ဖြစ်သည်။ (၃၃) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲ၏ ဖူဆယ်ပွဲစဉ်များကို Channel 7, Reader Channel နှင့် HTV...

လွိုင်ကော်စက်မှုဇုန်အတွင်း စက်မှုလုပ်ငန်းများ ပြန်လည်လည်ပတ်နေ

ကယားပြည်နယ် လွိုင်ကော် စက်မှုဇုန်အတွင်း လမ်းများအဆင့်မြှင့်တင်ဖောက်လုပ်နေပြီး စက်မှုလုပ်ငန်းများ ပြန်လည်လည်ပတ်လုပ်ကိုင်နေကြောင်း သိရသည်။ ယမန်နေ့က ကယားပြည်နယ် အစိုးရအဖွဲ့က ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများကို ပြည်နယ်ဝန်ကြီးဦးဇော်မျိုးတင်က သွားရောက်ကြည့်ရှုကြောင်း သိရသည်။ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ ပြည်နယ်ဘဏ္ဍာရန်ပုံငွေဖြင့် ပြည်နယ်ဖွံဖြိုးမှုကြီးကြပ်ရေးရုံးမှ ဆောင်ရွက်သည့်လွိုင်ကော်စက်မှုဇုန် ကတ္တရာလမ်း ၈ လမ်း၊ စုစုပေါင်းအရှည် ၁၁၀၂၇ ပေဖောက်လုပ်ပြီးစီးနေပြီးဖြစ်ပြီး  ဇုန်အတွင်းရှိ ရွှေလွိင်ကော် အဆင့်မြင့်ပရိဘောဂစက်ရုံ ပြန်လည်လည်ပတ်နိုင်ရေး ပြင်ဆင်ဆောင်ရွက်နေမှု အခြေအနေများကိုလည်း ကြည့်ရူခဲ့ကြောင်း သိရသည်။ လုပ်ငန်းများ ယခုထက် ပိုမိုတိုးချဲ့လုပ်ကိုင်နိုင်ရေး၊ ကုန်ကြမ်းများပြတ်လပ်မှုမရှိစေရေးနှင့် ဈေးကွက်ရရှိရေးအတွက် သက်ဆိုင်ရာဌာနတာဝန်ရှိသူများက ကူညီဆောင်ရွက်ပေးရန်မှာကြားခဲ့ပြီး လုပ်ငန်းရှင်များ၏...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071