Monday, December 15, 2025

အိမ်အရောက်ပို့ (Door to Door)...

(၂၄) ပြည်ဆန်အိတ်များကို အိမ်အရောက်ပို့ (Door to Door) စနစ်ဖြင့် အိမ်ထောင်စု အရေအတွက်၂၆၇ ခုကို ဆန်အိတ်ရေ ၃၀၀ ကျော်ကို...

ငါးနှစ်အတွင်း ဘီလီယံ ၅၃၀၀ ကျော်...

၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ်ထိ စုစုပေါင်းတန်ဖိုးငွေကျပ် (၅၃၂၉) ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးနှင့် ဓါတုပစ္စည်းများကို မီးရှို့ဖျ-က်ဆီးနိုင်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ မှ သိရသည်။ ၂၀၂၁...

အကြမ်းဖက်အဖွဲ့က မန္တလေး-မတ္တရာ-သပိတ်ကျင်းသွားကားလမ်းပေါ်ရှိ သံကူကွန်ကရစ်တံတားကို မိုင်းခွဲဖျ-က်ဆီး

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ဇရပ်ကွင်းကျေးရွာအနီးရှိ မန္တလေး-မတ္တရာ- သပိတ်ကျင်းသွားကားလမ်းပေါ်ရှိ ဇရပ်ကွင်းကျေးရွာနှင့် လိပ်ကြကျေးရွာတို့အားဆက်သွယ်ထားသည့် ကျေးရွာချင်းဆက်သံကူကွန်ကရစ်တံတားအား အကြမ်းဖက်အဖွဲ့မှ ယနေ့ ဒီဇင် ဘာ ၁၄...

ပြည်ကြီးတံခွန်မြို့နယ်၌ မီးလေ-ာင်မှုဖြစ်ပွား

မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်၊ ၁၄၁ (C)လမ်းနှင့် ၆၇ လမ်းတွင် ယနေ့ ဒီဇင်ဘာ ၁၄ ရက်ည ၇ နာရီကျော်ခန့်ကမီးလေ-ာင်မှုဖြစ်ပွား၍ ပြည်ကြီးတံခွန်မြို့...
HomeNewsLocal Newsဘေးအန္တရာယ်ကြိုတင်ကာကွယ်ရန် AIနည်းပညာကို ARV...

ဘေးအန္တရာယ်ကြိုတင်ကာကွယ်ရန် AIနည်းပညာကို ARV အသုံးပြု

PTT Exploration and Production Plc ၏ လုပ်ငန်းဌာနာခွဲတစ်ခုဖြစ်သည့် AI နှင့် Robots Ventures Co (ARV) သည် ပြည်သူပိုင်အဖွဲ့အစည်းများအတွက် အခွန်ကောက်ခံခြင်းမှစတင်ပြီး သဘာဝဘေးအန္တရာယ် ကာကွယ်ရေးအထိ လုပ်ငန်းတာဝန်များစွာကို ဆောင်ရွက်နေသည့် Bedrock ဒေတာခွဲခြမ်းစိတ်ဖြာမှုဆော့ဖ်ဝဲကို ပြည်နယ်အေဂျင်စီများသို့ ပေးဆောင်ခြင်းဖြင့် ၎င်း၏လုပ်ငန်းကို တိုးတက်ကြီးထွားစေရန် ဉာဏ်ရည်တု AI နည်းပညာကို အသုံးပြုနေသည်။

Bedrock ကို ARV လုပ်ငန်းခွဲ Bedrock Analytics Co က တီထွင်ထုတ်လုပ်ထားပြီး Bedrock သည် အာဏာပိုင်များနှင့် နယ်ပယ်အသီးသီးတွင် ဒေတာများကို ပိုမိုကောင်းမွန်စွာ စီမံခန့်ခွဲရန်နှင့် မြို့ပြဖွံ့ဖြိုးတိုးတက်မှုအတွက် အာဏာပိုင်များကို ကူညီပေးရန်အတွက် ရည်ရွယ်သည့် ခေတ်မီသောမြို့ပြဒစ်ဂျစ်တယ်ဒေတာပလပ်ဖောင်းတစ်ခုဖြစ်သည်။

“ဒီဒေတာပလပ်ဖောင်းက တာဝန်ရှိသူတွေကို အခွန်တွက်ချက်မှုနဲ့ ကောက်ခံရာမှာ ကူညီပေးနိုင်ပါတယ်” ဟု Bedrock Analytics Co အကြီးတန်းစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုမန်နေဂျာ သန်နကုန်း အိမ်ဆက်ကူက ပြောကြားခဲ့သည်။

အများအားဖြင့် တာဝန်ရှိသူများသည် ဧရိယာနယ်ပယ်တစ်ခုတွင် အခွန်တွက်ချက်ခြင်းနှင့် ကောက်ခံခြင်းအတွက် လေးလကျော်ကြာ လုပ်ဆောင်ရလေ့ရှိသည်။ AI ဉာဏ်ရည်တု နည်းပညာကိုအခြေခံထား‌သော အဆိုပါဆော့ဖ်ဝဲအကူအညီဖြင့် အလုပ်ပြီးစီးအောင်လုပ်ဖို့ နာရီပိုင်းပဲလိုသည်ဟု သူကပြောသည်။

အဆိုပါလုပ်ဆောင်နိုင်မှုမြန်ဆန်ရခြင်းမှာ နယ်မြေတွင် တပ်ဆင်ထားသော စမတ်ကင်မရာများက ရိုက်ကူးထားသော ဓာတ်ပုံများနှင့် Geo-Informatics and Space Technology Development Agency က ပံ့ပိုးသော ဂြိုလ်တုဓာတ်ပုံများမှတစ်ဆင့်လည်း တစ်စိတ်တစ်ပိုင်း အရှိန်မြှင့်လုပ်ဆောင်နိုင်သည်။

ဆော့ဖ်ဝဲသည် ဆိုင်များ၏ ဆိုင်းဘုတ်များကို ခွဲခြမ်းစိတ်ဖြာနိုင်ပြီး ဆိုင်းဘုတ်ခွန်ကို လျင်မြန်စွာ တွက်ချက်နိုင်သည်။

“တချို့ဆိုင်ပိုင်ရှင်တွေက ဆိုင်းဘုတ်ခွန်ကို တစ်ခါမှ မပေးဆောင်ခြင်းတဲ့အတွက် အစိုးရအတွက် အခွန်ဝင်ငွေ ကျစေတယ်” ဟု မစ္စတာ သန်းနကုန်းက ပြောသည်။

ဆော့ဖ်ဝဲကို အသုံးပြုသည့် ဒေသဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့များသည် နှစ်စဉ် ၄.၇ ရာခိုင်နှုန်းသာတိုးတက်ခဲ့သော်လည်း ယခုအချိန်တွင် ၎င်းတို့၏ အခွန်ဝင်ငွေမှာ တစ်နှစ်လျှင် ၁၇ ရာခိုင်နှုန်း တိုးလာကြောင်း ၎င်းက ဆိုထားသည်။

Bedrock သည် သဘာဝဘေးအန္တရာယ်ကျရောက်နိုင်သော ဒေသများကို ဖော်ထုတ်နိုင်စေရန် မြို့ပြစီမံကိန်းရေးဆွဲရာတွင်လည်း အစိုးရကို ကူညီပေးနိုင်ပြီး အာဏာပိုင်များက အဆိုပါဒေသများတွင် နေထိုင်သူများကို သတိပေးချက်များ ထုတ်ပြန်နိုင်စေရန် အထောက်အကူပြုပါသည်။

Bedrock ကို ရေနှင့်မီတာဝန်ဆောင်မှုများ၊ တယ်လီကွန်းဆက်သွယ်ရေးဝန်ဆောင်မှုများနှင့် ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ အလုပ်အကိုင်များတွင်လည်း အသုံးချနိုင်သည်ဟု မစ္စတာ သန်းနကုန်းက ပြောကြားခဲ့သည်။
“ဒေတာခွဲခြမ်းစိတ်ဖြာမှုနှင့် AI ဉာဏ်ရည်တုနည်းပညာသည် ဒေသဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့များ၏ လုပ်ငန်းဆောင်တာများကို လွယ်ကူချောမွေ့စေမည်ဟု ကျွန်ုပ်တို့ယုံကြည်သည်” ဟု ၎င်းက ဆိုသည်။

“နည်းပညာက အရာရှိတွေဆီက အလုပ်တွေကို ခိုးယူမှာ မဟုတ်ပါဘူး။”ဟုလည်း သူက ပြောကြားထားသည်။
စီးပွားရေးနှေးတိုးတက်မှုကွေးနေသော်လည်း AI ဉာဏ်ရည်တုနည်းပညာအတွက် လိုအပ်ချက်၊ ဒေတာခွဲခြမ်းစိတ်ဖြာမှုနှင့် စက်ရုပ်စနစ်များသည် သိသိသာသာ တိုးတက်ကောင်းမွန်လာသောကြောင့်
အားကောင်း ခိုင်မာနေဆဲဖြစ်ကြောင်း ARV အထွေထွေမန်နေဂျာ မီလင်ဂျီရာပတ်စာ က ပြောကြားခဲ့သည်။

Ref: ဘန်ကောက်ပို့စ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အိမ်အရောက်ပို့ (Door to Door) စနစ်ဖြင့် ဆန်အိတ်ရေ ၃၀၀ ကျော် ရောင်းချပေးခဲ့

(၂၄) ပြည်ဆန်အိတ်များကို အိမ်အရောက်ပို့ (Door to Door) စနစ်ဖြင့် အိမ်ထောင်စု အရေအတွက်၂၆၇ ခုကို ဆန်အိတ်ရေ ၃၀၀ ကျော်ကို နှစ်ပတ်အတွင်း ရောင်းချပေးခဲ့ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ထုတ်ပြန်ထားသည်။ ရန်ကုန်မြို့တော် စည်ပင်သာယာ နယ်နိမိတ်အတွင်းရှိ အိမ်ထောင်စု အရေအတွက် စုစုပေါင်း (၂၆၇) ခုကို ရက် (၉၀) ဆန် ၅၉ အိတ်၊ ရွှေဘိုပေါ်ဆန်း ၁၉၀ အိတ်၊ ဧည့်မထဆန်၂၄ အိတ်၊ ဧရာဝတီပေါ်ဆန်း ကြားပျံ (ဆန်သစ်) ၂၉ အိတ်၊...

ငါးနှစ်အတွင်း ဘီလီယံ ၅၃၀၀ ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးနှင့် ဓါတုပစ္စည်းများ မီးရှို့ဖျ-က်ဆီးနိုင်ခဲ့

၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ်ထိ စုစုပေါင်းတန်ဖိုးငွေကျပ် (၅၃၂၉) ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးနှင့် ဓါတုပစ္စည်းများကို မီးရှို့ဖျ-က်ဆီးနိုင်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ မှ သိရသည်။ ၂၀၂၁ ခုနှစ်တွင် ၁၀၆၈ ဒသမ ၆၆ ဘီလီယံကျော်၊ ၂၀၂၂ ခုနှစ်တွင် ၁၁၈၈ ဒသမ ၈၂၈ ဘီလီယံကျော်၊ ၂၀၂၃ ခုနှစ်တွင် ၉၃၆ ဒသမ ၇၂၃ ဘီလီယံကျော်၊ ၂၀၂၄ ခုနှစ်တွင် ၁၁၆၃ ဒသမ ၆၄၈ ဘီလီယံကျော်၊ ၂၀၂၅ ခုနှစ်တွင် ၉၇၁...

အကြမ်းဖက်အဖွဲ့က မန္တလေး-မတ္တရာ-သပိတ်ကျင်းသွားကားလမ်းပေါ်ရှိ သံကူကွန်ကရစ်တံတားကို မိုင်းခွဲဖျ-က်ဆီး

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ဇရပ်ကွင်းကျေးရွာအနီးရှိ မန္တလေး-မတ္တရာ- သပိတ်ကျင်းသွားကားလမ်းပေါ်ရှိ ဇရပ်ကွင်းကျေးရွာနှင့် လိပ်ကြကျေးရွာတို့အားဆက်သွယ်ထားသည့် ကျေးရွာချင်းဆက်သံကူကွန်ကရစ်တံတားအား အကြမ်းဖက်အဖွဲ့မှ ယနေ့ ဒီဇင် ဘာ ၁၄ ရက်နံနက်ပိုင်းကမိုင်းခွဲဖျ-က်ဆီးခဲ့ကြကြောင်း သိရသည်။ အကြမ်းဖက်အဖွဲ့ဝင်များသည် လုံခြုံရေးအဖွဲ့ဝင်များအား စတင်ပစ်ခတ်တိုက်ခိုက်ပြီးနောက် လုံခြုံရေးအဖွဲ့ဝင်များကပြန်လည်ပ-စ်ခတ်ရာထွက်ပြေးချိန်၌ တံတားအရှည်(၈၀)ပေ၊ အကျယ်(၁၅)ပေရှိ ကျေးရွာချင်းဆက် သံကူကွန်ကရစ်တံတားအား မိုင်းထောင်ဖေ-ာက်ခွဲခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။ ထို့ကြောင့် တံတားအောက်ခြေတိုင်များပြိုကျပျ-က်စီးခဲ့သဖြင့် လူနှင့် ယာဉ်များဖြတ်သန်းသွားလာမရဖြစ်နေ၍ လုံခြုံရေးအဖွဲ့ဝင်များက အကြမ်းဖက်ချေမှုန်းရေးစစ်ဆင်ရေးကို ဆက်လက်ဆောင်ရွက်လျက်ရှိပြီး ပျ-က်ဆီးခဲ့သည့်တံတားအား ပုံမှန်အတိုင်းပြန်လည်အသုံးပြုနိုင်ရန် တာဝန်ရှိသူများနှင့်အတူဆောင်ရွက်နိုင်ရေးပြုလုပ်လျက်ရှိကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071